19 June 2026 : 10:06:00နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၆ ခုနှစ် ဇွန် လ ၁၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ မင်္ဂလာသိဒ္ဓိပန်းခြံ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ဦးစွာ နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက နေပြည်တော်ရေပန်းဉယျာဉ်သည် နေပြည်တော်၏ အချက်အချာကျသည့် Heart Land နေရာတွင် တည်ရှိကြောင်း၊ နေပြည်တော်တွင် နေထိုင် ကြသည့် ဝန်ထမ်းများနှင့် အများပြည်သူများ၊ နေပြည်တော်သို့ အလည်အပတ်လာရောက် ကြသည့် ပြည်တွင်း / ပြည်ပ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေ အနားယူနိုင်စေရန်အတွက် အသစ်ထပ်မံတည်ဆောက်မည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ ခေတ်မီနည်းစနစ်များ အသုံးပြု၍ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေပန်းဥယျာဉ်အတွင်းရှိ ရေများသန့်စင်စေရေး၊ ပန်းခြံများ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လာရောက်အပန်းဖြေသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ရေပန်းဉယျာဉ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှုရှိစေရေးအတွက် လူသွားလမ်းများတစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများ ပြုပြင်ရှင်းလင်းဆောင်ရွက်သွားရန်နှင့် ချို့ယွင်းပျက်စီးနေသည့် နေရာများ အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားရန်၊ အသစ်ထပ်မံ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား လိုအပ်ချက်မရှိစေရေး နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာကုမ္ပဏီတို့မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။ ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းဘေးရှိ မင်္ဂလာသိဒ္ဓိပန်းခြံသို့ ဆက်လက် သွားရောက် ကြည့်ရှုစစ်ဆေးရာ မြို့တော်ဝန်က ပန်းခြံအဝင်လမ်း အက်ကြောင်းများမရှိစေရေး ပြုပြင်ဆောင်ရွက်သွားရန်၊ ပန်းခြံအတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဗေဒါပင်များ ဆယ်ယူရှင်းလင်းဆောင်ရွက်သွားရန်၊ Gazebo လက်ရန်းများနှင့် ထိုင်ခုံများအား သစ်လွင်တောက်ပမှုရှိစေရန်၊ အများပြည်သူများ အပန်းဖြေအနားယူသည့် နေရာဖြစ်သည့် အတွက် အမြဲတမ်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
01.jpg)
02.jpg)
03.jpg)
04.jpg)
05.jpg)
06.jpg)
07.jpg)
08.jpg)
09.jpg)
10.jpg)
11.jpg)
12.jpg)
13.jpg)
14.jpg)
15.jpg)








