19 February 2026 : 14:02:00နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ချောင်းမကြီး ရေလှောင်တမံသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ချောင်းမကြီးဆည်မှ တစ်ရက်ရေဂါလန်(၇.၅)သန်း စစ်ထုတ်ပေးနိုင်သည့် ရေသန့်စင်စက်ရုံအမှတ်(၁)သို့ပေးပို့သော ရေပို့ ပိုက်လိုင်းပျက်စီးခဲ့သဖြင့် ချောင်းမကြီးဆည်အတွင်း ပွန်တွန်းပြုလုပ်ပြီး ရေတွန်းပန့်မော်တာ(၆)လုံး တပ်ဆင်၍ OD 500 mm HDPE ပိုက်လိုင်း(၁၂၇၀၀)ပေ သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု၊ ပွန်တွန်းမှ တစ်ရက်လျှင် ရေဂါလန်(၈)သန်းခန့်တွန်းပို့နိုင်မှု၊ ရေသန့်စင်စက်ရုံမှ သန့်စင်ပြီး သောက်သုံးရေများ ပေးဝေနေမှုအခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ချောင်းမကြီးရေလှောင်တမံပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ရေစစ်ကျောက်ရိုး ပြုပြင်ပြီးစီးမှု၊ ပျက်စီးသွားသော တမံမြေသား(၆၁၃၄၈)ကျင်း ဖယ်ထုတ်ပြီးစီးမှု၊ တမံမြေသားအသစ် (၈၀၄၆၃)ကျင်း ဖို့ကြိတ်ပြီးစီးမှု၊ လှိုင်းကာကျောက်များ ဆောင်ရွက်မှုနှင့် တမံမြေသားဖို့ကြိတ်ရန် ကျန်ရှိသည့် (၂၅၃၇)ကျင်းကို ယခုလကုန်တွင် အပြီးဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြရာ မြို့တော်ဝန်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ တမံအင်္ဂါရပ်နှင့်အညီ လိုအပ်သော ရေစုမြောင်း၊ ရေဆင်းမြောင်း၊ လှိုင်းကာကျောက်၊ Parapet များကိုပါ တစ်ပါတည်းပြီးစီးစေရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ထို့နောက် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်းဘေးရှိ မင်္ဂလာကန်အမှတ်(၁)၊(၂)၊(၃)တို့တွင် ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က လုပ်ငန်းများအားလုံး သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးစေရေး တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကန်အတွင်းရှိ ဗေဒါများကိုပါ တစ်ပါတည်း ဆယ်ယူရှင်းလင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။
.jpg)
01.jpg)
02.jpg)
03.jpg)
04.jpg)
05.jpg)
06.jpg)
07.jpg)
08.jpg)








