nptdc title

Language »  English | Myanmar

အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။မြို့နေလုပ်သားပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စီမံကိန်းများထားရှိ ဆောင်ရွက်ခြင်း၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်ငန်းများနှင့်အညီ စီမံဆောင်ရွက်ခြင်း၊
၂။ရေလှောင်ကန်ကြီးများ၊ ရေတွန်းစက်ကြီးများ၊ ရေစုပ်စက်ကြီးများနှင့် အဝီစိတွင်းများအား ပြုပြင်မွမ်းမံ ထိန်းသိမ်းလည်ပတ်၍ ရေဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခြင်း၊
၃။တရားမဝင်ရေဆက်သွယ်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်း၊
၄။ရေမီတာတပ်ဆင်ခြင်းနှင့် ရေဖိုးရေခကောက်ခံခြင်း၊
၅။ရေအားနည်းသောရပ်ကွက်များတွင် ရေပိုမိုရရှိနိုင်ရန် ရေပိုက်လိုင်းများချေးဆေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ သင့်လျော်သည့်နေရာများတွင် ရေလှောင်ကန်များနှင့် ထပ်ဆင့်ရေတွန်း စက်များဆောက်လုပ်ခြင်း၊ ရေလှောင်ကန် များမှ ရေလွှတ်ချိန်ကိုအလှည့်ဖြင့် စီမံစေလွှတ်ခြင်း၊
၆။ရေပြုန်းတီးမှုများနှင့် ရေဖြုန်းတီးမှုကာကွယ်ရေးအတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်းနှင့် ရေပိုက် ပေါက်နေခြင်းကို နှိုးဆော်စာထုတ်၍ ပြုပြင်ဆောင်ရွက်ခြင်း၊
၇။ကော်မတီပိုင် ရေပေးရေးစနစ်မှ ယာယီ၊ အပြီးသတ်၊ အိမ်ဟောင်း၊ ဆင့်ပွားရေ ဆက်သွယ်ခြင်း၊ ရေပို ဆက်သွယ်ခြင်း၊ ရေပိုက် ပြောင်းရွှေ့သွယ်ယူ ခြင်း၊ ရေပိုက်ချေးဆေးခြင်းနှင့် ရေစုပ် စက်တပ်ဆင်ခြင်းများပြုလုပ်ခွင့်ကို ဌာနမှသတ်မှတ်ထားသည့်လျှောက်လွှာပုံစံများဖြင့် လျှောက်လွှာတွင်ဖော်ပြထားသော ရေသွယ်မှုအမျိုးအစားအလိုက် သတ်မှတ်ထားသည့်စာရွက် စာတမ်းများပြည့်စုံစွာ ပူးတွဲဖြည့်စွက်ပြီး လိုင်စင်ရ ပိုက်ဆက်သူမှ တာ၀န်ယူဆောင်ရွက်မည့်အကြောင်း ပူးတွဲတင်ပြသည့်စာရွက်စာတမ်းများ မှန်ကန်ကြောင်း ၀န်ခံချက်များနှင့်အတူသက်ဆိုင်ရာမြို့နယ်တာ၀န်ခံ၊ ခရိုင် အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးတင်ပြချက် များအပေါ် စိစစ်ခွင့်ပြုခြင်း၊
၈။နေပြည်တော်သို့ ဖြန့်ဝေပေးနေသော သောက်သုံးရေများ၏ ရေအရည်အသွေးအား သိရှိနိုင်ရန် ကာလအပိုင်း အခြားသတ်မှန်၍ အဏုဇီဝနည်းဖြင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း။
၉။ချောင်းမကြီးဆည်မှ ရေပို့ပိုက်မကြီးများအား ချေးဆေးခြင်း၊ ပိုက်သရိုးကိုင်ခြင်း၊ ပိုက်ဆက်များကို စစ်ဆေးပြုပြင်ဆောင်ရွက်ခြင်း၊
၁၀။ချောင်းမကြီးဆည် စက်နှင့်စက်ရုံများ၏ လုံခြုံရေးကို ဆောင်ရွက်ခြင်း၊
