nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင်ကြော အောင်မောဠိတောင်ညွန့်တွင် တည်ထားကိုးကွယ်လျက်ရှိသော
မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး

"မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည်

ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူ

ကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း

၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူ

ဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံး

ရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။"

၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီး သီတင်းသုံးစံမြန်းမည့်ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။

မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းအတွက် အောက်ပါလုပ်ငန်းများတွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့အထိ
အများပြည်သူများမှ ကျပ်သိန်းပေါင်း ၄၁၂၆၅.၀၄၆၁၄ တိတိ ကုသိုလ်ပြုပါဝင်လှူဒါန်းပြီးဖြစ်ပါသည်-

စဉ် အ‌ကြောင်းအရာ လှူဒါန်းနိုင်သည့်‌ငွေ လှူဒါန်းပြီး‌ငွေ
(ကျပ်သိန်း) (ကျပ်သိန်း)
သကျရံသီ ရုပ်ရှင်‌တော်မြတ်ကြီး ၁၇၉၇၅.၁၅၂၂၇ ၁၇၉၇၅.၁၅၂၂၇
ဂန္ဓကုဋိတိုက် ၇၃၂၂.၀၃ဝဝဝ ၇၃၂၂.၀၃ဝဝဝ
ပထမရင်ပြင်‌တော်နှင့် ဒုတိယရင်ပြင်‌တော်လုပ်ငန်း ၅၀၃၂.၂၅၇၈၀ ၅၀၃၂.၂၅၇၈၀
လှေကားလုပ်ငန်း ၂၇၀၇.၁၀၃၆၂ ၂၇၀၇.၁၀၃၆၂
Sand Bag R/Wall လုပ်ငန်း ၃၉.၃၆ဝဝဝ ၃၉.၃၆ဝဝဝ
‌မြေကြီးလုပ်ငန်း ၃၀၄၅.၀၀၀၀၀ ၃၀၄၅.၀၀၀၀၀
လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ၁၄၅၆.၁၉၃၆၀ ၁၄၅၆.၁၉၃၆၀
‌ရေ‌ပေး‌ဝေ‌ရေးလုပ်ငန်း ‌‌၇၂၄.၆၁၃၀၂ ၇၂၄.၆၁၃၀၂
နား‌နေ‌ဆောင်ဇရပ် ၃၁၅.၅၀၀၀၀ ၃၁၅.၅၀၀၀၀
၁ဝ ‌‌ညောင်ပင်ပလ္လင်လုပ်ငန်း ၁၁.၀၅၃၂၃ ၁၁.၀၅၃၂၃
၁၁ ရေမြောင်းလုပ်ငန်း ‌‌၂၅၀.၃၉၅၃၂ ၂၅၀.၃၉၅၃၂
၁၂ Ground Tank ၁၂၂.၁၄၉၂၀ ၁၂၂.၁၄၉၂၀
၁၃ ‌‌R Wall လုပ်ငန်း ၁၂၈၃.၉၇၇၅၇ ၁၂၈၃.၉၇၇၅၇
၁၄ သန့်စင်ခန်းလုပ်ငန်း ‌‌၆၂၂.၇၆၁၆၄ ၆၂၂.၇၆၁၆၄
၁၅ မြောက်ဘက်အတက်လမ်းပြုလုပ်ခြင်း ၁၃၆.၈၂၇၇၃ ၁၃၆.၈၂၇၇၃
၁၆ ‌‌ဂန္ဓကုဋီတိုက်အဝင် (Automatic Door) တပ်ဆင်ခြင်း ၁၄၈.၀၀၀၀၀ ၁၄၈.၀၀၀၀၀
၁၇ ခေါင်းလောင်းစင်လုပ်ငန်း ‌‌၇.၅၂၃၀၆ -
၁၈ ကဗျည်းကျောက်စာဆိုင်းဘုတ်လုပ်ငန်း ၅၃.၅၂၆၉၄ -
၁၉ ‌‌ပန်း၊ ဆီမီးဆိုင်၊ ဖိနပ်ဆိုင်၊ ဓါတ်ပုံဆိုင်၊ အမှတ်တရပစ္စည်းဆိုင် ၂၄၀.၀၀၀၀၀ -
၂၀ ဆက်သွယ်ရေးကြိုးရွှေ့ခြင်း ‌‌၆၅.၀၀၀၀၀ -
၂၁ Landscaping Work ၂၂၀.၀၀၀၀၀ -
၂၂ ‌‌အတွင်းမီးထပ်တိုးလုပ်ငန်းနှင့်လမ်းမီးတိုင်လုပ်ငန်း ၃၇၆.၅၃၅၀၀ -
၂၃ Landscaping ရေရရှိရေးနှင့် Public Toilet လုပ်ငန်း ‌‌၆၈.၃၇၃၂၈ -
၂၄ အလှူရှင်ကဗျည်းဆိုင်းဘုတ်လုပ်ငန်း ၄၅.၀၀၀၀၀ -
၂၅ ‌‌ဂေါပကနေအိမ် (၃)လုံး ၁၈၈.၆၈၉၀၀ -
၂၆ ဂေါပကရုံး ‌‌၁၄၁.၁၂၀၀၀ -
၂၇ နဝကမ္မအလှူငွေ ၇၂.၆၇၁၁၄ ၇၂.၆၇၁၁၄
‌‌စုစုပေါင်း ၄၂၅၉၈.၁၄၂၂၈ ၄၁၂၆၅.၀၄၆၁၄

ကုသိုလ်ပြုပါဝင်လှူဒါန်းလိုပါလျှင် ဖုန်း ၀၆၇-၄၁၄၂၉၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

  • ငွေလွှဲဖြင့်လှူဒါန်းလိုပါလျှင် နေပြည်တော်ဘဏ်လီမိတက်သို့ အောက်ပါဘဏ်များမှ ပေးပို့လှူဒါန်းနိုင်ပါသည်-
  • (က) ရိုးမဘဏ်
  • (ခ) ဧရာဝတီဘဏ်
  • (ဂ) ယူနိုက်တက်အမရဘဏ်
  • (ဃ)ကမ္ဘာ့ရတနာဘဏ်(မွေး/ရေဘဏ်)
  • (င) သမဝါယမဘဏ် (CB ဘဏ်)

ငွေလက်ခံသူနေရာတွင် - (မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးအလှူငွေစာရင်း) (002-01-051-00011678)
အကြောင်းအရာ - (မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းလုပ်ငန်း အလှူငွေလှူဒါန်းခြင်း)
ပေးပို့သူနေရာတွင် - ‌(အလှူရှင်၏အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံထည့်ပေးပါရန်)
မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး