nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း မိုးရာသီကာလအတွင်း သောက်သုံးရေလုပ်ငန်း အသုံးပြုလျက်ရှိသော ဆည်များအတွင်းသို့ ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး 10 August 2026 : 13:08:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းက မိုးရာသီကာလအတွင်း သောက်သုံးရေလုပ်ငန်း အသုံးပြုလျက်ရှိသော ဆည်များအတွင်းသို့ ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှု အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ပါသည်။ဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ဥတ္တရသီရိဆည်သို့ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက မန္တလေးငလျင်ကြီးဒဏ်နှင့် နောက်ဆက်တွဲငလျင်များဒဏ်ကြောင့် (၅-၆-၂၀၂၆)ရက်နေ့တွင် တမံ၏ ရေထုတ်ပြွန်ကွဲအက်ပြီး Downstream ရေစိမ့်ထွက်မှု ဖြစ်ပေါ်ခဲ့သော ဥတ္တရသီရိဆည်တမံကို အရေးပေါ်အခြေအနေ မဖြစ်ပေါ်စေရန် ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ရေထုတ်ပြွန် ကွဲအက် မှုကြောင့် ရေစိမ့်ထွက်မှုမရှိစေရန် တမံ Upstream ဘက်တွင် Ringbund ကာရံပြီး ရေထုတ်ပြွန် အတွင်းသို့ ကွန်ကရစ်မှုတ်သွင်းခဲ့မှု၊ ရေပြည့်မှတ်မရောက်မီ (၁၀)ပေခန့်အလိုတွင် ဝင်ရေထိန်းညှိ ပေးနိုင်ရန် အရေးပေါ်ရေထုတ်တံခါးတပ်ဆင်ခဲ့မှု၊ ရေစိမ့်ထွက်မှုဖြစ်ပေါ်စဉ်က တမံ Downstream ဘက် ရေတိုက်စားမှုဖြစ်ပေါခဲ့သော တမံမြေသားဖယ်ထုတ်ခြင်း၊ မြေသားအသစ်ဖို့ကြိတ်ခြင်းနှင် ရေစစ်ကျောက်ရိုးထပ်ပိုးဆောင်ရွက်ခဲ့မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် တမံကြံ့ခိုင်မှု ကောင်းမွန်လျက်ရှိကြောင်း၊ ယခုဇူလိုင်လ စတုတ္ထအပတ်မှ စတင်ပြီး တမံသို့ လှောင်ရေပြည့်မှတ်သို့ ရောက်ရှိပြီး ရေပိုလွှဲမှ (၆)လက်မခန့် ရေကျော်စီးဆင်းလျက်ရှိနေမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်မှ တမံပြုပြင်ထားရှိသော ဆည်ဖြစ်သည့်အတွက် တမံမြေသားအခြေအနေကို အမြဲမပြတ်စစ်ဆေးနေရန်၊ ရေပိုလွှဲလမ်းကြောင်း ရေစီးရေလာကောင်းမွန် စေရေး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ဆက်လက်၍ ချောင်းမကြီးဆည်သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများက ငလျင်ဒဏ် ကြောင့် ပျက်စီးမှုရှိခဲ့သော RD-4000 မှ RD-6000 အတွင်း ရေစစ်ကျောက်ရိုး၊ တမံမြေသား၊ ရေစုမြောင်း၊ ရေဆင်းမြောင်း၊ လှိုင်းကာကျောက်များ ပြုပြင်ပြီးစီးမှုနှင့် တမံမြေသားအသစ်နေရာ များတွင် ရေတိုက်စားမှုမရှိစေရန် မြေကာမြက် စိုက်ပျိုးထားရှိမှု၊ မိုးရာသီကာလမှ ယနေ့အထိ ရေအမြင့်(၁၉)ပေခန့်ထိ မြင့်တက်ဝင်ရောက်လာမှု၊ ရေပြည့်မှတ် ရောက်ရှိရန် အမြင့်(၉)ပေခန့် ကျန်ရှိနေမှု၊ ငလျင်ဒဏ်ကြောင့် တမံပျက်စီးမှု ပြုပြင်ရန် သိုလှောင်ရေ လျော့ချခဲ့ရသည့် အတွက် ဆည်ရေလက်ကျန် အလွန်နည်းပါးကာ (၉)ပေခန့်သာ ကျန်ရှိသည့်အခြေအနေတွင် မိုးရွာသွန်းမှုကြောင့် ဝင်ရေရရှိချိန်တွင် ရေနောက်ကျိမှု မြင့်တက်နေမှု၊ သောက်သုံးရေပေးဝေမှု ပုံမှန်အခြေအနေ ရရှိစေရေးအတွက် ရေသန့်စင်စက်ရုံများ၏ သန့်ရှင်းမှုစနစ်ကို အကြိမ်ရေတိုး၍ သန့်ရှင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်မှ နေပြည်တော်မြို့ပြရေပေးဝေရေးအတွက် ယခုလက်ရှိအခြေအနေတွင် ချောင်းမကြီးဆည်သည် အဓိကနေရာတွင်ရှိသည့်အတွက် ဆည်ကြံ့ခိုင်ရေးကို စစ်ဆေးမှုပုံစံများအတိုင်း စနစ်တကျစစ်ဆေးရန်၊ ရေပြည့်မှတ် ရောက်ရှိရန် အမြင့်ပေ လိုအပ်နေသေးသော်လည်း ရေပိုလွှဲနှင့် ရေလမ်းကြောင်းများ ရှင်းလင်းထားရန်၊ သောက်သုံးရေပေးဝေနေသော ဆည်ဖြစ်သည့်အတွက် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့