၁။ | ဤဥပဒေကို နေပြည်တော်စည်ပင်သာယာရေး ဥပဒေ ဟု ခေါ်တွင်စေရမည် | |
၂။ | ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်- | |
(က) | ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော နေပြည်တော်စည်ပင်သာယာရေးကော်မတီကို ဆိုသည်၊ | |
(ခ) | ရုံးအကြီးအကဲ ဆိုသည်မှာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီရုံး၏ ၀န်ထမ်းအကြီးအကဲကို ဆိုသည်၊ | |
(ဂ) | အရန်မြေ ဆိုသည်မှာ နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြည်ထောင်စုအစိုးရက အနာဂတ်စီမံကိန်းများ ဆောင်ရွက်ရန်သတ်မှတ်ထားသောမြေကို ဆိုသည်၊ |
၃။ | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းစည်ပင်သာယာရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတသည်- | |
(က) | ကော်မတီကို အဖွဲ့၀င် အနည်းဆုံး(၅)ဦးမှ အများဆုံး(၉)ဦးအထိဖြင့် ဖွဲ့စည်းရမည်၊ | |
(ခ) | ကော်မတီကို ဖွဲ့စည်းရာတွင် သင့်လျော်သောနိုင်ငံသားများဖြင့် ဖွဲ့စည်းပြီး ကော်မတီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ရမည်။ | |
၄။ | ကော်မတီ၏ ဥက္ကဌသည် နေပြည်တော်၏ မြို့တော်၀န်ဖြစ်သည်။ | |
၅။ | ကော်မတီ၏ ဒုတိယဥက္ကဌသည် နေပြည်တော်၏ ဒုတိယမြို့တော်၀န် ဖြစ်သည်။ | |
၆။ | ရုံးအကြီးအကဲသည် ကော်မတီ၏တွဲဖက်အတွင်းရေးမှူး ဖြစ်သည်။ | |
၇။ | ကော်မတီသည် နိုင်ငံတော်သမ္မတအား တိုက်ရိုက် တာ၀န်ခံရမည်။ |
၈။ | ကော်မတီသည် နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အောက်ပါ လုပ်ငန်းတာ၀န်များနှင့် စပ်လျဉ်း၍ မူချမှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း သို့မဟုတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ပြုရမည်- | |
(က) | မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့သစ်များတည်ထောင်ခြင်း၊ | |
(ခ) | မြေများကို တည်ဆဲဥပဒေများနှင့်အညီ စီမံခန့်ခွဲခြင်း၊ | |
(ဂ) | အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်းနှင့် စစ်ဆေးခြင်း၊ | |
(ဃ) | ကျူးကျော်အိမ်များ၊ ကျူးကျော်အဆောက်အအုံများ၊ ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခြင်းနှင့် ပြောင်းရွှေ့နေရာချထားခြင်း၊ | |
(င) | လမ်းများဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်းနှင့် ယင်းတို့ကိုပြင်ဆင်ထိန်းသိမ်းခြင်း၊ | |
(စ) | အများပြည်သူနှင့်သက်ဆိုင်သော လမ်း၊ တံတား၊ ရေမြောင်း၊ ရေပိုက်လိုင်း၊ မိလ္လာပိုက် စသည်တို့နှင့် မလွတ်ကင်းသော အဆောက်အအုံများကို ဖယ်ရှားစေခြင်းနှင့် ဖယ်ရှားခြင်း၊ | |
(ဆ) | လမ်းစည်းကမ်းနှင့် လမ်းအသုံးပြုမှု စည်းကမ်းများ သတ်မှတ်ခြင်း၊ ရပ်ကွက်နှင့် လမ်းများ၏အမည်ကိုသတ်မှတ်ခြင်းနှင့် အဆောက်အအုံအမှတ်သတ်မှတ်ခြင်း၊ | |
(ဇ) | ယာဉ်နှင့် အနှေးယာဉ်များသွားလာခြင်း၊ ရပ်နားခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းတို့နှင့် စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊ | |
(စျ) | သန့်ရှင်းရေး၊ သပ်ရပ်ရေး၊ သာယာရေး၊ လှပရေး၊ စိမ်းလန်းရေးနှင့် စိုပြေရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ | |
(ည) | ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ | |
(ဋ) | ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ ရေကူးကန်နှင့် အပန်းဖြေနေရာများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ခြင်း၊ | |
(ဌ) | လမ်းမီးပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ | |
(ဍ) | ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ | |
(ဎ) | ရေကန်များ၊ ရေလှောင်ကန်များ၊ ရေပိုက်လိုင်းများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ | |
(ဏ) | မိလ္လာလုပ်ငန်းနှင့် ရေဆိုးသန့်စင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ | |
(တ) | ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ | |
(ထ) | ကော်မတီပိုင်စျေးများ တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ | |
(ဒ) | ပုဂ္ဂလိကပိုင်စျေးများ တည်ထောင်ခွင့်ပြုခြင်းနှင့် စီမံခန့်ခွဲခြင်း၊ | |
