25 November 2026 : 14:11:00ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှ ၂၄ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် နိုင်ငံတကာစည်ပင်သာယာရေးဖိုရမ်-၂၀၂၆ ( International Municipal Forum 2026 ) သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးကံမြင့်သန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။အဆိုပါဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ Roscongress ဖောင်ဒေးရှင်းနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်သည်။ ယခုနှစ်ဖိုရမ်ကို ရေရှည်တည်တံ့ခိုင်မြဲသော မြို့ပြအသွင် ကူးပြောင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရေးဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ဖိုရမ်သို့ နိုင်ငံပေါင်း (၄၀) ကျော်မှ ကိုယ်စားလှယ် ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပညာရှင်များပါဝင်တက်ရောက်ကြသည်။ ဖိုရမ်၌ နိုင်ငံတကာ ဆက်ဆံရေး၊ စည်ပင်သာယာရေးအဖွဲ့များ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ စသည့် ကဏ္ဍ(၅)ခုဖြင့် ဆွေးနွေးပွဲ (၂၅) ခုခန့် ကျင်းပခဲ့ပါသည်။ ထို့အပြင် မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် ဆန်းသစ်တီထွင်သော စီမံကိန်းများကို ပြသသည့် ပြပွဲတစ်ခုကိုလည်း ပူးတွဲကျင်းပလျက်ရှိသည်။မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးကံမြင့်သန်း ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးခင်မောင်အေးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်တို့ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
.jpg)
01.jpg)







