19 August 2026 : 10:08:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ရင်ပြင်တွင် နံရံကပ်ဖောင်းကြွရုပ်ပုံများနှင့် ရုပ်ထုများထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး(ဗဟို)တို့မှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ မြို့တော်ခန်းမရှေ့ရှိ နေပြည်တော်ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တွင် နိုင်ငံတော်၏ အထိမ်းအမှတ်အဖြစ် နံရံကပ်ဖောင်းကြွရုပ်ပုံများနှင့် ရုပ်ထုများထားရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်များတွင်ထားရှိမည့် ပန်းပု၊ ပန်းချီ၊ ရုပ်ထုများနှင့်ပတ်သက်၍ စဉ်းစားသင့်သည့် အချက်များ၊ သမိုင်းကြောင်းများ မှန်ကန်ရေး၊ ဖော်ဆောင်မည့်ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ဂုဏ်သတ္တိများ ပေါ်လွင်ရေး၊ လက်ရှိအချိန်မှစ နောင်အနာဂတ်အထိ မျှော်မှန်းဆောင်ရွက်ရေး၊ ရာသီဥတုဒဏ်များနှင့် ငလျင်ဒဏ်ခံနိုင်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။ အခမ်းအနားပြီးဆုံးပြီးနောက် အစည်းအဝေးတက်ရောက်သူများသည် မော်တော်ယာဉ်များဖြင့် ပြည်သူ့ရင်ပြင်များသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
01.jpg)
02.jpg)
03.jpg)
04.jpg)
05.jpg)
06.jpg)
07.jpg)
08.jpg)
09.jpg)
10.jpg)
11.jpg)








