nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး 22 September 2026 : 11:09:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ် (၅၂)အနီး သီရိမဏ္ဍိုင်လမ်း(H-6)လမ်းမကြီး‌ဘေးတွင် ကျောက်ကြီးစီ၍ ယာယီ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများအချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ထို့နောက် မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ ခုတင်(၅၀၀) မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးအတွင်း သန့်ရှင်းရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များမှာကြားခဲ့သည်။ဆက်လက်၍ ဥတ္တရသီရိမြို့နယ်၊ ရွှေတောင်သီရိလမ်း၊ အရိုးရောဂါအထူးကုဆေးရုံကြီး ဘေးတွင်ရေမြောင်းပိတ်ဆို့နေမှုအား တူးဖော်ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ခုတင်(၅၀၀) အရိုးအကြောအထူးကုဆေးရုံကြီးအတွင်း သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။ထိုမှတစ်ဆင့် ခုတင်(၅၀၀) ကလေးအထူးကုဆေးရုံကြီးအတွင်း သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ဆေးကုသရေးအဆောင် အသစ်ဆောက်လုပ် နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လာရောက်ဆေးကုသမှု ခံယူနေ‌‌သော ကလေးများအား ကြည့်ရှုအားပေးကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ‌ပေးအပ်ပြီး ဆေးရုံအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ခုတင်(၅၀၀) သားဖွားမီးယပ်အထူးကုဆေးရုံကြီးအတွင်း သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ရွှေတောင်သီရိလမ်း (တောင်ခြေလမ်း) ဝဲ/ယာတစ်လျှောက် ရေဆင်းမြောင်းနှင့် လမ်းပိုင်းကြံ့ခိုင်ရေးဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပ‌ရေး၊ အမှိုက်များအား စနစ်တကျစွန့်ပစ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ပင်မစာမျက်နှာသို့