(ဓ) | အစားအသောက်ဆိုင်ရာ လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ လမ်းဘေးစျေးဆိုင်များနှင့် စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊ | |
(န) | အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းများနှင့် စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊ | |
(ပ) | မီးဘေး၊ ရေဘေး၊ လေဘေးနှင့် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ | |
(ဖ) | ပြည်တွင်းခရီးသည်များသာ တည်းခိုမည့် တည်းခိုခန်းများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ | |
(ဗ) | စည်ပင်သာယာရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုခန်းများအား စစ်ဆေးခြင်း၊ | |
(ဘ) | ကူးတို့လုပ်ငန်းများ၊ ပွဲရုံလုပ်ငန်းများနှင့် ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းနှင့် စီမံခန့်ခွဲခြင်း၊ | |
(မ) | သားသတ်ရုံများ တည်ထောင်ခြင်း၊ စားသုံးရန်တိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်းနှင့် အသားရောင်းချခြင်းကို စည်းကမ်းများ သတ်မှတ်ခြင်း၊ | |
(ယ) | ကျွဲ၊ နွားပွဲစျေးများ တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ | |
(ရ) | တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်းတို့နှင့် စပ်လျဉ်း၍ ခွင့်ပြုခြင်းနှင့် လေလွင့်သွားလာနေသော တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ | |
(လ) | လေလွင့်သွားလာနေသော ရူးသွပ်သူ၊ အနာကြီးရောဂါစွဲကပ်သူနှင့် တောင်းရမ်းစားသောက်သူများကိုထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ | |
(၀) | သုသာန်များသတ်မှတ်ခြင်း၊ ဖျက်သိမ်းခြင်း၊ သင်္ဂြိုဟ်ခွင့်ပြုခြင်း၊ သင်္ဂြိုဟ်စက်များတည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ | |
(သ) | အများပြည်သူအကျိုးပြု အခြားစည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ | |
(ဟ) | သတ်မှတ်ထားသော ပြည်ထောင်စုအစိုးရရုံးများ၊ နိုင်ငံတော်ပိုင်အိမ်ရာအဆောက်အအုံများကိုပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းများအားပြည်ထောင်စုအစိုးရ၏ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်း၊ | |
(ဠ) | နိုင်ငံတော်ပိုင်အိမ်ရာအဆောက်အအုံများတွင် နေထိုင်သူများ လိုက်နာရန် စည်းကမ်းချက်များထုတ်ပြန်ခြင်း၊ စိစစ်ကြပ်မတ်ခြင်းနှင့် စည်းကမ်းဖောက်ဖျက်သူများကို စစ်ဆေးအရေးယူခြင်း၊ | |
(အ) | နိုင်ငံတော်ပိုင် အိမ်ရာအဆောက်အအုံများနှင့် တိုက်ခန်းများအား ထိန်းသိမ်းခြင်း၊ နေရာချထားခြင်းနှင့် စီမံခန့်ခွဲခြင်း၊ | |
(ကက) | နိုင်ငံတော်ပိုင်အိမ်ရာအဆောက်အအုံများနှင့် တိုက်ခန်းများအတွက် ငှားရမ်းခသတ်မှတ်ခြင်းနှင့် ကောက်ခံခြင်း၊ | |
(ခခ) | နိုင်ငံတော်သမ္မတက အခါအားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊ | |
၉။ | ကော်မတီသည် မိမိ၏လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာပြည်ထောင်စုအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။ |
၁၀။ | ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- | |
(က) | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်ကို သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ | |
(ခ) | ကော်မတီပိုင်ရန်ပုံငွေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊စည်းကမ်းဥပဒေများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ | |
(ဂ) | စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သော အခွန်အခနှင့် အခွန်အခနှုန်းထားများ သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်း၊ | |
(ဃ) | ကော်မတီပိုင်အဆောက်အအုံနှင့်မြေများကိုငှားရမ်းခြင်း၊ စည်းကမ်းချက်တစ်ရပ်ရပ် ဖောက်ဖျက်သော အငှားယူသူများကို ဖယ်ရှားနှင်ထုတ်ခြင်း၊ | |
(င) | အဆောက်အအုံနှင့် မြေများငှားရမ်းခြင်းဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ရရှိသည့်ငွေများကို တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများအတွက် သုံးစွဲခြင်း၊ | |
(စ) | ပြည်တွင်းပြည်ပမှ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်၍ စည်ပင်သာယာရေးကို အထောက်အကူပြုသော လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိခြင်း၊ | |
