nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး 14 September 2026 : 12:09:00

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ကောင်စီဝင် ဦးခင်မောင်လတ်၊ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအနီး သံတမန်ဇုန်များအတွင်း မြေနေရာချထားမှုအခြေအနေများနှင့် ရွှေပြည်တော်ဝင်လမ်း(H-1) လျာထားအဝိုင်းမှ လေဆိပ်ခြံစည်းရိုးလမ်းအထိ လမ်းဖောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လမ်းများကောင်းမွန်မှုရှိစေရေး ပြုပြင်ဆောင်ရွက်ရန်၊ သန့်ရှင်းသပ်ရပ် သာယာလှပမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့