nptdc title

Language »  English | Myanmar

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်အုတ်စက်ရုံတွင် အုတ်စိမ်းအုတ်ကျက်ထုတ်လုပ်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှု၊ နိုင်လွန်ကတ္တရာ(AC) ခင်းကျင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး16 February 2026 : 10:02:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီးရှိ နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံ၏ဘဏ္ဍာရေးနှစ်အလိုက် အရှုံးအမြတ်အခြေအနေအားဆွေးနွေးတင်ပြခဲ့ပြီး စက်ရုံအတွင်း အုတ်စိမ်း ထုတ်လုပ်နေမှုနှင့် လက်ရှိထုတ်လုပ်နေသည့် Top Burning System မှ ပိုမိုကောင်းမွန်သည့် မြေကြီးတွင် ကျောက်မီးသွေးရောစပ်၍ အုတ်ကျက်ထုတ်လုပ်မည့် Internal Burning System ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြခဲ့ရာ မြို့တော်ဝန်က ကုန်ထုတ်လုပ်မှုကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ‌ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီ လမ်း(ဇီဇဝါအဝိုင်းမှ ရွှေကြာပင်လမ်းအထိ)တွင် နိုင်လွန်ကတ္တရာ(AC) ခင်းကျင်းနေမှု၊ ရွှေကြာပင်လမ်းနှင့် ရွှေပြည်တော်ဝင်လမ်းကြား လမ်းမျက်နှာပြင်မညီညာခြင်းအား ကျောက်ကတ္တရာဖြင့် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေရှည်ခိုင်ခံ့မှု ရှိစေရေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်၊ လူနှင့် စက်ယန္တရားအင်အားတိုးမြှင့်ပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် အင်တိုက်အားတိုက်ဆောင်ရွက်‌ရန်၊ လမ်းဘေးဝဲယာ သန့်ရှင်းသာယာ လှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ကို စနစ်တကျ ဆောင်ရွက်ကြရန်တို့ကို အသေးစိတ် မှာကြားခဲ့သည်။ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ ကံ့ကော်အိမ်ရာတိုက်အမှတ် ၂၂၃ ၊ ဗလ သိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၂၃၉၂ ၊ သုခသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၃၉၈ နှင့် ၃၃၉၉ တို့တွင် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မြို့တော်ဝန်က လိုအပ်သည်များ မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့