23 February 2026 : 11:02:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုက်အမှတ်(၃၁၅)နှင့် တိုက်အမှတ်(၃၁၆)တို့တွင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အမြန်ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသည့် လုပ်ငန်းသုံးပစ္စည်းများကိုသာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အသုံးပြုဆောင်ရွက်ရန်၊ အဆောက်အဦပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ စနစ်တကျဆယ်ယူ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။








