nptdc title

Language »  English | Myanmar

ကျန်းမာရေးဌာန

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။စားသောက်ဆိုင်များ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသောက်ဆိုင်လုပ်သားများ ကျန်းမာရေးစစ်ဆေးခြင်း၊
၂။အစားအသောက်ကိုင်တွယ်ရောင်းချသူများ၏ နှာတို့ရည်၊ လက်တို့ရည် နမူနာယူ၍ အစာအဆိပ်သင့်စေသော ပိုးမွှားများရှိ/မရှိ စစ်ဆေးခြင်း၊
၃။စစ်ဆေးပြီးစားသောက်ဆိုင်နှင့် ဆိုင်လုပ်သားများအား ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း၊
၄။စီးပွားရေးလုပ်ငန်းများအား ကျန်းမာရေးဘေးအန္တရာယ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထောက်ခံချက်ကဒ်များ ထုတ်ပေးခြင်း၊
၅။စျေးများစစ်ဆေးခြင်း၊ စျေးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရောင်းချသော အစားအသောက်များတွင် ဆိုးဆေး ပါ/မပါ စစ်ဆေးခြင်း၊ ရက်လွန်အစားအသောက်များ ဆေးဝါးများရှိ/မရှိ စစ်ဆေးခြင်း၊
၆။ကျောင်းတွင်စျေးဆိုင်များ သန့်ရှင်းရေးနှင့်အစားအသောက်များ စစ်ဆေးခြင်း၊
၇။သောက်ရေသန့်ရောင်းချမှု၊ ထုတ်လုပ်မှုများစစ်ဆေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရန် ကလိုရင်းဆေးဝါးများ ခတ်ပေးခြင်း၊
၈။ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း။

အခြားဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

မြို့တော်သန့်ရှင်း၊သာယာ၊လှပရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊
နေပြည်တော်တိုင်းကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ အစား အစာများတွင် စားအုန်းဆီပါဝင်မှု၊ ဆိုးဆေးပါဝင်မှုများစစ်ဆေးခြင်း၊ အိုင်အိုဒင်းဆားပါဝင်မှုများ စစ်ဆေး
ခြင်း၊ ရက်လွန်ဆေးဝါးရောင်းချမှုများစစ်ဆေးခြင်း။ ၄င်းဌာနများမှကျင်းပသော ပြည်သူလူထုကျန်းမာရေးဆိုင်ရာ အစည်းအဝေးများ တက်ရောက်၍ ပူးပေါင်းဆောင်ရွက်
ခြင်း။

စည်ပင်ဆေးခန်းများဖွင့်လှစ်ကြီးကြပ်ခြင်းလုပ်ငန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် နေပြည်တော်နယ်မြေ ဝန်ထမ်းအိမ်ယာ ရပ်ကွက်အသီးသီး၌ နေထိုင်ကြသောနိုင်ငံဝန်ထမ်းများနှင့်မှီခိုသူ
မိသားစုဝင်၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ရပ်ကွက်ကြီးတစ်ခုစီတွင် စည်ပင်ဆေးခန်းတစ်ခုကျစီ တည်ဆောက်ဖွင့်လှစ်ထားရှိပြီး ၎င်းဆေးခန်း
များတွင် အထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်များ၊ တိုင်းရင်းဆေး သမားတော်များမှ လူနာများကို နေစဉ်ကြည့်ရှုကုသပေးနိုင်ရန် စီမံ
ကြီးကြပ်လျက်ရှိပါသည်။ထို့အပြင် ၎င်းဆေးခန်း များတွင် ဆေးဆိုင်ဖွင့်လှစ်ရောင်းချလိုသူများကိုလည်း ဖွင့်လှစ်ရောင်းချခွင့်ပြုပေးလျက်ရှိသည်။

ရည်ရွယ်ချက်

  • ရပ်ကွက်နေနိုင်ငံဝန်ထမ်းများနှင့် ပြည်သူလူထုအနေဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမှီနိုင်စေရန်၊
  • ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သောအခြေခံအဆောက်အဦကဏ္ဍကို မိမိတို့မှ ဖြည့်ဆည်းပေးထားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှ
    သက်သာသောနှုန်းထားဖြင့် ကုသနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာစေရန်၊
  • ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် (ဥပမာ- ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း)၊
  • နိုင်ငံ့ဝန်ထမ်းဆရာဝန်များအနေဖြင့်လည်း အားလပ်ချိန်များတွင်လူနာများကိုကြည့်ရှုကုသ ပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးတိုးတက်လာ
    စေရန်။

