nptdc title

Language »  English | Myanmar

ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ငလျင်ဒဏ်ကြောင့် လိမ္မော်ရောင်အဆင့်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုနှင့် အရာထမ်းကြီးနေအိမ်(2U3S) အဆောက်အဦ(၂)လုံး အသစ်တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး12 October 2025 : 11:10:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်ဦးမောင်မောင် သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် လိမ္မော်ရောင်အဆင့်ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိ မြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်မှ အမှုထမ်းဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၃၀၃၊ ၃၀၄၊ ၃၀၅)၊ ဘောဂသိဒ္ဓိ ရပ်ကွက်မှ အရာထမ်းဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၆၀၈)သို့ သွားရောက်၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီအသင်းအဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဒုတိယမြို့တော်ဝန်က ဝန်ထမ်းများ လုံခြုံဘေးကင်းစွာနေထိုင်နိုင်ရေး အဆောက်အဦများ ပြန်လည် ပြုပြင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်း အဆင့်ဆင့် SOP အတိုင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် ပြင်ဆင်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဓနသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ အရာထမ်းကြီးနေအိမ်(2U3S)(၂)လုံး အသစ်တည်ဆောက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့