01 May 2026 : 09:05:00ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော် မြတ်ကြီးပရိဝုဏ်တော် အရှေ့ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ကျင်းပသည်။အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့် ဇနီး၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။ဦးစွာ အခမ်းအနားမှူးက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိရုက္ခသိဉ္ဇနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့် ဇနီး၊ ဒုတိယ မြို့တော်ဝန်၊ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ကြသည်။ယင်းနောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြားအမျှ ပေးဝေပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။