(ဆ) | ပြည်ထောင်စုအစိုးရထံမှ ဖြစ်စေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံမှဖြစ်စေ ချေးငွေရယူခြင်းနှင့် အထောက်အပံ့များ ရယူခြင်း၊ | |
(ဇ) | စည်ပင်သာယာရေးလုပ်ငန်းများအလိုက် လိုအပ်သော ဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်ခြင်း၊ | |
(စျ) | စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ခေတ်မီတိုးတက်သည့် နည်းပညာနှင့် နည်းစနစ်များကို အသုံးပြုဆောင်ရွက်ခြင်း၊ | |
(ည) | အရန်မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ယင်းအရန်မြေပေါ်တွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရသော စီမံကိန်းလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲခြင်း၊ | |
(ဋ) | ကော်မတီပိုင်မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ | |
(ဌ) | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင် သစ်တောနယ်မြေနယ်နိမိတ် သတ်မှတ်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ၀န်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ | |
(ဍ) | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင် တပ်မြေနယ်နိမိတ် သတ်မှတ်ရေးအတွက် ကာကွယ်ရေး၀န်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ | |
(ဎ) | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သဘာ၀အလျောက်ပေါက်ရောက်လျက်ရှိသောသစ်ပင်များ၊ နိုင်ငံတော်ပိုင်အိမ်ရာများတွင်စိုက်ပျိုးထားသော နှစ်ရှည်သီးပင်စားပင်အရိပ်ရပင်များ၊ လမ်းဘေးဝဲယာ၊ လမ်းလယ်ကျွန်းများနှင့် အဝိုင်းများတွင် စိုက်ပျိုးထားသော သစ်ပင်ပန်းပင်များကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲချိုးဖဲ့ခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းခြင်းသို့မဟုတ် ခုတ်လှဲခြင်းမပြုရန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း၊ | |
(ဏ) | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ သတ်မှတ်ထားသော လမ်းနယ်နိမိတ်များအတွင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်ဆောက်လုပ်ခြင်း မရှိစေရန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း၊ | |
(တ) | ကော်မတီက မိမိ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် တာဝန်ပေးအပ်ထားသည့် အဖွဲ့၊ အဖွဲ့ဝင် နှင့် အရာထမ်း၊ အမှုထမ်း များ၏ တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းကို ဟန့်တားနှောင့်ယှက်သူများအား အရေးယူခြင်း၊* | |
(ထ) | စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ရငွေ၊ အခွန်အခများ၊ စီမံခန့်ခွဲမှုဒဏ်ကြေးနှင့် တရားရုံးဒဏ်ငွေများကို စီမံခန့်ခွဲခြင်း၊* | |
(ဒ) | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း။ |
၁၁။ | ကော်မတီသည် မိမိရန်ပုံငွေဖြင့် ရပ်တည်ရမည်။ လိုအပ်ပါက ဖြည့်ဆည်းလိုသော ရန်ပုံငွေအတွက် ပြည်ထောင်စုအစိုးရထံမှ အထောက်အပံ့ရယူနိုင်သည်။ ထို့အပြင် မိမိ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း တာဝန်ယူရမည်။ | |
၁၂။ | ကော်မတီသည် မိမိရန်ပုံငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ စည်ပင်သာယာရေးလုပ်ငန်းများအတွက် သုံးစွဲပိုင်ခွင့်ရှိသည်။ | |
၁၃။ | ကော်မတီသည် ရန်ပုံငွေကို တိုးပွားစေရန် သင့်လျော်သောနည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်သည်။ | |
၁၄။ | ကော်မတီသည် ရရှိသောနိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်သည်။ | |
၁၅။ | ကော်မတီသည်- | |
(က) | ရုံးအကြီးအကဲကရေးဆွဲတင်ပြလာသောနှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းကို စိစစ်ပြီး နိုင်ငံတော်သမ္မတထံတင်ပြ၍ အတည်ပြုချက်ရယူရမည်။ထို့ |
|
(ခ) | နှစ်စဉ် မိမိ၏ဘဏ္ဍာရေးအခြေအနေနှင့် စာရင်းစစ်ဆေးတွေ့ရှိချက်တို့ကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ရက်ပေါင်း (၉၀)အတွင်း နိုင်ငံတော်သမ္မတထံတင်ပြရမည်။ |
၁၆။ | ကော်မတီသည် လုပ်ငန်းတာ၀န်များကို အခြေခံလျက် လိုအပ်သော၀န်ထမ်းဖွဲ့စည်းပုံကို နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ရေးဆွဲထားရှိရမည်။ | |
