ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
၁။ | စားသောက်ဆိုင်များ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသောက်ဆိုင်လုပ်သားများ ကျန်းမာရေးစစ်ဆေးခြင်း၊ |
၂။ | အစားအသောက်ကိုင်တွယ်ရောင်းချသူများ၏ နှာတို့ရည်၊ လက်တို့ရည် နမူနာယူ၍ အစာအဆိပ်သင့်စေသော ပိုးမွှားများရှိ/မရှိ စစ်ဆေးခြင်း၊ |
၃။ | စစ်ဆေးပြီးစားသောက်ဆိုင်နှင့် ဆိုင်လုပ်သားများအား ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း၊ |
၄။ | စီးပွားရေးလုပ်ငန်းများအား ကျန်းမာရေးဘေးအန္တရာယ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထောက်ခံချက်ကဒ်များ ထုတ်ပေးခြင်း၊ |
၅။ | စျေးများစစ်ဆေးခြင်း၊ စျေးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရောင်းချသော အစားအသောက်များတွင် ဆိုးဆေး ပါ/မပါ စစ်ဆေးခြင်း၊ ရက်လွန်အစားအသောက်များ ဆေးဝါးများရှိ/မရှိ စစ်ဆေးခြင်း၊ |
၆။ | ကျောင်းတွင်စျေးဆိုင်များ သန့်ရှင်းရေးနှင့်အစားအသောက်များ စစ်ဆေးခြင်း၊ |
၇။ | သောက်ရေသန့်ရောင်းချမှု၊ ထုတ်လုပ်မှုများစစ်ဆေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရန် ကလိုရင်းဆေးဝါးများ ခတ်ပေးခြင်း၊ |
၈။ | ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း။ |
အခြားဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
မြို့တော်သန့်ရှင်း၊သာယာ၊လှပရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊
နေပြည်တော်တိုင်းကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ အစား အစာများတွင် စားအုန်းဆီပါဝင်မှု၊ ဆိုးဆေးပါဝင်မှုများစစ်ဆေးခြင်း၊ အိုင်အိုဒင်းဆားပါဝင်မှုများ စစ်ဆေး
ခြင်း၊ ရက်လွန်ဆေးဝါးရောင်းချမှုများစစ်ဆေးခြင်း။ ၄င်းဌာနများမှကျင်းပသော ပြည်သူလူထုကျန်းမာရေးဆိုင်ရာ အစည်းအဝေးများ တက်ရောက်၍ ပူးပေါင်းဆောင်ရွက်
ခြင်း။
စည်ပင်ဆေးခန်းများဖွင့်လှစ်ကြီးကြပ်ခြင်းလုပ်ငန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် နေပြည်တော်နယ်မြေ ဝန်ထမ်းအိမ်ယာ ရပ်ကွက်အသီးသီး၌ နေထိုင်ကြသောနိုင်ငံဝန်ထမ်းများနှင့်မှီခိုသူရည်ရွယ်ချက်
လုပ်ဆောင်မှုများ
၁။ | နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အောက်ပါရပ်ကွက်ကြီးများတွင် ဆေးခန်းများဖွင့်လှစ်ထားရှိထားပါသည်- | |
(က) | ဘောဂသိဒ္ဓိရပ်ကွက်(၁) | |
( ခ ) | ဘောဂသိဒ္ဓိရပ်ကွက်(၂) | |
( ဂ ) | ဗလသိဒ္ဓိရပ်ကွက် | |
(ဃ) | ဓနသိဒ္ဓိရပ်ကွက် | |
( င ) | ဉာဏသိဒ္ဓရပ်ကွက် | |
( စ ) | ဝဏ္ဏသိဒ္ဓိရပ်ကွက် | |
(ဆ) | သုခသိဒ္ဓိရပ်ကွက် | |
( ဇ ) | ပညာသိဒ္ဓိရပ်ကွက် | |
၂။ | ကျန်းမာရေးဌာနအနေဖြင့်အဆိုပါဆေးခန်းများတွင်ဆေးကုသမှုပေးလိုသူ အထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်များ၊ တိုင်း ရင်းဆေးသမားတော်များ၏ ဆေးခန်းထိုင်ရန်ဆန္ဒပြုလွှာတို့ကို လက်ခံခြင်း၊ လစ်လပ်ဆရာဝန်နေရာများကြေငြာခြင်း၊ ဆေးခန်းထိုင်ခွင့်ရသူများ ကိုအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အတည်ပြုခြင်း၊ အဆိုပါဆရာဝန်များထဲမှ တာဝန်ခံဆရာဝန်များ ရွေးချယ်အတည်ပြုခြင်း၊ အပတ်စဉ်လူနာ စာရင်းတောင်းခံခြင်းနှင့် အပတ်စဉ် ပြုစုကုသမှုခံယူသောလူနာစာရင်းတင်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ | |
၃။ | ၎င်းအပြင် ဆေးဆိုင်ဖွင့်လှစ်လိုသူများစိစစ်ခွင့်ပြုပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ | |
၄။ | ဆေးခန်းထိုင်ခွင့်ရသူ၊ ဆေးဆိုင်ဖွင့်ခွင့်ရသူများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိကိုလည်း စီမံကြီးကြပ်ပေးလျက်ရှိပါသည်။ |
စည်ပင်ဆေးခန်းများတွင် ဆေးကုသခွင့်ရရှိသူများနှင့်ဆေးဆိုင်ခန်းဖွင့်လှစ်ခွင့်ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှုအောက်ရှိရပ်ကွက်ဆေးခန်းများတွင် ဆေးကုသခွင့်ရရှိသူများနှင့်ဆေးဆိုင်ဖွင့်လှစ်ခွင့်ရရှိသူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-(က) | ဆေးခန်းဖွင့်လှစ်ချိန်များကို စနစ်တကျသတ်မှတ်ပြီး အချိန်မှန်ဆေးကုသရမည်။ ဆေးခန်းဖွင့်ချိန်ကို အများပြည်သူမြင်သာအောင် ကြော်ငြာထားပေးရမည်၊ | |
(ခ) | ဆေးခန်းအဆောက်အအုံနှင့်ဘေးပတ်ဝန်းကျင်မီးဘေးလုံခြုံရေး၊သန့်ရှင်း၊သပ်ရပ်၊သာယာ၊လှပရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရမည်၊ | |
(ဂ) | ဆေးခန်း၊ဆေးဆိုင်အတွင်းရှိပရိဘောဂနှင့်အခြားပစ္စည်းများကို ရိုသေစွာကိုင်တွယ်ရမည်။ ပျက်စီးဆုံးရှုံးပါက ကာလတန်ဖိုးအတိုင်း ပေးလျော်ရမည်၊ | |
(ဃ) | ဆေးခန်းတွင် ရေ၊ မီးလိုင်းသွယ်တန်းဆောင်ရွက်လိုပါက ကျန်းမာရေးဌာနသို့တရားဝင် အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းခံရမည်၊ | |
(င) | ဆေးကုသခွင့်ရရှိသူများနှင့် ဆေးဆိုင်ခန်းဖွင့်လှစ်ခွင့်ရရှိသူများသည် အခြားသူများထံသို့မိမိသဘောအရ လွှဲပြောင်းပေးခြင်းမပြုရ၊ | |
(စ) | ဆေးကုသခွင့်ရရှိသူများနှင့် ဆေးဆိုင်ခန်းဖွင့်လှစ်ခွင့်ရရှိသူများ၏ အမည်ပြောင်းလိုပါကကျန်းမာရေးဌာနသို့ တရားဝင်လျှောက်ထားရ မည်၊ | |
(ဆ) | (၆)လထက်ကျော်လွန်၍ ဆေးကုသခြင်းမပြုလုပ်ပါက ၎င်းဆေးခန်း၌ ဆေးကုသခွင့်ရုပ်သိမ်းခြင်းခံရမည်၊ | |
(ဇ) | ဆေးခန်းနှင့်ဆေးဆိုင်များတွင် ညအိပ်ခြင်း၊ နေထိုင်ခြင်းမပြုရ၊ | |
(ဈ) | ဆေးခန်းလူနာစာရင်းကို အပတ်စဉ် တင်ပြရန်အတွက် ဆေးခန်းထိုင်သူများမှ မိမိတို့၏(၁)ပတ်စာလူနာစာရင်းကိုတာဝန်ခံ ဆရာဝန်မှတဆင့်ကျန်းမာရေးဌာနသို့ တနင်္လာနေ့နံနက်(၁ဝ:ဝဝ)နာရီ အရောက် ပေးပို့ရမည်၊ | |
(ည) | ကျန်းမာရေးဌာနမှ ခွင့်ပြုထားသော အခန်းတွင်သာ ဆေးကုသမှု၊ ဆေးရောင်းချမှု၊ ဓါတ်ခွဲပစ္စည်းလက်ခံမှု ဆောင်ရွက်ရမည်။ အခြားအ ခန်းလွတ်များအတွင်း ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခြင်းမပြုရ၊ | |
(ဋ) | ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်သည့်အခါ အစစ်ဆေးခံနိုင်ရမည်၊ | |
(ဌ) | ကျန်းမာရေးဌာနမှ အစည်းအဝေးဖိတ်ကြားလျှင် မပျက်မကွက် တက်ရောက်ရမည်၊ | |
