စက်ရုံနှင့်မော်တော်ယာဉ်ဌာန
ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
၁။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သယ်ယူပို့ဆောင်ရေးနှင့် ယန္တရား/စက်ပစ္စည်းထောက်ပံ့မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊
၂။
မြို့နယ်အသီးသီးတွင် လမ်းဖောက်လုပ်ခြင်း၊ လမ်းပြင်ခြင်း၊ မြောင်းသွယ်ခြင်းလုပ်ငန်းများ၊ အမှိုက်သိမ်းဆည်းရေးနှင့် မိလ္လာသိမ်းဆည်းခြင်းလုပ်ငန်းများအတွက် ရေပုပ်စုပ်ယာဉ်၊ လုပ်ငန်းသုံးယာဉ်နှင့် ယန္တရားများကို ပံ့ပိုးပေးခြင်း၊
၃။
ကော်မတီရှိ လုပ်ငန်းသုံးယာဉ်၊ ယန္တရားများကို စနစ်တကျစီမံထားရှိခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
၄။
ကော်မတီအတွက် လိုအပ်သော ယာဉ်/ယန္တရားများ၊ တာယာ/ ဘတ္ထရီများအား စနစ်တကျ တင်ဒါခေါ်ယူ၍ ဝယ်ယူပေးခြင်း၊
၅။
အလုပ်ရုံနှင့် ယာဉ်ဂိုဒေါင်များသန့်ရှင်းရေး၊ လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ခြင်း၊
၆။
တာဝန်ယူထိန်းသိမ်းကွပ်ကဲရသော ယာဉ်/ယန္တရားများ၏ ပြန်တမ်းစာရင်းများ၊ Log book များကို စနစ်တကျပြုစုထားရှိခြင်း၊
၇။
ဆက်လက်အသုံးပြုရန်မသင့်တော်သည့် ယာဉ်၊ယန္တရားများအား သံရည်ကျိုအပ်နှံရန် စီမံဆောင်ရွက်ခြင်း၊
၈။
နိုင်ငံတော်မှကြီးမှူးကျင်းပသော အထိမ်းအမှတ်နေ့များ၊ သာသနာရေးကိစ္စရပ်များတွင် ကော်မတီ၏ လမ်းညွှန်မှုဖြင့် ယာဉ်၊စက်ယန္တရားများ စီစဉ်ပံ့ပိုးဆောင်ရွက်ပေးရခြင်း၊
၉။
မိမိဌာနရှိအရာထမ်း၊ အမှုထမ်းများကို စနစ်တကျလေ့ကျင့်ပညာပေးခြင်း၊
၁၀။
မော်တော်ယာဉ်ဝင်းလုံခြုံရေး၊ သန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် စီစဉ်ဆောင်ရွက်ခြင်း။