nptdc title

Language »  English | Myanmar

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

အထူးကုပြင်ပလူနာဌာန

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနအနေဖြင့် သင်နှင့်သင့်မိသားစုအား နွေးထွေးပျူငှာစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုများအား သက်သာသောနှုန်းထားဖြင့် (၂၄)နာရီပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မည်သူမဆို အောက်ဖော်ပြပါ ကျန်းမာရေးဝန်ဆောင်မှုများအား လွတ်လပ်စွာ ဆွေးနွေး-စစ်ဆေး- ကုသမှုများ ဆောင်ရွက်နိုင်ပါသည်။

၁။ အောက်ပါအထူးကုဆရာဝန်ကြီးများဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူနိုင်ပါသည်-

(က) အထွေထွေရောဂါကုအထူးကုဆရာဝန်ကြီးများ
(ခ) နှလုံးအထူးကုဆရာဝန်ကြီးများ
(ဂ) ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ
(ဃ) ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ
(င) အသည်းအထူးကုဆရာဝန်ကြီးများ
(စ) အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ
(ဆ) မျက်စိအထူးကုဆရာဝန်ကြီးများ
(ဇ) နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ
(စျ) သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ
(ည) အရေပြားအထူးကုဆရာဝန်ကြီးများ
(ဋ) ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများ
(ဌ) ကလေးအထူးကုဆရာဝန်ကြီးများ

၂။ အောက်ပါခွဲစိတ်ကုသမှုများအား သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများဖြင့်ခွဲစိတ်ကုသနိုင်ပါသည်-

(က) သမာရိုးကျထွေထွေခွဲစိတ်ကုသခြင်း
(ခ) ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ အဆင့်မြင့်ခွဲစိတ်ကုသခြင်း (Key Hole Surgery) (အူအတက်ရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း၊ ကျောက်တည်ခြင်း၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာနှင့် လိပ်ခေါင်း)
(ဂ) ဦးနှောက်ခွဲစိတ်ကုသခြင်း
(ဃ) မျက်စိခွဲစိတ်ကုသခြင်း
(င) မျက်စိနှင့်ကိုယ်အင်္ဂါအစားထိုးပြုပြင်ခွဲစိတ်ကုသခြင်း
(စ) အရိုးရောဂါများခွဲစိတ်ကုသခြင်းနှင့် အဆင့်မြင့် တင်ပါးဆုံအစားထိုးခြင်း၊ ဒူးဆစ်အစားထိုးခြင်း
(ဆ) ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသခြင်း
(ဇ) ကင်ဆာရောဂါများ ခွဲစိတ်ကုသပေးခြင်း

၃။ သားဖွားမီးယပ်ဆိုင်ရာရောဂါများ ကုသပေးခြင်း

(က) ရိုးရိုးကလေးမွေးဖွားခြင်း
(ခ) ခွဲစိတ်ကလေးမွေးဖွားခြင်း
(ဂ) အမျိုးသမီးရောဂါ (မီးယပ်ရောဂါ) အမျိုးမျိုးကုသခြင်း၊ ခွဲစိတ်ကုသခြင်း
(ဃ) အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း၊
(င) မွေးကင်းစကလေးကြပ်မတ်ကုသပေးခြင်း

၄။ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များအား မိမိစိတ်ကြိုက်ရွေးချယ်စစ်ဆေးနိုင်ပါသည်-

(က) အခြေခံ (Silver Package) ကျန်းမာရေးစစ်ဆေးပေးခြင်း
(ခ) အဆင့်မြင့် (Gold Package) စစ်ဆေးပေးခြင်း
(ဂ) အထူးအဆင့်မြင့် (Diamond) စစ်ဆေးပေးခြင်း

(၅)ပြည်ပဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးအား နိုင်ငံတကာအဆင့်မီ ဆေးရုံတစ်ခုဖြစ်စေရန် ရည်မှန်းချက်နှင့် အညီ စင်ကာပူနိုင်ငံ Parkway Hospitals Group ဖြင့် တိုးတက်လာသော ဆေးပညာရပ်ပိုင်းဆိုင်ရာများ နှီးနှောဖလှယ်ခြင်း၊ လူနာများ၏ ကျန်းမာရေးစောင့်ရှောက်မှုအား ပူးပေါင်းဆောက်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU)အား (၂၂-၆-၂ဝ၁၃)ခုနှစ်တွင် ပထမအကြိမ်ကိုလည်းကောင်း၊ (၂၈-၆-၂ဝ၁၄) ရက်နေ့တွင် ဒုတိယအကြိမ်ကိုလည်းကောင်း စာချုပ်ချုပ်ဆို၍ အောက်ပါကျန်းမာရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်-

စင်ကာပူနိုင်ငံ Parkway Hospitals Group နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတို့ ပူးပေါင်း၍ လည်ပင်းကြီးရောဂါဝေဒနာရှင်များအား ကုသမှုပေးခြင်း
စဉ် ရက်စွဲ လူနာပေါင်း(ဦးရေ) ပူးပေါင်းဆောင်ရွက်ကုသပေးသည့်ဆရာဝန်ကြီးများ
၈-၈-၂၀၁၃ မှ ၁၀-၈-၂၀၁၃ (၁၂)ဦး Dr.Goh Yau Hong(Mount Elizabeth Hospital) ၊
ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး)
၁၃-၂-၂၀၁၄ မှ ၁၄-၂-၂၀၁၄ (၁၀)ဦး Dr.Goh Yau Hong(Mount Elizabeth Hospital) ၊
Dr.Kim Sung Wan(Mount Elizabeth Hospital)
၈-၈-၂၀၁၄ မှ ၉-၈-၂၀၁၄ (၆)ဦး Dr.Goh Yau Hong(Mount Elizabeth Hospital) ၊
ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး)
၂၇-၁၁-၂၀၁၄ မှ ၂၈-၁၁-၂၀၁၄ (၈)ဦး Dr.Goh Yau Hong(Mount Elizabeth Hospital) ၊
ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး)

စင်ကာပူနိုင်ငံ Parkway Hospitals Group နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတို့ ပူးပေါင်း၍ အစာအိမ်အူလမ်းကြောင်းဝေဒနာရှင်များအား ကုသမှုပေးခြင်း
စဉ် ရက်စွဲ လူနာပေါင်း(ဦးရေ) ပူးပေါင်းဆောင်ရွက်ကုသပေးသည့်ဆရာဝန်ကြီးများ
၂၇-၁၁-၂၀၁၄ မှ ၂၈-၁၁-၂၀၁၄ (၂၇)ဦး Dr.Liu Hock Foong (Mount Elizabeth Hospital)၊
ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး)
၂၈-၁၁-၂၀၁၄ မှ ၂၉-၁၁-၂၀၁၄ (၅)ဦး Dr.Francis Seow-Choen(Fortis Surgical Hospital) ၊
Dr.Koh Poh Koon(Fortis Surgical Hospital)၊
ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး)
၂၃-၁-၂၀၁၅ မှ ၂၄-၁-၂၀၁၅ (၅)ဦး Dr.Charles Bih-Shou Tsang(Parkway Hospital) ၊
ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး)

စင်ကာပူနိုင်ငံ Parkway Hospitals Group နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတို့ ပူးပေါင်း၍ နှလုံးရောဂါဝေဒနာရှင်များအား ကုသမှုပေးခြင်း
စဉ် ရက်စွဲ လူနာပေါင်း(ဦးရေ) ပူးပေါင်းဆောင်ရွက်ကုသပေးသည့်ဆရာဝန်ကြီးများ
၂၇-၁၁-၂၀၁၄ မှ ၂၈-၁၁-၂၀၁၄ (၆၈)ဦး Dr.Bernard Kwok (Mount Elizabeth Hospital)
စင်ကာပူနိုင်ငံ Parkway Hospitals Group နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတို့ ပူးပေါင်း၍ (၁၃-၂-၂၀၁၄)မှ (၁၄-၂-၂၀၁၄)ရက်နေ့ထိ သွားနှင့်ခံတွင်းဝေဒနာရှင်များနှင့်အထွေထွေရောဂါဝေဒနာရှင်များအား ကြည့်ရှုကုသပေးခဲ့ပါသည်။
ဇမ္ဗူသီအထူးကုဆေးရုံကြီးနှင့်ဇမ္ဗူသီရိဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရဟန်းသံဃာတော်များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

၁။ ၁-၈-၂ဝ၁၂ မှ ၁၄-၈-၂ဝ၁၂ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သက်တော် (၈ဝ)နှင့်အထက် သံဃာတော်ကြီး(၉)ပါး
၂။ ၃-၃-၂ဝ၁၄ မှ ၂၆-၄-၂ဝ၁၄ ရက်နေ့ထိ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သက်တော် (၇ဝ)နှင့်အထက် သံဃာတော်ကြီး(၆၁)ပါး