၁၇။ | ကော်မတီသည် ပုဒ်မ ၁၆ အရ ၀န်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲထားရှိရာတွင် စည်ပင်သာယာရေးလုပ်ငန်းများကို အထောက်အကူပြုသည့် အောက်ဖော်ပြပါ ၀န်ထမ်းများကိုလည်း သက်ဆိုင်ရာပြည်ထောင်စုအစိုးရဌာန၊အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဖွဲ့စည်းပုံတွင် ထည့်သွင်းနိုင်သည်- | |
(က) | ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန်ကို ဆောင်ရွက်သောဝန်ထမ်းများ၊ | |
(ခ) | မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတာ၀န်ကို ဆောင်ရွက်သောဝန်ထမ်းများ၊ | |
(ဂ) | လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတာဝန်ကို ဆောင်ရွက်သော စည်ပင်သာယာရေးရဲတပ်ဖွဲ့ဝင်များနှင့် အခြားဝန်ထမ်းများ။ | |
၁၈။ | ကော်မတီသည်- | |
(က) | တည်ဆဲစည်းမျဉ်းဥပဒေများ၊ စည်းကမ်းများနှင့်အညီ ဝန်ထမ်းဖွဲ့စည်းပုံအတွင်း ဝန်ထမ်းများကို ခန့်ထားပိုင်ခွင့်ရှိသည်၊ | |
(ခ) | စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ဝန်ထမ်းများကို သက်ဆိုင်ရာပြည်ထောင်စုအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူပြီး စည်ပင်သာယာရေးဝန်ထမ်းအဖြစ် ခန့်ထားနိုင်သည်။ | |
၁၉။ | ဝန်ထမ်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အလို့ငှာ ကော်မတီသည် ၀န်ထမ်းရေးရာ လုပ်ပိုင်ခွင့်များကို ရုံးအကြီးအကဲအား လိုအပ်သလို လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ |
၂၀။ | ကော်မတီသည် ရုံးအကြီးအကဲက စာရင်းများကို နည်းလမ်းတကျ ထိန်းသိမ်းထားရှိနိုင်ရန်နှင့်စစ်ဆေးခြင်းပြုနိုင်ရန်အလို့ငှာ ငွေစာရင်းလုပ်ထုံးလုပ်နည်းများကိုပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ညှိနှိုင်း၍သတ်မှတ်ရမည်။ | |
၂၁။ | ရုံးအကြီးအကဲသည်- | |
( က ) | ကော်မတီက သတ်မှတ်ထားရှိသည့် ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းများပြုစုထိန်းသိမ်းထားရှိရမည်၊ | |
( ခ ) | ပုဒ်မခွဲ (က)အရ ပြုစုထိန်းသိမ်းထားရှိသည့် စာရင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က တာဝန်ပေးအပ်ခြင်းခံရသူ၏ စစ်ဆေးခြင်းကို ခံယူရမည်။ |
၂၂။ | ဤဥပဒေအရ ထုတ်ပေးသော လိုင်စင်ရရှိသူကဖြစ်စေ၊ မှတ်ပုံတင်လက်မှတ်ရရှိသူက ဖြစ်စေ၊ ခွင့်ပြုချက်ရရှိသူကဖြစ်စေ သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် သော်လည်းကောင်း၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျုးလွန်ကြောင်း သတ်မှတ်ထားသော တရားရုံးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်သော်လည်းကောင်း၊သက်ဆိုင်ရာလိုင်စင်၊မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ရရှိသူအား ကော်မတီသည် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်- | |
( က ) | သတိပေးခြင်း၊ | |
( ခ ) | သတ်မှတ်ထားသည့် ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ | |
( ဂ ) | လိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ | |
( ဃ ) | လိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း။ | |
၂၃။ | စီမံခန့်ခွဲရေးဆိုင်ရာအမိန့်အရ ချမှတ်သည့်ဒဏ်ကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်ပါက ထိုဒဏ်ကြေးငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။ |
၂၄။ | မည်သူမဆို ဤဥပဒေအရ ကော်မတီကထုတ်ပြန်သည့် နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ခုနှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။* |
၂၅။ | ပုဒ်မ ၂၄ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါနည်းဥပဒေတစ်ရပ်ရပ်ကို ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကိုဆက်လက်၍ ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့် နေ့အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံး ငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ်ငါးသောင်းအထိ ချမှတ်ရမည်။ |
၂၆။ | မည်သူမဆို ဤဥပဒအရ ကော်မတီကထုတ်ပြန်သည့် စည်းကမ်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။* |
၂၇။ | ပုဒ်မ ၂၆ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါစည်းကမ်းတစ်ရပ်ရပ်ကို ဖြစ်စေ၊ အမိန့်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင်ထိုသူကိုဆက်လက်၍ ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့် နေ့အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ်ငါးသောင်းအထိ ချမှတ်ရမည်။ |
၂၈။ | အများပြည်သူနှင့် ၀န်ထမ်းများသည် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြေရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြုစုထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ကော်မတီက ထုတ်ပြန်ထားသည့်အမိန့်၊ စည်းကမ်းနှင့်ညွှန်ကြားချက်များကို လိုက်နာရမည်။ | |
၂၉။ | ကော်မတီသည် မိမိ၏လုပ်ငန်းစဉ်များနှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် မူဝါဒသဘောပါရှိသော လုပ်ငန်းများကိုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အထူးစီမံကိန်းများကိုလည်းကောင်း နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ရရှိပြီးမှ ဆောင်ရွက်ရမည်။ | |
၃၀။ | ကော်မတီသည် ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်တို့ ရှိစေရမည်။ | |
၃၁။ | ကော်မတီသည် မိမိပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို နိုင်ငံတော်သို့ လွှဲပြောင်းပေးရသည့်အတွက် သင့်တင့်မျှတသောတန်ဖိုး ရရှိခြင်းမရှိပါက တာဝန်ရှိသည့်ဌာနနှင့် အဖွဲ့အစည်းများအား တရားစွဲဆို၍ တောင်းခံနိုင်ခွင့်ရှိသည်။ | |
၃၂။ | ဤဥပဒအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊စည်းကမ်းများနှင့်အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သဖြင့် တရားစွဲဆိုသည့် စည်ပင်သာယာရေး မှုခင်းများကို မြန်မြန်ဆန်ဆန် စစ်ဆေးစီရင်နိုင်ရန်အလို့ငှာ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သင့်လျော်သည့်နေရာများတွင် တရားရုံးနှင့်ဥပဒေရုံးများဖွင့်လှစ်ထားရှိနိုင်ရေးအတွက် ကော်မတီသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် လည်းကောင်း ညှိနှိုင်းဆောင်ရွက်ရမည်။ | |
၃၃။ | ပုဒ်မ ၂၂ အရ ကော်မတီက ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။ | |
၃၃-က။ | ကော်မတီကရရန်ရှိသည့် အခွန်ကြွေးကျန်များကို ပေးဆောင်ရန် ပျက်ကွက်ပါက ထိုအခွန်ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။* | |
၃၄။ | ကော်မတီသည် စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်ဆဲစည်ပင်သာယာရေးအဖွဲ့များဥပဒေ၊ ယင်းဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ဤဥပဒေ၏ ရည်ရွယ်ချက် သဘောထားများနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။ | |
၃၅။ | ကော်မတီသည် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ယခင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီပိုင်ရန်ပုံငွေများ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ဆက်ခံရမည်။ | |
၃၆။ | ( က ) | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းသည့် စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရမည့် ပုဂ္ဂိုလ်သည် |
( ခ ) | ကော်မတီသည် ပုဒ်မခွဲ (က)အရ တိုးမြှင့်ထမ်းဆောင်သည့် အခွန်တံဆိပ်ခေါင်း တန်ဖိုးကို လွှဲပြောင်းရယူရေးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ | |
၃၇။ | ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန တစ်ခုခုကိုဖြစ်စေ၊ အဖွဲ့ ဖွဲ့စည်း၍ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ | |
၃၇-က။ | ကော်မတီသည် ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေ၊စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများကို တပ်ရိုက်သည့် ဒဏ်ကြေးငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးသို့ ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေအဖြစ် ချီးမြှင့်နိုင်သည်။* | |
၃၈။ | ကော်မတီသည် ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်- | |
( က ) | လိုအပ်သောနည်းဉပဒေများကို နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။ | |
( ခ ) | လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။ |