လုပ်ဆောင်မှုများ

၁။နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အောက်ပါရပ်ကွက်ကြီးများတွင် ဆေးခန်းများဖွင့်လှစ်ထားရှိထားပါသည်-
(က)ဘောဂသိဒ္ဓိရပ်ကွက်(၁)
( ခ )ဘောဂသိဒ္ဓိရပ်ကွက်(၂)
( ဂ )ဗလသိဒ္ဓိရပ်ကွက်
(ဃ)ဓနသိဒ္ဓိရပ်ကွက်
( င )ဉာဏသိဒ္ဓရပ်ကွက်
( စ )ဝဏ္ဏသိဒ္ဓိရပ်ကွက်
(ဆ)သုခသိဒ္ဓိရပ်ကွက်
( ဇ )ပညာသိဒ္ဓိရပ်ကွက်
၂။ကျန်းမာရေးဌာနအနေဖြင့်အဆိုပါဆေးခန်းများတွင်ဆေးကုသမှုပေးလိုသူ အထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်များ၊ တိုင်း
ရင်းဆေးသမားတော်များ၏ ဆေးခန်းထိုင်ရန်ဆန္ဒပြုလွှာတို့ကို လက်ခံခြင်း၊ လစ်လပ်ဆရာဝန်နေရာများကြေငြာခြင်း၊ ဆေးခန်းထိုင်ခွင့်ရသူများ
ကိုအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အတည်ပြုခြင်း၊ အဆိုပါဆရာဝန်များထဲမှ တာဝန်ခံဆရာဝန်များ ရွေးချယ်အတည်ပြုခြင်း၊ အပတ်စဉ်လူနာ
စာရင်းတောင်းခံခြင်းနှင့် အပတ်စဉ် ပြုစုကုသမှုခံယူသောလူနာစာရင်းတင်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၃။၎င်းအပြင် ဆေးဆိုင်ဖွင့်လှစ်လိုသူများစိစစ်ခွင့်ပြုပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
၄။ဆေးခန်းထိုင်ခွင့်ရသူ၊ ဆေးဆိုင်ဖွင့်ခွင့်ရသူများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိကိုလည်း စီမံကြီးကြပ်ပေးလျက်ရှိပါသည်။

