nptdc title

Language »  English | Myanmar

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်များထားရှိရန်အတွက် အိပ်ဆောင်များနှင့် အဆောက်အဦများ ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး14 May 2026 : 13:05:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၌ တတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရန်အတွက် နေရာချထားမည့် အိပ်ဆောင်များနှင့်အဆောက်အဦများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြင်ပဧည့်သည်များထားရှိသည့် အဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မြို့တော်ဝန်က ဧည့်ရိပ်သာအတွင်းရှိ အခန်းများအား လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေနေထိုင်နိုင်ရေးနှင့် လိုအပ်မည့် အသုံးအဆောင်ပစ္စည်းများ အဆင်သင့်ဖြစ်စေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန်၊ အဆောင် အဝင်လမ်းများ ညီညာမှုရှိစေရေး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ လျာထားဆောင်ရွက်ရန်နှင့် လမ်းမီးများနှင့် အခန်းအတွင်းရှိ လျှပ်စစ်မီးများ ကောင်းမွန်စေရေး စနစ်တကျပြန်လည်စစ်ဆေးပြုပြင်ဆောင်ရွက်ရန်၊ စားသောက်ဆိုင်များမှ ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်သောအစားအသောက်များ ရောင်းချရေးနှင့် ဆိုင်ခန်းအပြင်အဆင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ အနားယူအပန်းဖြေသည့်အခန်းတွင် နေ့စဉ်ထုတ်သတင်းစာများ ထားရှိပေးရန်နှင့် ကိုယ်စားလှယ်များအား အထူးဂရုစိုက် ဝန်ဆောင်မှုပေးရန်၊ ပြင်ပဧည့်သည်များထားရှိသည့် အဆောင်များတွင် အမှိုက်များနှင့် ကွမ်းတံတွေးများဖြင့် ညစ်ပေမှုမရှိစေရေး သတ်မှတ်နေရာများတွင် အမှိုက်ပုံးများ စနစ်တကျ ထားရှိရန်နှင့် ဧည့်သည်များစည်းကမ်းလိုက်နာမှုရှိစေရေး စည်းရုံးဆောင်ရွက်ရန်၊ ဧည့်ရိပ်သာ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးစီမံချက်ရေးဆွဲထားရှိရန်၊ လုံခြုံရေးကို လစ်ဟာမှုမရှိစေဘဲ အထူးဂရုစိုက် ဆောင်ရွက်ထားရှိရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်(၂)ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့