11 March 2026 : 14:03:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်၍ ပင်လောင်းလမ်းဆုံနှင့် ကျောက်ချက်ကျေးရွာအထိ လမ်းဘေးဝဲ/ယာတွင် ရေကြီးရေလျှံမှုလျော့နည်း သက်သာစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်နေမှုအခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းဘေးရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး အမြဲမပြတ်ရှင်းလင်း ဆောင်ရွက်ရန်၊ ရေမြောင်းတူးဖော်နေမှုအား သတ်မှတ်အတိုင်းအတာအတိုင်း စနစ်တကျတူးဖော် ဆောင်ရွက်ရန်၊ ရေနုတ်မြောင်းကြမ်းခင်း အနိမ့်အမြင့် Level စနစ်တကျတိုင်းတာဆောင်ရွက်ရန်နှင့် Box Culvert များ စနစ်တကျဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ထို့နောက် ပျဉ်းမနားမြို့ရှောင်လမ်းမကြီးသို့ သွားရောက်၍ လမ်းဘေးဝဲ/ယာတွင် သန့်ရှင်း သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းလယ်ကျွန်းမြက်ခင်းပြင်များ အမြဲစိမ်းလန်းစိုပြည်စေရေး တာဝန်ရှိသူများမှ အမြဲမပြတ်ကြီးကြပ် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။ဆက်လက်၍ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့်ပရိဝုဏ်များ ပြန်လည် ပြုပြင်မွမ်းမံနေမှု၊ Cement grouting နှင့် Soil stabilization ဆောင်ရွက်နေမှုများ၊ မူလရင်ပြင်တော် ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မြို့တော်ဝန်က လုပ်ငန်းများအမြန်ဆုံးပြီးစီးစေရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
.jpg)
01.jpg)
02.jpg)
03.jpg)
04.jpg)