စည်ပင်ဆေးခန်းများတွင် ဆေးကုသခွင့်ရရှိသူများနှင့်ဆေးဆိုင်ခန်းဖွင့်လှစ်ခွင့်ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှုအောက်ရှိရပ်ကွက်ဆေးခန်းများတွင် ဆေးကုသခွင့်ရရှိသူများနှင့်ဆေးဆိုင်ဖွင့်လှစ်ခွင့်ရရှိသူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-
(က)ဆေးခန်းဖွင့်လှစ်ချိန်များကို စနစ်တကျသတ်မှတ်ပြီး အချိန်မှန်ဆေးကုသရမည်။ ဆေးခန်းဖွင့်ချိန်ကို အများပြည်သူမြင်သာအောင် ကြော်ငြာထားပေးရမည်၊
(ခ)ဆေးခန်းအဆောက်အအုံနှင့်ဘေးပတ်ဝန်းကျင်မီးဘေးလုံခြုံရေး၊သန့်ရှင်း၊သပ်ရပ်၊သာယာ၊လှပရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရမည်၊
(ဂ)ဆေးခန်း၊ဆေးဆိုင်အတွင်းရှိပရိဘောဂနှင့်အခြားပစ္စည်းများကို ရိုသေစွာကိုင်တွယ်ရမည်။ ပျက်စီးဆုံးရှုံးပါက ကာလတန်ဖိုးအတိုင်း ပေးလျော်ရမည်၊
(ဃ)ဆေးခန်းတွင် ရေ၊ မီးလိုင်းသွယ်တန်းဆောင်ရွက်လိုပါက ကျန်းမာရေးဌာနသို့တရားဝင် အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းခံရမည်၊
(င)ဆေးကုသခွင့်ရရှိသူများနှင့် ဆေးဆိုင်ခန်းဖွင့်လှစ်ခွင့်ရရှိသူများသည် အခြားသူများထံသို့မိမိသဘောအရ လွှဲပြောင်းပေးခြင်းမပြုရ၊
(စ)ဆေးကုသခွင့်ရရှိသူများနှင့် ဆေးဆိုင်ခန်းဖွင့်လှစ်ခွင့်ရရှိသူများ၏ အမည်ပြောင်းလိုပါကကျန်းမာရေးဌာနသို့ တရားဝင်လျှောက်ထားရ
မည်၊
(ဆ)(၆)လထက်ကျော်လွန်၍ ဆေးကုသခြင်းမပြုလုပ်ပါက ၎င်းဆေးခန်း၌ ဆေးကုသခွင့်ရုပ်သိမ်းခြင်းခံရမည်၊
(ဇ)ဆေးခန်းနှင့်ဆေးဆိုင်များတွင် ညအိပ်ခြင်း၊ နေထိုင်ခြင်းမပြုရ၊
(ဈ)ဆေးခန်းလူနာစာရင်းကို အပတ်စဉ် တင်ပြရန်အတွက် ဆေးခန်းထိုင်သူများမှ မိမိတို့၏(၁)ပတ်စာလူနာစာရင်းကိုတာဝန်ခံ ဆရာဝန်မှတဆင့်ကျန်းမာရေးဌာနသို့ တနင်္လာနေ့နံနက်(၁ဝ:ဝဝ)နာရီ အရောက် ပေးပို့ရမည်၊
(ည)ကျန်းမာရေးဌာနမှ ခွင့်ပြုထားသော အခန်းတွင်သာ ဆေးကုသမှု၊ ဆေးရောင်းချမှု၊ ဓါတ်ခွဲပစ္စည်းလက်ခံမှု ဆောင်ရွက်ရမည်။ အခြားအ
ခန်းလွတ်များအတွင်း ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခြင်းမပြုရ၊
(ဋ)ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်သည့်အခါ အစစ်ဆေးခံနိုင်ရမည်၊
(ဌ)ကျန်းမာရေးဌာနမှ အစည်းအဝေးဖိတ်ကြားလျှင် မပျက်မကွက် တက်ရောက်ရမည်၊
(ဍ)ဆေးခန်းနှင့်ဆေးဆိုင်များအတွင်း မူးယစ်သေစာသောက်စားခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ အပျော်အပါးလိုက်စားခြင်း လုံးဝမပြုလုပ်ရ၊
(ဎ)ဆေးခန်း/ဆေးဆိုင်များအတွင်း ထူးခြားဖြစ်စဉ်များရှိပါက ကျန်းမာရေးဌာနသို့ အချိန်နှင့် တပြေးညီ အကြောင်းကြားရမည်၊
(ဏ)နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာထုတ်ပြန် သော စည်းကမ်းချက်များကို လိုက်နာရမည်၊
(တ)အထက်ပါစည်းကမ်းချက်များကိုမလိုက်နာပါက နေပြည်တော်စည်ပင် သာယာရေး ဥပဒေပုဒ်မ ၂၆ အရ ထိရောက်စွာ အရေးယူခြင်းခံရ
မည်။

