20 October 2025 : 11:10:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယ မြို့တော်ဝန် ဉီးမောင်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ ရန်အောင်မြင်ရေလှောင်တမံနှင့် ချောင်းမကြီး ရေလှောင်တမံများသို့ သွားရောက်၍ ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင်နေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့တော်ဝန်က လိုအပ်သည်များမှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ ငလျင်ကြောင့်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများတွင် ပျက်စီးမှုအဆင့်အလိုက် ပြန်လည် ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။








