23 April 2026 : 10:04:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင် ဦးကျော်ကျော်အောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်နှင့် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရေပေးဝေရေးစက်ရုံ တို့သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် ရေသန့်စင်စက်ရုံသို့ သွားရောက်ကြည့်ရှုရာ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၊ ဌာနမှူးက ရန်အောင်မြင်ရေသန့်စင်စက်ရုံမှ တစ်ရက်လျှင်ရေဂါလံ(၁.၂၅)သန်း သန့်စင်ပေးနိုင်သည့် အနှေးနှုန်း ရေသန့်စင်ကန်(၃)ခုဖြင့် စုစုပေါင်း(၃.၇၅)သန်းစစ်ထုတ်နေမှု၊ စစ်ထုတ်ပြီးရေများကို ပိတောက်ရေပေးရေး ဝင်းနှင့် (၅၃၅)ရေပေးရေးဝင်းတို့သို့ပေးပို့ပြီး သုံးစွဲသူများထံသို့ သောက်သုံးရေပေးဝေနေမှုများကို ရှင်းလင်း တင်ပြရာ ဒုတိယမြို့တော်ဝန်က ရေအရည်အသွေးကောင်းမွန်စေရေး၊ သန့်စင်ပြီးရေပမာဏလုံလောက် စွာထွက်ရှိရေးတို့ကို ဂရုတစိုက်ဆောင်ရွက်ရန် မှာကြားသည်။ထို့နောက် ရန်အောင်မြင်ဆည် ရေယူအဆောက်အအုံ( Intake Tower ) သို့ ရောက်ရှိခဲ့ပြီး ယာယီတပ်ဆင်ထားသော ပန့်မော်တာ(၆)လုံးကို အလှည့်ကျမောင်းနှင်နိုင်ရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်ရန်၊ မိုးရာသီမတိုင်မီ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ဆင်အုံကန်မှ ရေကူတွန်းပို့ မှုလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားသည်။ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သော ရန်အောင်မြင်တမံပြုပြင်ပြီးစီးမှုအခြေအနေ နှင့် ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှတစ်ဆင့် တစ်နေ့ရေဂါလန်(၆)သန်းရယူပြီး အမြန်နှုန်း ရေသန့်စင်စက်ရုံ(၄)ခုဖြင့် စစ်ထုတ်၍ ရပ်ကွက်များသို့ ဖြန့်ဝေမည့်စနစ်တည်ရှိသည့် ဓနသိဒ္ဓိရေစက်ရုံသို့ ရောက်ရှိစစ်ဆေးပြီး ရေအရည်အသွေးကောင်းမွန်စေရေးအတွက် အမြဲမပြတ်ကြည့်ရှုဆောင်ရွက်ရန်တို့ကို မှာကြားသည်။ထို့နောက် သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က) သို့သွားရောက်၍ (၆၀၀)စတုရန်းပေ ရှိသော (၄)ခန်းတွဲ၊ (၄)ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန် အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။








