ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနအနေဖြင့် သင်နှင့်သင့်မိသားစုအား နွေးထွေးပျူငှာစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုများအား သက်သာသောနှုန်းထားဖြင့် (၂၄)နာရီပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မည်သူမဆို အောက်ဖော်ပြပါ ကျန်းမာရေးဝန်ဆောင်မှုများအား လွတ်လပ်စွာ ဆွေးနွေး-စစ်ဆေး- ကုသမှုများ ဆောင်ရွက်နိုင်ပါသည်။
၁။ အောက်ပါအထူးကုဆရာဝန်ကြီးများဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူနိုင်ပါသည်-
(က) | အထွေထွေရောဂါကုအထူးကုဆရာဝန်ကြီးများ |
(ခ) | နှလုံးအထူးကုဆရာဝန်ကြီးများ |
(ဂ) | ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ |
(ဃ) | ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ |
(င) | အသည်းအထူးကုဆရာဝန်ကြီးများ |
(စ) | အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ |
(ဆ) | မျက်စိအထူးကုဆရာဝန်ကြီးများ |
(ဇ) | နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ |
(စျ) | သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ |
(ည) | အရေပြားအထူးကုဆရာဝန်ကြီးများ |
(ဋ) | ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများ |
(ဌ) | ကလေးအထူးကုဆရာဝန်ကြီးများ |
၂။ အောက်ပါခွဲစိတ်ကုသမှုများအား သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများဖြင့်ခွဲစိတ်ကုသနိုင်ပါသည်-
(က) | သမာရိုးကျထွေထွေခွဲစိတ်ကုသခြင်း |
(ခ) | ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ အဆင့်မြင့်ခွဲစိတ်ကုသခြင်း (Key Hole Surgery) (အူအတက်ရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း၊ ကျောက်တည်ခြင်း၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာနှင့် လိပ်ခေါင်း) |
(ဂ) | ဦးနှောက်ခွဲစိတ်ကုသခြင်း |
(ဃ) | မျက်စိခွဲစိတ်ကုသခြင်း |
(င) | မျက်စိနှင့်ကိုယ်အင်္ဂါအစားထိုးပြုပြင်ခွဲစိတ်ကုသခြင်း |
(စ) | အရိုးရောဂါများခွဲစိတ်ကုသခြင်းနှင့် အဆင့်မြင့် တင်ပါးဆုံအစားထိုးခြင်း၊ ဒူးဆစ်အစားထိုးခြင်း |
(ဆ) | ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသခြင်း |
(ဇ) | ကင်ဆာရောဂါများ ခွဲစိတ်ကုသပေးခြင်း |
၃။ သားဖွားမီးယပ်ဆိုင်ရာရောဂါများ ကုသပေးခြင်း
(က) | ရိုးရိုးကလေးမွေးဖွားခြင်း |
(ခ) | ခွဲစိတ်ကလေးမွေးဖွားခြင်း |
(ဂ) | အမျိုးသမီးရောဂါ (မီးယပ်ရောဂါ) အမျိုးမျိုးကုသခြင်း၊ ခွဲစိတ်ကုသခြင်း |
(ဃ) | အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း၊ |
(င) | မွေးကင်းစကလေးကြပ်မတ်ကုသပေးခြင်း |
၄။ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များအား မိမိစိတ်ကြိုက်ရွေးချယ်စစ်ဆေးနိုင်ပါသည်-
(က) | အခြေခံ (Silver Package) ကျန်းမာရေးစစ်ဆေးပေးခြင်း |
(ခ) | အဆင့်မြင့် (Gold Package) စစ်ဆေးပေးခြင်း |
(ဂ) | အထူးအဆင့်မြင့် (Diamond) စစ်ဆေးပေးခြင်း |
