nptdc title

Language »  English | Myanmar

အင်ဂျင်နီယာဌာန (အဆောက်အအုံ)

အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ ကော်မတီနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများနှင့်ပတ်သက်၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီလျှောက်ထားစေခြင်း၊ စစ်ဆေးခြင်း၊ ဆောက်လုပ်ခွင့်အမိန့်ပေးခြင်း၊ရပ်ဆိုင်းခြင်း၊ ငြင်းပယ်ခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်း၊
၂။ ကော်မတီပိုင်မြေများပေါ်တွင် အဆောက်အအုံအစိတ်အပိုင်းများ ကျူးကျော်ခြင်းကို စစ်ဆေးခြင်း၊ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦကို ဖြိုဖျက်စေခြင်း၊ ဖယ်ရှားစေခြင်း၊ အရေးယူခြင်း၊
၃။ ကော်မတီပိုင်မြေပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံထားရှိခြင်းကို စစ်ဆေးခြင်း၊ အခွန်စည်းကြပ်ကောက်ခံခြင်း၊
၄။ ကြော်ငြာဆိုင်းဘုတ်များကို စိစစ်ခွင့်ပြုခြင်း၊ အခွန်အခများ စည်းကြပ်ကောက်ခံခြင်း၊ ဟောင်းနွမ်းသောဆိုင်းဘုတ်များ အသစ်ပြုလုပ်စေခြင်း၊ဖယ်ရှားစေခြင်း၊
၅။ ကော်မတီအတွက်နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲရာတွင် ဆောက်လုပ်ရေးကဏ္ဍကို ရေးဆွဲတင်ပြခြင်း၊
၆။ မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊
၇။ နေပြည်တော်မြို့တော်အား ခေတ်မီမြို့ပြစီမံကိန်းများချမှတ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊
၈။ အဆောက်အဦဆောက်လုပ်ရန်ခွင့်ပြုချက်ရယူမှုမရှိသော (သို့မဟုတ်) ခွင့်ပြုပုံစံနှင့်ညီညွတ်မှုမရှိသောအဆောက်အအုံများကို ပယ်ဖျက်ခြင်း၊ တရားစွဲဆိုခြင်း၊
၉။ အင်ဂျင်နီယာလိုင်စင်များ စိစစ်ထုတ်ပေးခြင်း၊
၁၀။ တည်ဆောက်ရေးလုပ်ငန်းခွင်များ စနစ်တကျရှိစေရန်စစ်ဆေးကြပ်မတ်ခြင်း၊
၁၁။ အန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံဟောင်းများကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းရန် တင်ပြဆောင်ရွက်ခြင်း၊

ပုံစံ/ခွင့်ပြုဌာနခွဲ၏လုပ်ငန်းတာဝန်များ

၁။ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း၌ အဆောက်အအုံများ၊ ခြံစည်းရိုးများအသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အဆောက်အအုံများ သတ်မှတ်ကာလအတွင်းမပြီးစီး၍ ဆက်လက်ဆောက်လုပ်ခွင့်ရရှိရန် သက်တမ်းတိုး ခြင်း၊ ဌာနမှခွင့်ပြုမိန့်ပေးထားသော စာရွက်စာတမ်းများအား မိတ္တူမှန်ကူးယူလျှောက်ထားခြင်းတို့ကို စိစစ်ဆောင်ရွက်ခြင်း၊
၂။ ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ပြီးစီးသော အဆောက်အအုံများအား ပြီးစီးကြောင်းသက်သေခံလက်မှတ်လျှောက် ထားခြင်းကို စိစစ်၍ ထုတ်ပေးခြင်း။