၁၁။ရေပို့ပိုက်လိုင်းများ၌ လိုအပ်သည့်နေရာများတွင် ပိုက်ကျော်ခုံးတံတားများ တည်ဆောက်ခြင်း၊
၁၂။နေပြည်တော်နေပြည်သူများအတွက် သောက်သုံးရေ ရရှိစေရန် ပေးပို့ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ဒေသများ၊ မြို့ဆင်ခြေဖုံးရပ်ကွက်များတွင် အဝီစိ တွင်းများ တူးဖော်ပေးခြင်း၊
၁၃။ရေပိုက်နှင့်စက်ပစ္စည်း ကိရိယာများ၊ ရေစုပ်စက်များ၊ စက်အရန် ပစ္စည်းများ၊ ကလိုရင်းဆေးရည်၊ ကျောက်ချဉ်နှင့် လိုအပ်သော ဓါတုပစ္စည်းများ၊ ပြည်တွင်းပြည်ပမှ မှာယူခြင်း၊ စနစ်တကျကိုင်တွယ်သုံးစွဲရန် စီမံညွှန်ကြားခြင်း၊
၁၄။ချောင်းမကြီးရေတွန်းစက် လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊
၁၅။ရေတွန်းစက်ကြီးများချို့ယွင်းပျက်စီးသည့်အခါ အမြန်ဆုံးပြင်ဆင်ခြင်း၊ စက်အပိုပစ္စည်းများစက်ရုံတွင် တီထွင် ကြံဆ ထုတ်လုပ်ဆောင်ရွက်ခြင်း၊
၁၆။မီးငြိမ်းသတ်ရေးအတွက် လိုအပ်သည့်မီးသတ်ပိုက်ခေါင်းများ၊ မီးသတ်ရေတိုင်များ တိုးချဲ့တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် မြေစိုက်ကန်များကိုလည်း ထိန်းသိမ်းပြုပြင်ခြင်း၊
၁၇။ရေပေးရေးလုပ်ငန်းအတွက်လိုအပ်သော ကြိုတင်အားဖြည့်ကွန်ကရစ်ပိုက်များ၊ အထူးပိုက်များနှင့်အခြားလုပ်ငန်း သုံး ကွန်ကရစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊
၁၈။မြို့ဆင်ခြေဖုံးရပ်ကွက်များရှိ ယင်မလုံအိမ်သာအစား ယင်လုံအိမ်သာ၊ ရေလောင်းအိမ်သာစနစ်ဖြင့် အသုံးပြုရေး ကို စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊
၁၉။မိလ္လာစက်များ၊ ရေမှုတ်စက်များနှင့် ရေဆိုးသန့်စင်စက်များအား လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊
၂၀။မြို့နေပြည်သူလူထုမှစွန့်ပစ်သော မိလ္လာအညစ်အကြေးများကို ရေဆိုးသန့်စင်စနစ်ဖြင့်စွန့်ပစ်နိုင်ရန် နေပြည်တော် ရှိလေမှုတ်စက်ရုံကြီးအား နေ့စဉ်မှန်မှန်လည်ပတ်၍ ရေဆိုးသန့်စင် စက်ရုံသို့ မိလ္လာရေများရောက်ရှိအောင် စီမံဆောင်ရွက်ခြင်း၊
၂၁။မိလ္လာပိုက်များ၊ မိလ္လာပိုက်လိုင်းများပိတ်ဆို့မှု၊ ယိုစိမ့်မှုများမရှိစေရန်နှင့် စွန့်ပစ်အညစ်အကြေးများကြောင့် မြေထု၊ ရေထုနှင့် လေထုညစ်ညမ်းမှုမဖြစ်စေရန်နှင့် ပြည်သူလူထုကျန်းမာရေး ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်ခြင်း၊
၂၂။မိလ္လာပြွန်စနစ်တို့ဖြင့် သက်ဆိုင်သောတည်ဆောက်ရေး၊ ထိန်းသိမ်းရေး၊ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
