nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးကံမြင့်သန်း နေပြည်တော်မြို့မဈေးတွင် ရက်(၁၀၀)စီမံကိန်းကာလအတွင်း ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး 21 May 2026 : 10:05:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဌ မြို့တော်ဝန် ဦးကံမြင့်သန်း သည် (၂၀.၅.၂၀၂၆)ရက်နေ့ ညနေ(၁၆:၃၀)နာရီအချိန်၌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ ကော်မတီဝင်(၃) ဦးကျော်ကျော်အောင်၊ ဌာနကြီးမှူး (ထုတ်လုပ်ရေး) ဦးစိုးဟန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစသန်းထိုက်၊ ဈေးများဌာနမှ ဌာနမှူး ဦးအောင်လှိုင်မျိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဈေးများ ဌာနကွပ်ကဲမှုအောက် နေပြည်တော်မြို့မဈေးတွင် ရက်(၁၀၀)စီမံကိန်းကာလအတွင်း ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို သတ်မှတ်ထားသည့်ကာလတွင် အချိန်မီပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်နှင့် ဈေးရုံများအတွင်း ဈေးရောင်းချနေသည့် ‌အခြေအနေများ၊ ဈေးအတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့