29 September 2026 : 12:09:00နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေး ငလျင်ကြီးကြောင့်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျက်စီးမှုကြီး(အနီရောင်အဆင့်) နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ဦးစွာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိ ရပ်ကွက်(အကွက်ကြီး-၁)ရှိ တိုက်အမှတ်(၁၂၀၈)၊ တိုက်အမှတ်(၁၃၇၇)၊ ဗလသိဒ္ဓိရပ်ကွက် (အကွက်ကြီး-၂)ရှိ တိုက်အမှတ်(၂၂၁၂) နှင့် သုခသိဒ္ဓိရပ်ကွက်(အကွက်ကြီး-၄)ရှိ တိုက်အမှတ် (၄၃၈၀)တို့သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနီရောင်အဆင့် အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှု၊ ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယမြို့တော်ဝန်က လုပ်ငန်းများကို လူအင်အားပြည့်ဝစွာဖြင့် ယခုနှစ်ဒီဇင်ဘာလကုန်တွင် အရည်အသွေး ပြည့်မီစွာ ပြီးစီးစေရေး အထူးအလေးထား၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာ များသည် ဝန်ထမ်းများ၏ နေထိုင်ရေးနှင့်တိုက်ရိုက်သက်ဆိုင်သည့်အတွက် ပြန်လည်ပြုပြင်ရာတွင် အမြန်ပြီးစီးရန်သာမက ဝန်ထမ်းများစိတ်ချလုံခြုံစွာ ပြန်လည်နေထိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိရန် အရေးကြီးကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားသည်။ယင်းနောက် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သည့် အနီရောင်အဆင့် နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ တာဝန်ယူ ဆောင်ရွက်နေသောကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အရည်အသွေးပြည့်မီစွာပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန်၊ ဝန်ထမ်း အိမ်ရာများတွင် ဝန်ထမ်းများယုံကြည်စိတ်ချစွာနေထိုင်နိုင်ရေး တည်ဆောက်ရေးကုမ္ပဏီများနှင့် QA/QC အဖွဲ့များက စနစ်တကျကြပ်မတ် ဆောင်ရွက်ကြရန်မှာကြားပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက် လာကြသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
.jpg)
01.jpg)
02.jpg)
03.jpg)
04.jpg)
05.jpg)
06.jpg)
07.jpg)
08.jpg)
09.jpg)
10.jpg)
11.jpg)
12.jpg)
13.jpg)
14.jpg)
15.jpg)