၂၃။မြို့တော်အတွက်လိုအပ်လျက်ရှိသော ရေပေးဝေရေး၊ ရေအရင်းအမြစ်သစ်ရှာဖွေရေး၊ မိလ္လာပြွန်၊ မိလ္လာကန်စနစ် တိုးချဲ့လုပ်ကိုင်ရေးစသည့်စီမံကိန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက်စီမံချက်များ ရေးဆွဲထားရှိ ပြီးကော်မတီသို့ တင်ပြအတည်ပြုချက်ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
၂၄။ယာယီအိမ်သာ၊ မိလ္လာကန်ဆောက်လုပ်ခြင်းနှင့် မိလ္လာပြွန်ဆက်သွယ်ခြင်းများပြုလုပ်ခွင့်ကိုဌာနမှ သတ်မှတ်ထား သည့် လျှောက်လွှာပုံစံဖြင့် လျှောက်လွှာတွင် ဖော်ပြထားသော သတ် မှတ်ထားသည့်စာရွက်စာတမ်းများ ပြည့်စုံစွာ ပူးတွဲဖြည့်စွက်ပြီး လိုင်စင်ရပိုက်ဆက်သူက တာဝန်ယူဆောင်ရွက်မည့်အကြောင်း ပူးတွဲတင်ပြမည့်စာရွက် စာတမ်းများ မှန်ကန်ကြောင်း ၀န်ခံချက်များနှင့်အတူ သက်ဆိုင်ရာမြို့နယ်တာဝန်ခံ၊ ခရိုင်အင်ဂျင်နီယာ၊ သန့်ရှင်းမှုဌာနမှ အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် စိစစ်ခွင့်ပြုခြင်း၊
၂၅။လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်စဉ်တိုးတက်မှုရှိစေရန် နှစ်တိုနှစ်ရှည်စီမံကိန်းများ ရေးဆွဲတင်ပြခြင်း၊ ဘတ်ဂျက်ရေးဆွဲ တင်ပြတောင်းခံခြင်း၊ သုံးစွဲခြင်း၊ ဝင်ငွေကောက်ခံရရှိမှု စိစစ်ခြင်း၊
၂၆။ကော်မတီပိုင်ငွေနှင့်ပစ္စည်းလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်တားဆီးခြင်း၊
၂၇။ရေလှောင်ကန်ကြီးများမှ တိုက်ရိုက်ရေဖြန့်ဖြူးနိုင်ခြင်းမရှိသော မြို့နယ်များအား အဝီစိတွင်းများတူးဖော်ခြင်း စသည့်ရေဖြန့်ဖြူးခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း၊
၂၈။ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ သာမန်လုပ်ငန်းများအတွက် သာမန်/ ငွေလုံးငွေရင်း စသည့်အသုံးစရိတ်များအား ခန့်မှန်းခြေရေးဆွဲတင်ပြတောင်းခံခြင်းနှင့် စနစ်တကျသုံးစွဲစေခြင်းများအား စီမံဆောင်ရွက်ခြင်း၊
၂၉။နှစ်စဉ်ကျင်းပ ပြုလုပ်သည့် ရာသီအလိုက်ပွဲတော်များတွင် ရေရရှိရေး လုပ်ငန်းအပြင် သီးခြားတာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများအား ကျေပွန်စွာ အချိန်နှင့်တပြေးညီ စီမံဆောင် ရွက်ခြင်း၊
၃၀။ရေပေးဝေခြင်းနှင့်မိလ္လာစွန့်ပစ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မပြတ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော ကိရိယာများ၊ စက်အရန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ ရရှိစေရေး အတွက် စီမံဆောင်ရွက်ခြင်း၊
၃၁။ကော်မတီပိုင်ငွေနှင့်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကာကွယ်တားဆီးနိုင်ရန် စီမံဆောင်ရွက်ခြင်း။

ရေလှောင်ကန်ကြီးများ၏ လုပ်ငန်းတာဝန်များ

( ၁ )ရေလှောင်ကန်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
( ၂ )ရေဝေရေလဲ သစ်တောများပြုစုပျိုးထောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
( ၃ )ကြည်လင်သန့်ရှင်း၍ အဆင့်အတန်းမှီသော သောက်သုံးရေရရှိစေရန် ကလိုရင်း၊ ကျောက်ချဉ်နှင့်ဓါတုဗေဒဆေး များခပ်ခြင်း၊
( ၄ )ကန်ရေချိန်၊ မိုးရေချိန်ပို့လွှတ်ရေပမာဏများကို နေ့စဉ်တိုင်းတာခြင်း၊
( ၅ )ရေလှောင်ကန်ကြီးများရှိ ရေတွန်းစက်ကြီးများမောင်းနှင်ခြင်း၊ရေတွန်းစက်ကြီးများ၊ထရန်စဖော်မာများ၊စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းကိရိယာများအား ကြံ့ခိုင်မှုရှိစေရန် ဆောင် ရွက်ခြင်း၊
( ၆ )ကန်ရေပြင်များ သန့်ရှင်းစေရန် ရေပြင်အတွင်းမှ မှော်၊ ဒိုက်၊ ဗေဒါစသည်များ ဆယ်ထုတ်ခြင်း၊
( ၇ )ရေလှောင်ကန်ကြီးများအတွင်းရှိ ရေပေးရေးဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတားများအား ပြုပြင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာ တိုးချဲ့ဆောက်လုပ်ခြင်း၊

ရေပေးရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

( ၁ )ရေပို့ပိုက်မကြီးများ၊ ရေအားဖြည့်ပိုက်လိုင်းများ၊ ရေဖြန့်ဝေပိုက်များ ကြံ့ခိုင်မှုအတွက် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေတိုးချဲ့ဖြန့်ဝေမှုအတွက် အသစ်ဆက်သွယ်ခြင်း၊
( ၂ )မြို့နယ်များအတွင်းရှိ ရေအားဖြည့်ရေတွန်းစက်များ မောင်းနှင်ပေးခြင်း၊
( ၃ )ရေလှောင်ကန်ကြီးများမှ တိုက်ရိုက်ရေပို့ပိုက်လိုင်းမရှိသော မြို့နယ်များတွင် အဝီစိတွင်းများမှ ရေကိုဖြန့်ဝေပေး ခြင်း၊
( ၄ )ကြည်လင်သန့်ရှင်းအဆင့်မီသော သောက်သုံးရေရရှိရေးအတွက် ကလိုရင်း၊ ကျောက်ချဉ်နှင့်ဓါတုဆေးများ ထပ်မံခပ်ခြင်း၊
( ၅ )အဆောက်အအုံများသို့ ဆက်သွယ်ယူထားသောပိုက်များမှ ရေပိုက်ပေါက်ခြင်းစသည့် ရေဖြုန်းတီးမှုမရှိစေရေး အတွက် ဆောင်ရွက်ခြင်း၊
( ၆ )အများသုံးသောက်ရေကန်များ၊ မီးသတ်ပိုက်ခေါင်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
( ၇ )တရားမဝင်ရေဆက်သွယ်မှုများ မရှိစေရန်စိစစ်ဆောင်ရွက်ခြင်း၊
( ၈ )အဆောက်အအုံများသို့ရေသွယ်ခြင်း၊ မိလ္လာပြွန်ဆက်သွယ်ခြင်းနှင့် မိလ္လာကန်တည်ဆောက်ခြင်းတို့ကို စိစစ်ခွင့် ပြုခြင်း၊

