09 October 2025 : 14:10:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေရာများ ပြန်လည်ပြုပြင်နေမှုနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဘုရားပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရန်၊ နည်းပညာဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် အကွက်အမှတ်(၈-က)တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများအတွက် အမှုထမ်းအိမ်ရာ လေးခန်းတွဲလေးထပ် အသစ်တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာစီမံကိန်းလျာထားချက်များအတိုင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး မြို့တော်ဝန်က ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုဆောင်ရွက်ရန်နှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။