(၅)ပြည်ပဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ဇမ္ဗူသီရိအထူးကုဆေးရုံကြီးအား နိုင်ငံတကာအဆင့်မီ ဆေးရုံတစ်ခုဖြစ်စေရန် ရည်မှန်းချက်နှင့် အညီ စင်ကာပူနိုင်ငံ Parkway Hospitals Group ဖြင့် တိုးတက်လာသော ဆေးပညာရပ်ပိုင်းဆိုင်ရာများ နှီးနှောဖလှယ်ခြင်း၊ လူနာများ၏ ကျန်းမာရေးစောင့်ရှောက်မှုအား ပူးပေါင်းဆောက်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU)အား (၂၂-၆-၂ဝ၁၃)ခုနှစ်တွင် ပထမအကြိမ်ကိုလည်းကောင်း၊ (၂၈-၆-၂ဝ၁၄) ရက်နေ့တွင် ဒုတိယအကြိမ်ကိုလည်းကောင်း စာချုပ်ချုပ်ဆို၍ အောက်ပါကျန်းမာရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်-စဉ် | ရက်စွဲ | လူနာပေါင်း(ဦးရေ) | ပူးပေါင်းဆောင်ရွက်ကုသပေးသည့်ဆရာဝန်ကြီးများ |
---|---|---|---|
၁ | ၈-၈-၂၀၁၃ မှ ၁၀-၈-၂၀၁၃ | (၁၂)ဦး | Dr.Goh Yau Hong(Mount Elizabeth Hospital) ၊ ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး) |
၂ | ၁၃-၂-၂၀၁၄ မှ ၁၄-၂-၂၀၁၄ | (၁၀)ဦး | Dr.Goh Yau Hong(Mount Elizabeth Hospital) ၊ Dr.Kim Sung Wan(Mount Elizabeth Hospital) |
၃ | ၈-၈-၂၀၁၄ မှ ၉-၈-၂၀၁၄ | (၆)ဦး | Dr.Goh Yau Hong(Mount Elizabeth Hospital) ၊ ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး) |
၄ | ၂၇-၁၁-၂၀၁၄ မှ ၂၈-၁၁-၂၀၁၄ | (၈)ဦး | Dr.Goh Yau Hong(Mount Elizabeth Hospital) ၊ ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး) |
စဉ် | ရက်စွဲ | လူနာပေါင်း(ဦးရေ) | ပူးပေါင်းဆောင်ရွက်ကုသပေးသည့်ဆရာဝန်ကြီးများ |
---|---|---|---|
၁ | ၂၇-၁၁-၂၀၁၄ မှ ၂၈-၁၁-၂၀၁၄ | (၂၇)ဦး | Dr.Liu Hock Foong (Mount Elizabeth Hospital)၊ ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး) |
၂ | ၂၈-၁၁-၂၀၁၄ မှ ၂၉-၁၁-၂၀၁၄ | (၅)ဦး | Dr.Francis Seow-Choen(Fortis Surgical Hospital) ၊ Dr.Koh Poh Koon(Fortis Surgical Hospital)၊ ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး) |
၃ | ၂၃-၁-၂၀၁၅ မှ ၂၄-၁-၂၀၁၅ | (၅)ဦး | Dr.Charles Bih-Shou Tsang(Parkway Hospital) ၊ ဒေါက်တာမျိုးထက်ကျော် (ဇမ္ဗူသီရိအထူးကုဆေးရုံကြီး) |
စဉ် | ရက်စွဲ | လူနာပေါင်း(ဦးရေ) | ပူးပေါင်းဆောင်ရွက်ကုသပေးသည့်ဆရာဝန်ကြီးများ |
---|---|---|---|
၁ | ၂၇-၁၁-၂၀၁၄ မှ ၂၈-၁၁-၂၀၁၄ | (၆၈)ဦး | Dr.Bernard Kwok (Mount Elizabeth Hospital) |
၁။ | ၁-၈-၂ဝ၁၂ မှ ၁၄-၈-၂ဝ၁၂ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သက်တော် (၈ဝ)နှင့်အထက် သံဃာတော်ကြီး(၉)ပါး |
၂။ | ၃-၃-၂ဝ၁၄ မှ ၂၆-၄-၂ဝ၁၄ ရက်နေ့ထိ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သက်တော် (၇ဝ)နှင့်အထက် သံဃာတော်ကြီး(၆၁)ပါး |
၁။ | ၅-၅-၂ဝ၁၄ မှ ၇-၅-၂ဝ၁၄ ရက်နေ့ထိ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် (၁၈၉)ဦး |
၂။ | ၁ဝ-၈-၂ဝ၁၄ မှ ၁၉-၈-၂ဝ၁၄ ရက်နေ့ထိ ဝန်ကြီးဌာနအသီးသီးမှ မျက်စိဝေဒနာရှင် (၁၄၁၇)ဦးအား စမ်းသပ်ကြည့်ရှု၍ ခွဲစိတ်ရန်လိုအပ်သော မျက်စိဝေဒနာရှင် (၁၃ဝ)ဦး |