လျှပ်စစ်နှင့်စက်မှုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

( ၁ )ရေကူရေတွန်းစက်နှင့် အားဖြည့်ရေတွန်းစက်ကြီးများ မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊
( ၂ )ရေတွန်းစက်ကြီးများ၊ ထရန်စဖော်မာကြီးများနှင့် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ၏ အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ခြင်း၊
( ၃ )အဝီစိတွင်းသစ်များတူးခြင်းနှင့် တွင်းဟောင်းများပြုပြင်ထိန်းသိမ်းခြင်း၊
( ၄ )စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊
( ၅ )ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်းခြင်း၊
( ၆ )လျှပ်စစ်နှင့်စက်မှုဆိုင်ရာအရန်ပစ္စည်းများနှင့် ခေတ်မီစက်ပစ္စည်းများဝယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း၊

အထောက်အကူပြုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

( ၁ )လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ၊ အရန်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊
( ၂ )ရေနမူနာများရယူခြင်း၊ ရေအရည်အသွေးများ ဓါတ်ခွဲစမ်းသပ်ခြင်း၊ နေ့စဉ်ရေဖြန့်ဝေ ပေးလျက်ရှိသော သောက် သုံးရေအရည်အသွေးများ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊
( ၃ )အင်ဂျင်နီယာလုပ်ငန်းများအတွက် ခေတ်မီနည်းစနစ်ဖြင့်လိုအပ်သောပုံစံထုတ်ခြင်း၊ ပိုက်လိုင်းပုံစံများရေးဆွဲခြင်း၊ ပစ္စည်းစာရင်းများတွက်ချက်ခြင်း၊
( ၄ )မြေပုံနှင့်ပုံစံများမှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ လိုအပ်သောရုံးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
( ၅ )ရေအရင်းအမြစ်ရှာဖွေခြင်း၊ စီမံကိန်း၊ စီမံချက်များရေးဆွဲခြင်း၊
( ၆ )စဉ်ဆက်မပြတ်လုပ်ငန်းခွင်သင်တန်းများပေးခြင်းနှင့် ပြည်တွင်းပြည်ပခေတ်မီနည်းပညာသင်ကြားနိုင်ရေး စီစဉ် တင်ပြဆောင်ရွက်ခြင်း၊

အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

( ၁ )ရေဖိုးရေခများကောက်ခံနိုင်ရေးဆောင်ရွက်ခြင်း၊ စာရင်းဇယားများထိန်းသိမ်းခြင်း၊
( ၂ )ဝင်ငွေများလက်ခံအပ်နှံခြင်း၊ သုံးငွေများစိစစ်ထုတ်ပေးခြင်း၊
( ၃ )နှစ်တိုနှစ်ရှည်စီမံကိန်းများ၊ သာမန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ်ခန့်မှန်းခြေစာရင်းများ တွက်ချက်ရေးဆွဲခြင်း၊
( ၄ )ဝန်ထမ်းရပိုင်ခွင့်များ ဆောင်ရွက်ပေးခြင်း၊
( ၅ )ဝန်ထမ်းများစည်းကမ်းလိုက်နာရေး ဆောင်ရွက်ခြင်း၊
( ၆ )ဝန်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊

သန့်ရှင်းမှုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

( ၁ )မိလ္လာပြွန်လိုင်းများပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းခြင်း၊ ပြုပြင်ခြင်း၊
( ၂ )လေမှုတ်စက်များ၊ မိလ္လာစက်အိမ်များ မောင်းနှင်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊
( ၃ )မိလ္လာပြွန်၊ မိလ္လာကန်စနစ် တိုးချဲ့လုပ်ကိုင်ရန် စီမံကိန်းများ၊ စီမံချက်များရေးဆွဲခြင်း၊
( ၄ )မြို့တော်အင်္ဂါရပ်နှင့်အညီ မိလ္လာစွန့်ပစ်မှုစနစ်များ တိုးတက်ကောင်းမွန်စေရေးအတွက် တီထွင်ကြံဆ ဆောင်ရွက်ခြင်း၊
( ၅ )လုပ်ငန်းသုံးပစ္စည်းများ၊ စက်အရန်ပစ္စည်းနှင့်ခေတ်မီစက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း၊