nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ စည်ပင်အိမ်ရာဝင်းနှင့် ရွှေနံ့သာနေ့စားအလုပ်သမားအိမ်ရာတို့မှ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်18 April 2026 : 15:04:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်အိမ်ရာဝင်းနှင့် ရွှေနံ့သာနေ့စားအလုပ် သမားအိမ်ရာတို့မှ အသက် ၇၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်အိမ်ရာဝင်းအတွင်းရှိဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့်ဇနီး၊ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများနှင့် ကန်တော့ခံ အဘိုးအဘွားများ တက်ရောက်ကြသည်။အခမ်းအနားတွင် အသက် ၇၅ နှစ်နှင့်အထက် အဘိုး၊ အဘွား ၆၅ ဦး တို့အား နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့်ဇနီးတို့က ဦးဆောင်ကာ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ကန်တော့ခံအဘိုးအဘွားများ ကိုယ်စား အဘိုးဦးသိန်းညွန့်က ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားသည်။အဆိုပါ အခမ်းအနားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်အိမ်ရာဝင်းနှင့် ရွှေနံ့သာနေ့စားအလုပ်သမားအိမ်ရာတို့မှ အသက် ၇၅ နှစ်နှင့်အထက် အဘိုးအဘွား ၆၅ ဦးတို့ကို တစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀/-နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၆,၅၀၀,၀၀၀/-)(ကျပ်ခြောက်ဆယ့်ငါးသိန်း တိတိ) ဂါရဝပြုလှူဒါန်းခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့