nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
စျေးများဌာန

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနသည် စျေးများအားလုံးစည်ကားသိုက်မြိုက်စွာဖြင့် ရောင်းဝယ်ဖောက်ကားပြီး
သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၍ကျန်းမာရေးနှင့်ညီညွတ်သည့် စျေးများဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အောက်
ဖော်ပြပါလုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါသည်-
(က)ကော်မတီနယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသောစျေးများတွင် ဆိုင်ခန်းများအငှားချထားခြင်း၊ စျေးစည်းကမ်းဖောက်ဖျက်သည့်ဆိုင်များအား ပြန်လည်သိမ်းယူခြင်းနှင့် ဆိုင်ခန်းအားတရားဝင် လွှဲပြောင်းထား သူများအား ရောင်းချသတ်မှတ်ခွင့်ပြုခြင်း။
(ခ)သတ်မှတ်ထားသော စျေးစည်ကမ်းများကို ကြီးကြပ်ထိန်းသိမ်းခြင်း၊ စည်းကမ်းဖောက်ဖျက်သူများအား အရေးယူခြင်း။
(ဂ)စျေးအသီးသီးအတွက် စျေးခွန်ပြေစာများနှင့် စျေးကောက်လက်မှတ်များကို ထုတ်ပေးခြင်း၊ စျေးခွန်စျေးကောက်များပြည့်ဝစွာ ကောက်ခံရရှိရန်ဆောင်ရွက်ခြင်း။
(ဃ)စျေး၏လုံခြုံရေးနှင့် သန့်ရှင်းရေးကို စနစ်တကျကောင်းမွန်စေရန်ဆောင်ရွက်ခြင်း။
(င)စျေးရုံအဆောက်အအုံများရှိ ဆိုင်နေရာပုံစံများ၊ စျေးဆိုင်စာရင်းများနှင့် စျေးလုပ်ငန်းဆိုင်ရာစာရင်းဇယားများ ပြုစုထိန်းသိမ်းခြင်း။
(စ)စျေးအသီးသီးရှိ စျေးရုံများ၊ စျေးဆိုင်ခန်းများ၊ စျေးတာဝန်ခံရုံးများပြင်ဆင်ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်းနှင့် စျေးအတွင်းရေပေးရေးစနစ်၊ လျှပ်စစ်မီးနှင့် အခပေးအိမ်သာများပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။
(ဆ)ပျံကျစျေးသည်များအတွက် စျေးကွက်များ ဖော်ထုတ် နေရာချ ထားပေးခြင်း။
၂။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ စျေးများဌာနမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • နေပြည်တော်မြို့မစျေး
  • သပြေကုန်းစျေး
  • သီရိရတနာအဆင့်မြင့်စျေး
  • အင်ကြင်းစျေး
  • သရဖီစျေး
  • ချယ်ရီစျေး
  • ဂန္ဓမာစျေး
  • ခရေစျေး
  • ပြန်ကပြေးစျေး
  • ရေဆင်းစျေး
  • ရွှေကြာပင်စျေး
  • နေပြည်တော်ဒက္ခိဏသီရိစျေး
  • နေပြည်တော်ပုဗ္ဗသီရိစျေး
  • ငုရွှေဝါစျေး
  • ကျည်တောင်ကန်စျေး
  • ဥတ္တသီရိအဆင့်မြင့်စျေး
  • ရွှေသဇင်စျေး
  • တောင်ဇလပ်စျေး
  • ဇီဇဝါစျေး
  • ရွှေနံ့သာစျေး
  • တောင်ညိုစျေး
  • ဥတ္တရသီရိ ကုန်စိမ်း၊ ကုန်ခြောက်၊ သား/ငါးစျေး
  • အာဟာရသုခစျေး
  • ပျဉ်းမနားအမှတ်(၁)မြို့မစျေး
  • ယုဇနစျေး
  • လမ်းပျဉ်းမနားစျေး
  • ဆင်သေစျေး
  • ကေးလမ်း(မယ်ဒယ်ချောင်)စျေး
  • လယ်ဝေးမြို့မစျေး
  • သာဝတ္တိစျေး
  • အေလာစျေး
  • ကန်သာစျေး
  • သပြေပင်စျေး
  • သစ်ပုတ်ပင်စျေး
  • တပ်ကုန်းမြို့မစျေး
  • ညောင်လွန့်စျေး
  • ရွှေမြို့စျေး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများ




နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများ