12 July 2026 : 10:07:00နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင် ဦးခွန်နေထွန်းဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ယုဇနဈေးအနီး ယုဇနလမ်းတစ်လျှောက် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် လမ်းပေါ်ရေဝပ်မှုမရှိစေရေးတို့အတွက် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ဒုတိယမြို့တော်ဝန်က ရေမြောင်းများ အတွင်း ဆယ်ယူထားသည့် အမှိုက်များနှင့် နုန်းများကို တစ်ပါတည်းသိမ်းဆည်းဆောင်ရွက်ရန်၊ လမ်းနှစ်ခုဆုံရာ လမ်းဆုံများတွင် ပျက်စီးနေမှုများအား ပြုပြင်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားရှိသည့် အမိုး၊ အဖီ၊ အဆွယ်များကို အိမ်ရှင် များက ရှင်းလင်းဖယ်ရှား ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ပျဉ်းမနားမြို့၊ ဗိုလ်တောက်ထိန်လမ်းနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လမ်းထောင့်ရှိ မင်္ဂလာကန်တော်ခန်းမ အသစ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယမြို့တော်ဝန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အရည်အသွေး ပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများကိုသာ အသုံးပြုဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း စေရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းရေး(Site Cleaning)တို့ကို အထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပါသည်။ထို့နောက် ပျဉ်းမနားမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ အဆောက်အဦအသစ် ဆောက်လုပ်နေမှုလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယမြို့တော်ဝန်က အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြု၍ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ ရုံးအဆောက်အဦသစ်ကျောဘက်တွင် မြေပြိုမှု အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် သတ်မှတ်ထားသော Structure Design ပညာရှင်များနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် ရုံးအဆောက်အဦသစ်၏ ကြမ်းခင်းမြေဖို့ခြင်းလုပ်ငန်းအား မိုးရာသီကာလတွင် မြေများ သိပ်သည်းမှု(Compaction) ရရှိ စေရေး ကြိုတင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
01.jpg)
02.jpg)
03.jpg)
04.jpg)
05.jpg)
06.jpg)
07.jpg)
08.jpg)
09.jpg)
10.jpg)
11.jpg)
12.jpg)
13.jpg)








