nptdc title

Language »  English | Myanmar

အခွန်ဌာန

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ကူးတို့အကောက်များကောက်ခံခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း၊
၂။မော်တော်ယာဉ်များအား မြို့၀င်ကြေးခွန်နှင့် တန်ပိုဒဏ်ကြေးများ ကောက်ခံခြင်း၊
၃။ အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များကောက်ခံခြင်း၊
၄။ အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်းများနှင့် အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများ ဖွင့်လှစ်ခြင်း။
၅။ယာဉ်ရောင်း၀ယ်ရေးစခန်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များ ကောက်ခံခြင်း၊
၆။ယာဉ်မောင်းသင်ကွင်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များကောက်ခံခြင်း၊
၇။ကော်မတီပိုင်မြစ်ချောင်းများ၏ ကမ်းနားနယ်နိမိတ်တွင် ယာယီစုပုံနေရာသတ်မှတ် နေရာချထားပေးခြင်း၊
၈။ပုဂ္ဂလိကအသေးစားချေးငွေလုပ်ငန်းများစိစစ်၍ လိုင်စင်ထုတ်ပေးခြင်း၊
၉။မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန် ငါးပိ၊ ငါးခြောက်လုပ်ငန်းများကို ဇုန်သတ်မှတ်၍ စနစ်တကျထူထောင်ပေးခြင်း၊
၁၀။တံတားများအခွန်ကောက်ခံမှုလုပ်ငန်းဆောင်ရွက်ခြင်း၊
၁၁။ကော်မတီက အခါအားလျှော်စွာ သတ်မှတ်ပေးသည့်လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ခြင်း

လုပ်ငန်းတာဝန်များအပေါ်ဆောင်ရွက်နေမှုများ-

၁။နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနသည် နေပြည်တော်စည်ပင်သာယာရေးဥပဒေအရ အခွန်၊ အခများရရှိစေရေးအတွက် မြို့ဝင်ကြေး ဘီးကောက်များ၊ ကူးတို့အကောက်များအား ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်း၊လုပ်ထုံးလုပ်နည်း၊အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ နှစ်စဉ်လေလံစနစ်ဖြင့် လိုင်စင်ချထားကောက်ခံလျက်ရှိပါသည်-
(က)မြို့ဝင်ကြေး ဘီးကောက်ဂိတ်များ အနေဖြင့် နေပြည်တော်သို့ အဝင်နယ်နိမိတ်အစပ်နေရာ(၆)နေရာတို့တွင်တည်ရှိပြီး တန်ပိုဒဏ်ကြေးကောက်ခံ သည့်ဂိတ်(၁)ဂိတ်လည်း ရှိပါသည်။
(ခ)ကူးတို့အကောက်များ အနေဖြင့် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပေါင်းလောင်းမြစ်အား ဖြတ်ကူးသည့် ကူးတို့လုပ်ငန်း(၄)ခု ဖြင့် ကောက်ခံဆောင်ရွက် လျက်ရှိပါသည်။
၂။အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းနှင့် ခရီးသည်တင်ယာဉ်ရပ်နားစခန်းအနေဖြင့် ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအား အောက်ပါအတိုင်းတည်ထောင်ဖွင့်လှစ်ထားပါသည်-

ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း

(က)စတင်ဖွင့်လှစ်သည့်နေ့- ၈.၁၂.၂၀၀၆
(ခ)တည်နေရာ-နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့်ပျဉ်းမနားမြို့ရှောင်လမ်းတို့ဆုံရာတွင် တည်ရှိပါသည်။
(ဂ)အကျယ်အဝန်း- (၉၅.၈၂) ဧက
(ဃ)ဆိုင်ခန်းအမျိုးအစား- အောက်ပါအတိုင်းဆိုင်းခန်းပေါင်း(၄၁၁)ခန်းရှိပါသည်-
စဉ် အမျိုးအမည် အကျယ်အဝန်း(စတုရန်းပေ) ရှိရင်း နေရာချပြီး လစ်လပ် တန်ဘိုး
(ကျပ်သိန်း)
(၁) ပွဲရုံခန်း(RC ၂ထပ်) ၁၂၀၀(အောက်) ၂၁၀ ၂၀၅ ၅၅၀
၆၀၀(အပေါ်)
(၂) ကားဂိတ်ခန်း(RC ၂ထပ်) ၁၀၀၀(အောက်) ၉၆ ၉၆ - ၄၀၀
၄၃၂(အပေါ်)
(၃) စားသောက်ဆိုင်ခန်း(RC ၁ထပ်) ၁၂၀၀ ၃၆ ၃၆ - ၂၀၀
(၄) ယာဉ်ပြင်အလုပ်ရုံ(သွပ်မိုးကွန်ကရစ်ခင်း အုတ်နံကပ်) ၁၆၈၀ ၅၉ ၅၉ - ၂၀၀
(၅) ရေဆေးခုံနှင့်အလုပ်ရုံ(သွပ်မိုးကွန်ကရစ်ခင်း အုတ်နံကပ်) ၈၄၀ ၁၀ ၁၀ - ၂၀၀
(င)အထက်ပါပွဲရုံဆိုင်ခန်းလစ်လပ်(၅)ခန်းအား(၁)ခန်းလျှင် ဆိုင်ခန်းတန်ဘိုးငွေကျပ် (၅၅၀)သိန်းဖြင့် အခွန်ဌာနသို့ လျှောက်ထားဝယ်ယူနိုင်ပါသည်၊