(ဍ) | ဆေးခန်းနှင့်ဆေးဆိုင်များအတွင်း မူးယစ်သေစာသောက်စားခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ အပျော်အပါးလိုက်စားခြင်း လုံးဝမပြုလုပ်ရ၊ | |
(ဎ) | ဆေးခန်း/ဆေးဆိုင်များအတွင်း ထူးခြားဖြစ်စဉ်များရှိပါက ကျန်းမာရေးဌာနသို့ အချိန်နှင့် တပြေးညီ အကြောင်းကြားရမည်၊ | |
(ဏ) | နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာထုတ်ပြန် သော စည်းကမ်းချက်များကို လိုက်နာရမည်၊ | |
(တ) | အထက်ပါစည်းကမ်းချက်များကိုမလိုက်နာပါက နေပြည်တော်စည်ပင် သာယာရေး ဥပဒေပုဒ်မ ၂၆ အရ ထိရောက်စွာ အရေးယူခြင်းခံရ မည်။ |
တာဝန်ခံဆရာဝန်၏တာဝန်ဝတ္တရားများ
(က) | တာဝန်ခံဆရာဝန်သည် ဆေးခန်းအဆောက်အအုံနှင့် ဘေးပတ်ဝန်းကျင်မီးဘေးလုံခြုံရေး၊သန့်ရှင်း၊သပ်ရပ်၊ သာယာ၊ လှပရေးကိစ္စရပ်များကို ဦးစီးဆောင်ရွက်ရမည်၊ |
(ခ) | ဆေးခန်းတွင်း ပရိဘောဂပစ္စည်းများ (စားပွဲ၊ ထိုင်ခုံ၊ ဗီရို) နှင့် အခြားပစ္စည်းများအား စစ်ဆေးထိန်းသိမ်းခြင်း၊ပျက်စီးမှုများကိုအပတ်စဉ်သတင်း ပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမည်၊ |
(ဂ) | ကျန်းမာရေးဌာနမှတာဝန်ရှိသူများ လာရောက်သည့်အခါ အစစ်ဆေးခံနိုင်ရမည်၊ |
(ဃ) | ဆေးခန်းလူနာစာရင်းကို အပတ်စဉ်တင်ပြရန်အတွက် ဆေးခန်းထိုင်သူများမှ မိမိတို့၏ (၁)ပတ်စာလူနာစာရင်းကိုအထွေထွေရောဂါကုဆရာဝန် များ၏ တာဝန်ခံဆရာဝန်မှ တစ်ဆင့်ကျန်းမာရေးဌာနသို့ တနင်္လာနေ့နံနက် (၁ဝ:ဝဝ)နာရီအရောက် ပေးပို့ရမည်။ (၃)ကြိမ်ထက်ကျော်လွန် ၍လူနာစာရင်းပေးပို့ရန်ပျက်ကွက်ပါကတာဝန်ခံဆရာဝန်အားလိုအပ်သလို အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။ |
(င) | ကျန်းမာရေးဌာနမှ အစည်းအဝေးဖိတ်ကြားလျှင် မပျက်မကွက်တက်ရောက်ရမည်၊ |
(စ) | ဆေးခန်း/ဆေးဆိုင်များအတွင်း ထူးခြားဖြစ်စဉ်များရှိပါကကျန်းမာရေးဌာနသို့ အချိန်နှင့်တပြေးညီ အကြောင်းကြားရမည်၊ |
(ဆ) | တာဝန်ခံဆရာဝန်၏ တာဝန်ဝတ္တရားများကို လစဉ်အလှည့်ကျထမ်းဆောင်လိုပါက ဌာနသို့လစဉ်သတင်းပေးပို့၍ ဆောင်ရွက်နိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆေးခန်းပစ္စည်းစာရင်းများအား စနစ်တကျ လွှဲပြောင်း/လက်ခံစာအုပ်ထားရှိ ဆောင်ရွက်ရမည်။ |
ဆေးခန်းထိုင်ရန်လျှောက်ထားခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ဖွင့်လှစ်ထားရှိသော ရပ်ကွက် ဆေးခန်းများ၌ လစ်လပ်နေရာများတွင် ဆေးခန်းထိုင်လိုသူ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန် များ၊ တိုင်းရင်းဆေးသမားတော်များအနေဖြင့်မြို့တော်ခန်းမ နေ့အရေးပေါ်ဆေးခန်းနှင့်ဇေယျသိဒ္ဓိဝန်ထမ်းအိမ်ရာ(အခမဲ့)ဆေးခန်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်း များနှင့်ဝန်ထမ်းမိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့တော်ခန်းမ နေ့အရေးပေါ် ဆေးခန်းနှင့်ဇေယျသိဒ္ဓိဝန်ထမ်းအိမ်ရာဆေးခန်းတို့တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးလျက် ရှိပါသည်။