၁။ | ၉-၃-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ Parkyaw Hospitals မှ Dr. Vicent Lai (အသည်းအထူးကုဆရာဝန်ကြီး) မှ နောက်ဆုံးပေါ်အသည်းရောဂါ ကုထုံးများအကြောင်း |
၂။ | ၃ဝ-၃-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ Parkyaw Hospitals မှ Dr. Leong Jern Lin (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး) မှ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာအကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ Dr. Stanley Chia (နှလုံးအထူးကုဆရာဝန်ကြီး)မှ နှလုံးရောဂါအကြောင်း |
၃။ | ၁၃-၇-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ Parkyaw Hospitals မှ Dr. Patricia Kho (ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး) မှ အူမကြီးကင်ဆာကုထုံးအကြောင်း သိကောင်း စရာများကိုလည်းကောင်း၊ Dr. Lee Kim Shang (ဓာတ် ရောင်ခြည်ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီး)မှ ကင်ဆာရောဂါအား ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း အကြောင်း |
၄။ | ၁ဝ-၈-၂ဝ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ Mount Elizabeth Hospital မှ Dr. Goh Yau Hong (နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး)မှ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာအကြောင်း သိကောင်းစရာများအကြောင်း |
၅။ | ၂၈-၆-၂ဝ၁၄ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ Mount Elizabeth Hospital မှ Dr. Chuang Hsuan-Hung (နှလုံးအထူးကုဆရာဝန်ကြီး)မှ နှလုံးရောဂါအကြောင်း သိကောင်း စရာများကိုလည်းကောင်း၊ Dr. Chua Wei Han (မျက်စိအထူးကုဆရာဝန်ကြီး)မှ မျက်စိရေတိမ်ရောဂါအကြောင်း |
၁။ | ၁၃-၁ဝ-၂ဝ၁၃ ရက်နေ့တွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း |
၂။ | ၅-၇-၂ဝ၁၄ ရက်နေ့တွင် အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးခင်မောင်ဝင်းမှ အသည်းရောင်အသားဝါ (စီ)ပိုးအကြောင်းသိကောင်းစရာနှင့် နောက်ဆုံးပေါ်ကုထုံးအကြောင်း |
၃။ | ၁ဝ-၁ဝ-၂ဝ၁၄ ရက်နေ့တွင် အစာအိမ်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးသိန်းမြင့်မှ အစားအိမ်ရောဂါအကြောင်း |
၄။ | ၁၈-၈-၂ဝ၁၄ ရက်နေ့၊ လယ်ဝေးမြို့နယ်တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း |
၅။ | ၂၉-၁ဝ-၂ဝ၁၄ ရက်နေ့၊ ဥတ္တရသီရိမြို့နယ်တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း |
၆။ | ၂၃-၁၂-၂ဝ၁၄ ရက်နေ့၊ ပျဉ်းမနားမြို့နယ်တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ယုယုနိုင်မှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းကို လည်းကောင်း၊ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းမောင်မှ အမျိုးသမီးများအတွက် သားဆက်ခြား နည်းအကြောင်း |
၇။ | ၁၇-၂-၂ဝ၁၅ ရက်နေ့၊ ဇမ္ဗူသီရိမြို့တွင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းဝင်းမြမှ အမျိုးသမီးများ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ |