nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ ဆေးရုံကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်09 May 2026 : 14:05:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီး ဆေးရုံကြီးကြပ် ကွပ်ကဲရေးအဖွဲ့၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၆/၂၀၂၆)ကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက် မွန်းလွဲပိုင်းက ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။အစည်းအဝေးသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ ကော်မတီဝင် ဦးခွန်နေထွန်းဦး၊ ဌာနကြီးမှူး ဦးအေးကိုကို၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဌာနတာဝန်ခံများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ ဒုတိယမြို့တော်ဝန်က ဇမ္ဗူသီရိအထူးကုဆေးရုံကြီးအနေဖြင့် ကုသမှုပိုင်းနှင့်ပတ်သက်၍ အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန်၊ လူနာများ၏ ယုံကြည်အားကိုးမှုနှင့် စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပြီး ဝန်ဆောင်မှုကောင်းသော ဆေးရုံဖြစ်စေရန်၊ ခေတ်မီသည့်ဆေးရုံသုံး အထောက်အကူပြု စက်ပစ္စည်းများအသုံးပြုရန်လိုကြောင်းနှင့် အစည်းအဝေးတက်ရောက်လာသည့် တာဝန်ရှိသူများမှ ဆေးရုံကြီးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခက်အခဲများနှင့်လိုအပ်သည့် အကြံပြုချက် များအား ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ဌာနတာဝန်ခံများမှ အသီးသီးမိတ်ဆက်ကြပြီး ဆေးရုံအုပ်ကြီးမှ အုပ်ချုပ်မှုနှင့်ကုသမှုဆိုင်ရာကိစ္စရပ်များ၊ ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူမှ ဆေးရုံအုပ်ချုပ်မှုနှင့် ကုသမှုလုပ်ငန်းသုံး အသုံးစရိတ်ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ နှလုံးကုသအဆောင်(Cath-Lab)နှင့် အနီရောင်အဆင့် (6U4S–3Beds) တိုက်အမှတ်(A ၊ C)နှင့် (6U4S–2Beds) တိုက်အမှတ်(B ၊ D)တို့ကို ပြန်လည်ပြုပြင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့