27 April 2026 : 13:04:00နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ Naypyitaw State Academy ရှေ့မျက်နှာစာ၊ ဝဏ္ဏသိဒ္ဓိအဝိုင်းနှင့် ပျဉ်းမနား-တောင်ညိုလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာပန်းခြံများ သန့်ရှင်း သာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မြေယာရှုခင်းဆောင်ရွက်ထားရှိမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ကြည့်ရှုစစ်ဆေးစဉ် ဒုတိယမြို့တော်ဝန်က ပန်းခြံများအတွင်း ကျွဲ ၊ နွားများလွှတ်ကျောင်းမှု မရှိစေရေး၊ လမ်းဘေးဝဲ/ယာ ပန်းခြံများ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်နှင့်အရိပ်ရပင်များ စဉ်ဆက်မပြတ်ပြုစုပျိုးထောင်၍ ထပ်မံစိုက်ပျိုးသွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားကာ လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို လျာထားတင်ပြကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။








