၁၆။ | မီးငြိမ်းသတ်ရေးအတွက် လိုအပ်သည့်မီးသတ်ပိုက်ခေါင်းများ၊ မီးသတ်ရေတိုင်များ တိုးချဲ့တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် မြေစိုက်ကန်များကိုလည်း ထိန်းသိမ်းပြုပြင်ခြင်း၊ |
၁၇။ | ရေပေးရေးလုပ်ငန်းအတွက်လိုအပ်သော ကြိုတင်အားဖြည့်ကွန်ကရစ်ပိုက်များ၊ အထူးပိုက်များနှင့်အခြားလုပ်ငန်း သုံး ကွန်ကရစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ |
၁၈။ | မြို့ဆင်ခြေဖုံးရပ်ကွက်များရှိ ယင်မလုံအိမ်သာအစား ယင်လုံအိမ်သာ၊ ရေလောင်းအိမ်သာစနစ်ဖြင့် အသုံးပြုရေး ကို စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ |
၁၉။ | မိလ္လာစက်များ၊ ရေမှုတ်စက်များနှင့် ရေဆိုးသန့်စင်စက်များအား လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ |
၂၀။ | မြို့နေပြည်သူလူထုမှစွန့်ပစ်သော မိလ္လာအညစ်အကြေးများကို ရေဆိုးသန့်စင်စနစ်ဖြင့်စွန့်ပစ်နိုင်ရန် နေပြည်တော် ရှိလေမှုတ်စက်ရုံကြီးအား နေ့စဉ်မှန်မှန်လည်ပတ်၍ ရေဆိုးသန့်စင် စက်ရုံသို့ မိလ္လာရေများရောက်ရှိအောင် စီမံဆောင်ရွက်ခြင်း၊ |
၂၁။ | မိလ္လာပိုက်များ၊ မိလ္လာပိုက်လိုင်းများပိတ်ဆို့မှု၊ ယိုစိမ့်မှုများမရှိစေရန်နှင့် စွန့်ပစ်အညစ်အကြေးများကြောင့် မြေထု၊ ရေထုနှင့် လေထုညစ်ညမ်းမှုမဖြစ်စေရန်နှင့် ပြည်သူလူထုကျန်းမာရေး ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်ခြင်း၊ |
၂၂။ | မိလ္လာပြွန်စနစ်တို့ဖြင့် သက်ဆိုင်သောတည်ဆောက်ရေး၊ ထိန်းသိမ်းရေး၊ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ |
၂၃။ | မြို့တော်အတွက်လိုအပ်လျက်ရှိသော ရေပေးဝေရေး၊ ရေအရင်းအမြစ်သစ်ရှာဖွေရေး၊ မိလ္လာပြွန်၊ မိလ္လာကန်စနစ် တိုးချဲ့လုပ်ကိုင်ရေးစသည့်စီမံကိန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက်စီမံချက်များ ရေးဆွဲထားရှိ ပြီးကော်မတီသို့ တင်ပြအတည်ပြုချက်ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ |
၂၄။ | ယာယီအိမ်သာ၊ မိလ္လာကန်ဆောက်လုပ်ခြင်းနှင့် မိလ္လာပြွန်ဆက်သွယ်ခြင်းများပြုလုပ်ခွင့်ကိုဌာနမှ သတ်မှတ်ထား သည့် လျှောက်လွှာပုံစံဖြင့် လျှောက်လွှာတွင် ဖော်ပြထားသော သတ်
မှတ်ထားသည့်စာရွက်စာတမ်းများ ပြည့်စုံစွာ ပူးတွဲဖြည့်စွက်ပြီး လိုင်စင်ရပိုက်ဆက်သူက တာဝန်ယူဆောင်ရွက်မည့်အကြောင်း ပူးတွဲတင်ပြမည့်စာရွက် စာတမ်းများ မှန်ကန်ကြောင်း
၀န်ခံချက်များနှင့်အတူ သက်ဆိုင်ရာမြို့နယ်တာဝန်ခံ၊ ခရိုင်အင်ဂျင်နီယာ၊ သန့်ရှင်းမှုဌာနမှ အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် စိစစ်ခွင့်ပြုခြင်း၊ |
၂၅။ | လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်စဉ်တိုးတက်မှုရှိစေရန် နှစ်တိုနှစ်ရှည်စီမံကိန်းများ ရေးဆွဲတင်ပြခြင်း၊ ဘတ်ဂျက်ရေးဆွဲ တင်ပြတောင်းခံခြင်း၊ သုံးစွဲခြင်း၊ ဝင်ငွေကောက်ခံရရှိမှု စိစစ်ခြင်း၊ |
၂၆။ | ကော်မတီပိုင်ငွေနှင့်ပစ္စည်းလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်တားဆီးခြင်း၊ |
၂၇။ | ရေလှောင်ကန်ကြီးများမှ တိုက်ရိုက်ရေဖြန့်ဖြူးနိုင်ခြင်းမရှိသော မြို့နယ်များအား အဝီစိတွင်းများတူးဖော်ခြင်း စသည့်ရေဖြန့်ဖြူးခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း၊ |
