11 January 2026 : 10:01:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင် ဦးထွန်းထွန်းနှင့် ဦးမိုးကျော်၊ ဌာနကြီးမှူး ဦးစိုးဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဈေးများဌာန ကွပ်ကဲမှုအောက်ရှိ နေပြည်တော်မြို့မဈေးသို့ သွားရောက်၍ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ဈေးအတွင်းရုံအမှတ် (A ၊ B ၊ C ၊ D) ရုံများမှ ဈေးဆိုင်ခန်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် မြို့တော်ဝန်က လုပ်ငန်းအရည်အသွေး ပြည့်မီစွာဆောင်ရွက်ရန်၊ သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းအပြည့်ဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန် စေရေး ရေမြောင်းများကို စနစ်တကျ ဆယ်ယူရှင်းလင်းရန်၊ ဈေးသန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် နေပြည်တော်မြို့မဈေး အရှေ့ဘက်ရှိ ယာဉ်ရပ်နားသည့်နေရာများတွင် ယာယီရောင်းချခွင့်ပြုထားသော အတွင်းဈေးရုံများမှ ဈေးရောင်းချသူများကို မူလနေရာများတွင် ပြန်လည်ရွှေ့ပြောင်းရောင်းချနိုင်ရေး စီမံဆောင်ရွက်ကြရန် တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
03.png)
05.png)