ဇမ္ဗူသီအထူးကုဆေးရုံကြီးနှင့်ဇမ္ဗူသီရိဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အစိုးရဝန်ထမ်းများနှင့်ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
၁။ ၅-၅-၂ဝ၁၄ မှ ၇-၅-၂ဝ၁၄ ရက်နေ့ထိ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် (၁၈၉)ဦး
၂။ ၁ဝ-၈-၂ဝ၁၄ မှ ၁၉-၈-၂ဝ၁၄ ရက်နေ့ထိ ဝန်ကြီးဌာနအသီးသီးမှ မျက်စိဝေဒနာရှင် (၁၄၁၇)ဦးအား စမ်းသပ်ကြည့်ရှု၍ ခွဲစိတ်ရန်လိုအပ်သော
မျက်စိဝေဒနာရှင် (၁၃ဝ)ဦး
ပြည်ပမှ အထူးကုဆရာဝန်ကြီးများနှင့် စဉ်ဆက်မပြတ် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်း လုပ်ငန်းများဆောင်ရွက်မှု

၁။ ၉-၃-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ Parkyaw Hospitals မှ Dr. Vicent Lai (အသည်းအထူးကုဆရာဝန်ကြီး) မှ နောက်ဆုံးပေါ်အသည်းရောဂါ ကုထုံးများအကြောင်း
၂။ ၃ဝ-၃-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ Parkyaw Hospitals မှ Dr. Leong Jern Lin (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး) မှ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာအကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ Dr. Stanley Chia (နှလုံးအထူးကုဆရာဝန်ကြီး)မှ နှလုံးရောဂါအကြောင်း
၃။ ၁၃-၇-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ Parkyaw Hospitals မှ Dr. Patricia Kho (ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး) မှ အူမကြီးကင်ဆာကုထုံးအကြောင်း
သိကောင်း စရာများကိုလည်းကောင်း၊ Dr. Lee Kim Shang (ဓာတ် ရောင်ခြည်ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီး)မှ ကင်ဆာရောဂါအား ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း အကြောင်း
၄။ ၁ဝ-၈-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ Mount Elizabeth Hospital မှ Dr. Goh Yau Hong (နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး)မှ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာအကြောင်း သိကောင်းစရာများအကြောင်း
၅။ ၂၈-၆-၂ဝ၁၄ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ Mount Elizabeth Hospital မှ Dr. Chuang Hsuan-Hung (နှလုံးအထူးကုဆရာဝန်ကြီး)မှ နှလုံးရောဂါအကြောင်း သိကောင်း စရာများကိုလည်းကောင်း၊ Dr. Chua Wei Han (မျက်စိအထူးကုဆရာဝန်ကြီး)မှ မျက်စိရေတိမ်ရောဂါအကြောင်း
ပြည်တွင်းမှ အထူးကုဆရာဝန်ကြီးများနှင့် စဉ်ဆက်မပြတ် ကျန်းမာရေးဆိုင်ရာအသိပညာပေး
ဟောပြောခြင်းနှင့် လူနာကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်မှု
၁။ ၁၃-၁ဝ-၂ဝ၁၃ ရက်နေ့တွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း
၂။ ၅-၇-၂ဝ၁၄ ရက်နေ့တွင် အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးခင်မောင်ဝင်းမှ အသည်းရောင်အသားဝါ (စီ)ပိုးအကြောင်းသိကောင်းစရာနှင့် နောက်ဆုံးပေါ်ကုထုံးအကြောင်း
၃။ ၁ဝ-၁ဝ-၂ဝ၁၄ ရက်နေ့တွင် အစာအိမ်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးသိန်းမြင့်မှ အစားအိမ်ရောဂါအကြောင်း
၄။ ၁၈-၈-၂ဝ၁၄ ရက်နေ့၊ လယ်ဝေးမြို့နယ်တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ
ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း
၅။ ၂၉-၁ဝ-၂ဝ၁၄ ရက်နေ့၊ ဥတ္တရသီရိမြို့နယ်တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ
ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း
၆။ ၂၃-၁၂-၂ဝ၁၄ ရက်နေ့၊ ပျဉ်းမနားမြို့နယ်တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ယုယုနိုင်မှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းကို လည်းကောင်း၊ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းမောင်မှ အမျိုးသမီးများအတွက်
သားဆက်ခြား နည်းအကြောင်း
၇။ ၁၇-၂-၂ဝ၁၅ ရက်နေ့၊ ဇမ္ဗူသီရိမြို့တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

ထူးခြားသောခွဲစိတ်အောင်မြင်မှု

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ မျက်နှာမေးရိုးနှင့် အလှအပဆိုင်ရာခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမင်းဇော်အောင်မှ အဆင့်လွန်ပါးစောင်းကင်ဆာဝေဒနာရှင် (၃)ဦးအား မြန်မာနိုင်ငံတွင်ပထမဆုံး အနေဖြင့် အသားဆိုင်အစားထိုး၊ ပြုပြင်၊ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။