၂၈။ | ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ သာမန်လုပ်ငန်းများအတွက် သာမန်/ ငွေလုံးငွေရင်း စသည့်အသုံးစရိတ်များအား ခန့်မှန်းခြေရေးဆွဲတင်ပြတောင်းခံခြင်းနှင့် စနစ်တကျသုံးစွဲစေခြင်းများအား စီမံဆောင်ရွက်ခြင်း၊ |
၂၉။ | နှစ်စဉ်ကျင်းပ ပြုလုပ်သည့် ရာသီအလိုက်ပွဲတော်များတွင် ရေရရှိရေး လုပ်ငန်းအပြင် သီးခြားတာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများအား ကျေပွန်စွာ အချိန်နှင့်တပြေးညီ စီမံဆောင် ရွက်ခြင်း၊ |
၃၀။ | ရေပေးဝေခြင်းနှင့်မိလ္လာစွန့်ပစ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မပြတ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော ကိရိယာများ၊ စက်အရန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ ရရှိစေရေး အတွက် စီမံဆောင်ရွက်ခြင်း၊ |
၃၁။ | ကော်မတီပိုင်ငွေနှင့်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကာကွယ်တားဆီးနိုင်ရန် စီမံဆောင်ရွက်ခြင်း။ |
ရေလှောင်ကန်ကြီးများ၏ လုပ်ငန်းတာဝန်များ
( ၁ ) | ရေလှောင်ကန်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ |
( ၂ ) | ရေဝေရေလဲ သစ်တောများပြုစုပျိုးထောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ |
( ၃ ) | ကြည်လင်သန့်ရှင်း၍ အဆင့်အတန်းမှီသော သောက်သုံးရေရရှိစေရန် ကလိုရင်း၊ ကျောက်ချဉ်နှင့်ဓါတုဗေဒဆေး များခပ်ခြင်း၊ |
( ၄ ) | ကန်ရေချိန်၊ မိုးရေချိန်ပို့လွှတ်ရေပမာဏများကို နေ့စဉ်တိုင်းတာခြင်း၊ |
( ၅ ) | ရေလှောင်ကန်ကြီးများရှိ ရေတွန်းစက်ကြီးများမောင်းနှင်ခြင်း၊ရေတွန်းစက်ကြီးများ၊ထရန်စဖော်မာများ၊စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းကိရိယာများအား ကြံ့ခိုင်မှုရှိစေရန် ဆောင် ရွက်ခြင်း၊ |
( ၆ ) | ကန်ရေပြင်များ သန့်ရှင်းစေရန် ရေပြင်အတွင်းမှ မှော်၊ ဒိုက်၊ ဗေဒါစသည်များ ဆယ်ထုတ်ခြင်း၊ |
( ၇ ) | ရေလှောင်ကန်ကြီးများအတွင်းရှိ ရေပေးရေးဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတားများအား ပြုပြင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာ တိုးချဲ့ဆောက်လုပ်ခြင်း၊ |
ရေပေးရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ
( ၁ ) | ရေပို့ပိုက်မကြီးများ၊ ရေအားဖြည့်ပိုက်လိုင်းများ၊ ရေဖြန့်ဝေပိုက်များ ကြံ့ခိုင်မှုအတွက် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေတိုးချဲ့ဖြန့်ဝေမှုအတွက် အသစ်ဆက်သွယ်ခြင်း၊ |
( ၂ ) | မြို့နယ်များအတွင်းရှိ ရေအားဖြည့်ရေတွန်းစက်များ မောင်းနှင်ပေးခြင်း၊ |
( ၃ ) | ရေလှောင်ကန်ကြီးများမှ တိုက်ရိုက်ရေပို့ပိုက်လိုင်းမရှိသော မြို့နယ်များတွင် အဝီစိတွင်းများမှ ရေကိုဖြန့်ဝေပေး ခြင်း၊ |
( ၄ ) | ကြည်လင်သန့်ရှင်းအဆင့်မီသော သောက်သုံးရေရရှိရေးအတွက် ကလိုရင်း၊ ကျောက်ချဉ်နှင့်ဓါတုဆေးများ ထပ်မံခပ်ခြင်း၊ |
( ၅ ) | အဆောက်အအုံများသို့ ဆက်သွယ်ယူထားသောပိုက်များမှ ရေပိုက်ပေါက်ခြင်းစသည့် ရေဖြုန်းတီးမှုမရှိစေရေး အတွက် ဆောင်ရွက်ခြင်း၊ |
( ၆ ) | အများသုံးသောက်ရေကန်များ၊ မီးသတ်ပိုက်ခေါင်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ |
( ၇ ) | တရားမဝင်ရေဆက်သွယ်မှုများ မရှိစေရန်စိစစ်ဆောင်ရွက်ခြင်း၊ |
( ၈ ) | အဆောက်အအုံများသို့ရေသွယ်ခြင်း၊ မိလ္လာပြွန်ဆက်သွယ်ခြင်းနှင့် မိလ္လာကန်တည်ဆောက်ခြင်းတို့ကို စိစစ်ခွင့် ပြုခြင်း၊ |
