nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များဖိုရမ်နှင့် အာဆီယံမြို့တော်များ၏ အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များအစည်းအဝေးများသို့ တက်ရောက်20 November 2026 : 11:11:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးကံမြင့်သန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာဆီယံအုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များဖိုရမ်နှင့် အာဆီယံမြို့တော်များ၏ အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များအစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။အဆိုပါဖိုရမ်နှင့် အစည်းအဝေးများသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးမျိုးမြင့်အောင် နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ထို့နောက် ဖိုရမ်၌ နေပြည်တော်မြို့တော်ဝန်က Digital Economy and Inclusive Growth ခေါင်းစဉ်ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲတွင် Speaker အဖြစ် တက်ရောက်ဆွေးနွေးရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ဒီဂျစ်တယ် သို့ အသွင်ကူးပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒီဂျစ်တယ်အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ အာဆီယံ မြို့တော်များအကြား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။အာဆီယံအုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များဖိုရမ်ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် နိုင်ငံမှ အာဆီယံနိုင်ငံများ၏ မြို့တော်များနှင့် မြို့ကြီးများအား ဖိတ်ကြား၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်သည်(၁၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့