02 June 2026 : 14:06:00နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက် နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာမှ ကျောက်ချက်တံတားအထိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေး ဝဲ/ယာတွင် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများအား အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး မိုးမကျမီ ပြုပြင်ဆောင်ရွက်သွားရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။အဆိုပါ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်းဖြင့် ဒေသတွင်းရှိ လယ်မြေဧက ၇၀၀ ကျော်အား ရေကြီးရေလျှံမှုဘေးမှ ကာကွယ်ပေးနိုင်မည့်အပြင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် ပင်လောင်းလမ်းမကြီးတို့ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေမည်ဖြစ်သည်။ ဆက်လက်၍ မြို့တော်ဝန် ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)သို့ သွားရောက်ပြီး တတိယအကြိမ်ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန်အတွက် နေရာချထားသည့်အိပ်ဆောင်များနှင့် အဆောက်အအုံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
.jpg)
01.jpg)
02.jpg)
03.jpg)
04.jpg)
06.jpg)
07.jpg)








