09 November 2025 : 13:11:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပုဗ္ပသီရိမြို့နယ်အတွင်းရှိ လမ်းပိုင်းများ နိုင်လွန်ကတ္တရာ(AC)ခင်းကျင်းနေမှုနှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အေးချမ်းသီရိလမ်း အဆင့်မြှင့်တင်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများ အမြန်ပြီးစီးစေရေးအတွက် လူနှင့် ယာဉ်ယန္တရား အင်အားတိုးမြှင့်၍ အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရေရှည်ခိုင်ခံ့ မှုရှိအောင် ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
.jpg)
01.jpg)
02.jpg)
03.jpg)
04.jpg)