တာဝန်ခံဆရာဝန်၏တာဝန်ဝတ္တရားများ

(က)တာဝန်ခံဆရာဝန်သည် ဆေးခန်းအဆောက်အအုံနှင့် ဘေးပတ်ဝန်းကျင်မီးဘေးလုံခြုံရေး၊သန့်ရှင်း၊သပ်ရပ်၊ သာယာ၊ လှပရေးကိစ္စရပ်များကို ဦးစီးဆောင်ရွက်ရမည်၊
(ခ)ဆေးခန်းတွင်း ပရိဘောဂပစ္စည်းများ (စားပွဲ၊ ထိုင်ခုံ၊ ဗီရို) နှင့် အခြားပစ္စည်းများအား စစ်ဆေးထိန်းသိမ်းခြင်း၊ပျက်စီးမှုများကိုအပတ်စဉ်သတင်း
ပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမည်၊
(ဂ)ကျန်းမာရေးဌာနမှတာဝန်ရှိသူများ လာရောက်သည့်အခါ အစစ်ဆေးခံနိုင်ရမည်၊
(ဃ)ဆေးခန်းလူနာစာရင်းကို အပတ်စဉ်တင်ပြရန်အတွက် ဆေးခန်းထိုင်သူများမှ မိမိတို့၏ (၁)ပတ်စာလူနာစာရင်းကိုအထွေထွေရောဂါကုဆရာဝန်
များ၏ တာဝန်ခံဆရာဝန်မှ တစ်ဆင့်ကျန်းမာရေးဌာနသို့ တနင်္လာနေ့နံနက် (၁ဝ:ဝဝ)နာရီအရောက် ပေးပို့ရမည်။ (၃)ကြိမ်ထက်ကျော်လွန်
၍လူနာစာရင်းပေးပို့ရန်ပျက်ကွက်ပါကတာဝန်ခံဆရာဝန်အားလိုအပ်သလို အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။
(င)ကျန်းမာရေးဌာနမှ အစည်းအဝေးဖိတ်ကြားလျှင် မပျက်မကွက်တက်ရောက်ရမည်၊
(စ)ဆေးခန်း/ဆေးဆိုင်များအတွင်း ထူးခြားဖြစ်စဉ်များရှိပါကကျန်းမာရေးဌာနသို့ အချိန်နှင့်တပြေးညီ အကြောင်းကြားရမည်၊
(ဆ)တာဝန်ခံဆရာဝန်၏ တာဝန်ဝတ္တရားများကို လစဉ်အလှည့်ကျထမ်းဆောင်လိုပါက ဌာနသို့လစဉ်သတင်းပေးပို့၍ ဆောင်ရွက်နိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆေးခန်းပစ္စည်းစာရင်းများအား စနစ်တကျ လွှဲပြောင်း/လက်ခံစာအုပ်ထားရှိ ဆောင်ရွက်ရမည်။

ဆေးခန်းထိုင်ရန်လျှောက်ထားခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ဖွင့်လှစ်ထားရှိသော ရပ်ကွက် ဆေးခန်းများ၌ လစ်လပ်နေရာများတွင် ဆေးခန်းထိုင်လိုသူ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန် များ၊ တိုင်းရင်းဆေးသမားတော်များအနေဖြင့်
  • Cover Letter (ဆေးခန်းထိုင်လိုကြောင်းဆန္ဒပြုလွှာ)၊
  • CV Form၊
  • ဆမ မိတ္တူ၊
  • ဝန်ထမ်းကဒ်မိတ္တူ၊
  • တာဝန်ထမ်းဆောင်ရာဌာနအကြီးအကဲထောက်ခံချက်တို့ကိုယူဆောင်၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနသို့ လူကိုယ်တိုင်လာရောက်
    လျှောက်ထားနိုင်ပါသည်။ ကျန်းမာရေးဌာနမှ ၎င်းလျှောက်လွှာများကို လက်ခံရယူပြီး လျှောက်ထားသည့် နေ့ရက်အစဉ်တိုင်းနှင့် ၎င်းတို့လျှောက်ထားသောဆေးခန်း
    များတွင် ဆရာဝန်လစ်လပ်မှုအနေထားတို့ကိုစိစစ်၍ ဆေးခန်းထိုင်ခွင့် ရရှိသူတို့ကို အတည်ပြုကြေငြာပေးမည်ဖြစ်ပါသည်။။

မြို့တော်ခန်းမ နေ့အရေးပေါ်ဆေးခန်းနှင့်ဇေယျသိဒ္ဓိဝန်ထမ်းအိမ်ရာ(အခမဲ့)ဆေးခန်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်း များနှင့်ဝန်ထမ်းမိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့တော်ခန်းမ  နေ့အရေးပေါ် ဆေးခန်းနှင့်ဇေယျသိဒ္ဓိဝန်ထမ်းအိမ်ရာဆေးခန်းတို့တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးလျက် ရှိပါသည်။
ထို့ပြင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အသင်းတို့နှင့်ပူးပေါင်း၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး
ခြင်းလုပ်ငန်း၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက် မှု၊ အမျိုးသမီးများအား ကျန်းမာရေးဗဟုသုတပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ
သည်။