၁။
ဖွဲ့စည်းပုံရေးဆွဲခြင်း၊ ရာထူးတီထွင်ခြင်း၊ ၀န်ထမ်းများစတင် ခန့်ထားခြင်း၊ အတည်ပြုခန့်ထားခြင်း၊ ရာထူးတိုးမြှင့် ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊
၂။
ဝန်ထမ်းများခွင့်ခံစားခြင်း၊ အငြိမ်းစားယူခြင်း၊ အငြိမ်းစားဝန်ထမ်းများကို ဘဏ္ဍာရေးနှစ်အလိုက် ခန့်ထားခြင်း၊ ကျွမ်းကျင်ပညာရှင်များ ခန့်ထားခြင်း၊
၃။
၀န်ထမ်းများ၏ အမှုထမ်းသက်မှတ်တမ်း၊ ဝန်ထမ်းအင်အားစာရင်းများကို ထိန်းသိမ်းခြင်း၊ စိစစ်ခြင်း၊ ကိုယ်ရေးအကျဉ်းမှတ်တမ်း၊
အတွင်းရေး အစီရင်ခံစာများ၊ ကိုယ်ရေးအရည်အချင်း မှတ်တမ်းများ ထိန်းသိမ်းခြင်း၊
၄။
သင်တန်းများစေလွှတ်ခြင်း၊
၅။
နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူး၊ ဘွဲ့ထူးလက်မှတ်၊ ဆုတံဆိပ်များရရှိစေရန် အစီရင်ခံစာတင်ပြခြင်း၊
၆။
၀န်ထမ်းများရာထူးမှ ခေတ္တချထားခြင်း၊ ပြန်လည်ခန့်ထားခြင်း၊ တာ၀န်မှယာယီ ရပ်ဆိုင်းခြင်း၊ ရာထူးမှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း၊ ထုတ်ပစ်ခြင်းစသည့် ၀န်ထမ်ရေးရာ
ကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း၊
၇။
၀န်ထမ်းသင်တန်းကျောင်းတွင် အကြီးအကဲများ၏လမ်းညွှန်ချက်နှင့်အညီ ကော်မတီအတွက်လိုအပ်သည့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခြင်း၊
၈။
ကော်မတီရှိ ဝန်ထမ်းစာရင်းအင်အားကို ထိန်းသိမ်းပြုစုခြင်း၊ စိစစ်ခြင်း၊ ကိုယ်ရေးရာဇဝင် မှတ်တမ်းများ ထိန်းသိမ်းခြင်း၊
၉။
ဝန်ထမ်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ အပြစ်ပေးမှု၊ ဌာနဆိုင်ရာ အရေးယူမှု၊ စုံစမ်းစစ်ဆေး မှုများကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း၊
၁၀။
ဝန်ထမ်းရေးရာကိစ္စရပ်များကို ကော်မတီ၏ ဆုံးဖြတ်ချက်အရ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊
၁၁။
မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံသော ပစ္စည်းခွန်များနှင့် အခြား အခွန်အကောက်များ ပြည့်ဝစွာကောက်ခံရရှိရေးအတွက် တွန်းအားပေးခြင်း၊ လုပ်ငန်းလိုင်စင် များ ကြွေးကျန်မရှိကောက်ခံနိုင်ရေး၊ ကောက်ခံရရှိငွေများ အလွဲသုံးစားမရှိစေရေးတို့အတွက် ဆောင်ရွက်ခြင်း၊
၁၂။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရာပြတ်ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာန၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)တို့က စည်းကြပ်သော မြေငှားရမ်းခ၊ ပစ္စည်းခွန်၊ သန့်ရှင်းရေးဆောင်ရွက်ခ၊ ရေဖိုးရေခများကို ယင်းဌာနများကပေးပို့သော အချက်အလက်များ အရ ပေါင်းစည်းပြေစာများထုတ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံ နိုင်ရေး ဆောင်ရွက်ခြင်း၊
၁၃။
အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံမရသော ပေါင်းစည်းပြေစာများကို ဘဏ္ဍာရေးနှစ် အလိုက် စနစ်တကျပယ်ဖျက်နိုင်ရေး ဆောင်ရွက်ခြင်း၊
၁၄။
နေပြည်တော်နယ်နိမိတ်အတွင်း မြို့တော်သူ၊ မြို့တော်သားများအား မြို့တော်အင်္ဂါရပ်နှင့် အညီ နေထိုင်ကြစေရန် စည်းရုံးခြင်း၊ စည်ပင်သာယာလုပ်ငန်းများအကြောင်း သိကောင်းစရာ အဖြာဖြာကို ပြည်သူတို့ ကျယ်ပြန့်စွာ သိရှိနားလည်စေရန် သတင်းပြန်ကြားခြင်း၊ မြို့တော်သူ မြို့တော်သားများ၏ စည်ပင်သာယာရေးဆိုင်ရာ အခက်အခဲများကို ပြန်ကြားဖြေရှင်းပေးသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊
၁၅။
နေပြည်တော်နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင်များ၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင် လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်နှင့် ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်များ စိစစ်ခွင့်ပြု ခြင်း/ ပယ်ဖျက်ခြင်း၊ ယာယီဇာတ်ရုံများ ဆောက်လုပ်ခွင့်ပြုခြင်း၊ ယင်းတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စည်းကမ်းများသတ်မှတ်ခြင်း၊
၁၆။
လမ်းဘေးဈေးဆိုင်၊ လမ်းဘေးဈေးသည်များနှင့်ပတ်သက်၍ ကြီးကြပ်ခြင်း၊ စည်းကမ်းများ သတ်မှတ်ခြင်း၊ အချိန်နှင့်နေရာသတ်မှတ်ခြင်း၊
၁၇။
နေပြည်တော်နယ်နိမိတ်အတွင်း တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့်တည်းခိုရိပ်သာ များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ စစ်ဆေးခြင်း၊ အရေးယူခြင်း၊
၁၈။
နေပြည်တော်နယ်နိမိတ်အတွင်းရှိ မြို့နယ်တရားရုံး (စည်ပင်သာယာ)၊ မြို့နယ်ဥပဒေရုံး (စည်ပင်သာယာ) ဖွင့်လှစ်ခြင်း၊ ကြီးကြပ်ခြင်း၊
၁၉။
ကော်မတီနှင့်အကြီးအကဲများက ချမှတ်သည့် အမိန့်ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်း များကို သက်ဆိုင်ရာဝန်ထမ်းအားလုံး သိရှိလိုက်နာရေးအတွက် ထပ်ဆင့်ညွှန်ကြားခြင်း၊ ထုတ်ပြန်ခြင်း၊
၂၀။
မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများအား ကြီးကြပ်ကွပ်ကဲခြင်း၊ ဆုံးဖြတ်ချက်များ နှင့်အညီ လုပ်ငန်းအကောင်အထည်ဖော်ရန် ညွှန်ကြားခြင်း၊ ညှိနှိုင်းပေးခြင်း၊ အစီရင်ခံစာများ၊ စာရင်းများလစဉ်တင်ပြရန် ညွှန်ကြားခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများက တင်ပြလာသော အခက် အခဲများနှင့် လုပ်ငန်းများအား ဌာနဆိုင်ရာများသို့ ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ အကြီးအကဲများထံ တင်ပြခြင်း၊
၂၁။
ဌာန၊ ရုံးများအတွက် လိုအပ်သော ရုံးသုံးစက္ကူနှင့် စာရေးကိရိယာများ၊ ပုံနှိပ်ပုံစံများ ဝယ်ယူ ခြင်း၊ မှာယူခြင်းနှင့် ဌာန၊ ရုံးများသို့ ပြန်လည်ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ခြင်း၊
၂၂။
ကော်မတီ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတော်၏ နေ့ကြီး၊ ရက်ကြီး ပွဲလမ်းသဘင်များတွင် အဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်ရသည့်အခါ ကော်မတီကိုယ်စား ပါဝင်ဆောင်ရွက်ခြင်း၊
၂၃။
နေပြည်တော်နယ်နိမိတ်အတွင်းရှိ အနှေးယာဉ်များ၊ မြို့တွင်းပြေးဆွဲနေသောယာဉ်လိုင်းများ နှင့်ပတ်သက်၍ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊
၂၄။
ယာယီစီးပွားရေးစုပုံလုပ်ငန်းများအား ယာယီခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်းနှင့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊
၂၅။
ကော်မတီက တာဝန်ပေးအပ်ထားသည့် ဆိုင်/မြေများ အငှားချခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊
၂၆။
မြို့တော်ခန်းမအဆောက်အအုံ သန့်ရှင်းကောင်းမွန်စေရေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်ရန်နှင့် အခါအားလျော်စွာ ကော်မတီမှတာဝန်ပေးအပ်သော ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
၂၇။
မြို့တော်ခန်းမရုံးချုပ်၊ နေပြည်တော်ဝန်ထမ်းအိမ်ရာတို့ရှိ ဝန်ထမ်းများအား စည်းကမ်းထိန်း သိမ်းရေးနှင့် ရုံးတက်/ရုံးဆင်းချိန် မှန်ကန်ရေး၊ ဝတ်စားဆင်ယင်မှု စနစ်တကျရှိရေး ဆောင် ရွက်ပေးခြင်း၊
၂၈။
ကော်မတီနှင့်သက်ဆိုင်သည့် သတင်းစာပါ ကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ အား သက်ဆိုင်ရာဌာန၊ ရုံးများနှင့်ညှိနှိုင်း၍ သတင်းစာတွင် ပြန်ကြားနိုင်ရေးဆောင်ရွက်ခြင်း၊
၂၉။
ကော်မတီရှိ ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ နေရာချထားခြင်း များကို ကြီးကြပ်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းရေးတွင် ကြီးကြပ်ကွပ်ကဲခြင်း၊
၃၀။
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ အဆောက်အအုံများနှင့်ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်ခြင်း၊ ကြပ်မတ်ခြင်း၊ စစ်ဆေးခြင်း၊ ငှားရမ်းခများ ကောက်ခံခြင်း၊
၃၁။
နေပြည်တော်ဝန်ထမ်းအိမ်ရာအသီးသီးရှိ နှစ်ရှည်ပင်နှင့်ရာသီသီးနှံစိုက်ခင်းများအား စစ်ဆေးခြင်း၊ အမှတ်ပေးခြင်း၊
၃၂။
ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝင်ငွေရလုပ်ငန်းများအား ကော်မတီ၏ တာဝန်ပေးချက်အရ ကြီးကြပ်ကွပ်ကဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၃၃။
ကော်မတီမှ ခွင့်ပြုသော လုပ်ငန်းလိုင်စင်ရလုပ်ငန်းများကို လုပ်ကိုင်သူများ၏ ဥပစာရှိ ဆိုင်းဘုတ်အခွန်အခများကို ကော်မတီမှ သတ်မှတ်နှုန်းထားများအတိုင်း စိစစ်ကောက်ခံခြင်း။