လျှပ်စစ်နှင့်စက်မှုဌာနခွဲ၏ လုပ်ငန်းတာဝန်များ
( ၁ ) | ရေကူရေတွန်းစက်နှင့် အားဖြည့်ရေတွန်းစက်ကြီးများ မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ |
( ၂ ) | ရေတွန်းစက်ကြီးများ၊ ထရန်စဖော်မာကြီးများနှင့် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ၏ အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ |
( ၃ ) | အဝီစိတွင်းသစ်များတူးခြင်းနှင့် တွင်းဟောင်းများပြုပြင်ထိန်းသိမ်းခြင်း၊ |
( ၄ ) | စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ |
( ၅ ) | ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်းခြင်း၊ |
( ၆ ) | လျှပ်စစ်နှင့်စက်မှုဆိုင်ရာအရန်ပစ္စည်းများနှင့် ခေတ်မီစက်ပစ္စည်းများဝယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း၊ |
အထောက်အကူပြုဌာနခွဲ၏ လုပ်ငန်းတာဝန်များ
( ၁ ) | လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ၊ အရန်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ |
( ၂ ) | ရေနမူနာများရယူခြင်း၊ ရေအရည်အသွေးများ ဓါတ်ခွဲစမ်းသပ်ခြင်း၊ နေ့စဉ်ရေဖြန့်ဝေ ပေးလျက်ရှိသော သောက် သုံးရေအရည်အသွေးများ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ |
( ၃ ) | အင်ဂျင်နီယာလုပ်ငန်းများအတွက် ခေတ်မီနည်းစနစ်ဖြင့်လိုအပ်သောပုံစံထုတ်ခြင်း၊ ပိုက်လိုင်းပုံစံများရေးဆွဲခြင်း၊ ပစ္စည်းစာရင်းများတွက်ချက်ခြင်း၊ |
( ၄ ) | မြေပုံနှင့်ပုံစံများမှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ လိုအပ်သောရုံးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ |
( ၅ ) | ရေအရင်းအမြစ်ရှာဖွေခြင်း၊ စီမံကိန်း၊ စီမံချက်များရေးဆွဲခြင်း၊ |
( ၆ ) | စဉ်ဆက်မပြတ်လုပ်ငန်းခွင်သင်တန်းများပေးခြင်းနှင့် ပြည်တွင်းပြည်ပခေတ်မီနည်းပညာသင်ကြားနိုင်ရေး စီစဉ် တင်ပြဆောင်ရွက်ခြင်း၊ |
အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ
( ၁ ) | ရေဖိုးရေခများကောက်ခံနိုင်ရေးဆောင်ရွက်ခြင်း၊ စာရင်းဇယားများထိန်းသိမ်းခြင်း၊ |
( ၂ ) | ဝင်ငွေများလက်ခံအပ်နှံခြင်း၊ သုံးငွေများစိစစ်ထုတ်ပေးခြင်း၊ |
( ၃ ) | နှစ်တိုနှစ်ရှည်စီမံကိန်းများ၊ သာမန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ်ခန့်မှန်းခြေစာရင်းများ တွက်ချက်ရေးဆွဲခြင်း၊ |
( ၄ ) | ဝန်ထမ်းရပိုင်ခွင့်များ ဆောင်ရွက်ပေးခြင်း၊ |
( ၅ ) | ဝန်ထမ်းများစည်းကမ်းလိုက်နာရေး ဆောင်ရွက်ခြင်း၊ |
( ၆ ) | ဝန်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ |
သန့်ရှင်းမှုဌာနခွဲ၏ လုပ်ငန်းတာဝန်များ
( ၁ ) | မိလ္လာပြွန်လိုင်းများပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းခြင်း၊ ပြုပြင်ခြင်း၊ |
( ၂ ) | လေမှုတ်စက်များ၊ မိလ္လာစက်အိမ်များ မောင်းနှင်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ |
( ၃ ) | မိလ္လာပြွန်၊ မိလ္လာကန်စနစ် တိုးချဲ့လုပ်ကိုင်ရန် စီမံကိန်းများ၊ စီမံချက်များရေးဆွဲခြင်း၊ |
( ၄ ) | မြို့တော်အင်္ဂါရပ်နှင့်အညီ မိလ္လာစွန့်ပစ်မှုစနစ်များ တိုးတက်ကောင်းမွန်စေရေးအတွက် တီထွင်ကြံဆ ဆောင်ရွက်ခြင်း၊ |
( ၅ ) | လုပ်ငန်းသုံးပစ္စည်းများ၊ စက်အရန်ပစ္စည်းနှင့်ခေတ်မီစက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း၊ |