nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
ညှိနှိုင်းဆောင်ရွက်ရေးဌာန

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ ကော်မတီလက်အောက်ရှိဌာနများကဆောင်ရွက်သည့်လုပ်ငန်းနှင့် စီမံကိန်းလုပ်ငန်းများအတွက်သက်ဆိုင်ရာဌာနများမှ ပြုစုထားရှိသည့် ခန့်မှန်း
ခြေစာရင်းတွင်ပါရှိသောပစ္စည်းများ၊ လုပ်သားအင်အား၊ စက်/ယန္တရား၊လုပ်ငန်းသုံးပစ္စည်း၊ ကိရိယာအစရှိသည်တို့သည် သတ်မှတ်ထားသောစံချိန် စံညွှန်းများနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်တင်ပြခြင်း၊ ခန့်မှန်းခြေပါအင်ဂျင်နီယာဒီဇိုင်းပုံစံများအား သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိစေရန် စိစစ်
တင်ပြခြင်းနှင့် ပြင်ပမှ၀ယ်ယူသုံးစွဲ ရသောပစ္စည်းများအတွက် ဒေသန္တရပေါက်စျေးနှုန်းခွင့်ပြုသတ်မှတ်ချက်နှင့်ညီ/မညီစိစစ်တင်ပြခြင်း။
၂။ ကော်မတီရန်ပုံငွေမှကျခံသုံးစွဲမည့်လုပ်ငန်းများနှင့်စီမံကိန်းလုပ်ငန်းများအတွက်တင်ပြလာသောခန့်မှန်းခြေစာရင်းများကို ကော်မတီမှလုပ်ငန်း
ဆောင်ရွက်ခွင့်ပြုနိုင်ရေးနှင့် ခွင့်ပြုရန်ပုံငွေသတ်မှတ်ပေးရေးအတွက်စိစစ်တင်ပြခြင်း။
၃။ ပြင်ပမှ၀ယ်ယူသုံးစွဲရသောပစ္စည်းများအတွက် ကာလအလိုက် ဒေသန္တရပေါက်စျေးနှုန်းများစုံစမ်းတင်ပြ ခြင်းနှင့် ဒေသစျေးနှုန်း
သတ်မှတ်ပေးနိုင်ရေးအတွက် ကော်မတီသို့ ပြုစုတင်ပြခြင်း။
၄။ ကော်မတီမှ ဖွဲ့စည်းပေးထားသည့် လုပ်ငန်းပြီးစီးမှု(W.D) စစ်ဆေးရေးအဖွဲ့မှ စိစစ်တင်ပြလာသော လုပ်ငန်းပြီးစီးမှု ပမာဏအပေါ်ကော်မတီ
အတည်ပြုချက်ရရှိရန် ခန့်မှန်းတန်ဖိုးသတ်မှတ်တင်ပြခြင်း။
၅။ ကော်မတီမှ ဖွဲ့စည်းပေးထားသည့် အရည်အသွေး (Q.C) စစ်ဆေးရေးအဖွဲ့မှ စိစစ်ပြီးလုပ်ငန်းများ၏ ခန့်မှန်းခြေစာရင်းအလိုက် လုပ်ငန်းတန်ဖိုး
များမှ စံနှုန်းတန်ဖိုးငွေ သတ်မှတ်ခြင်း။
၆။ ကော်မတီမှဖွဲ့စည်းပေးထားသည့်အရည်အသွေး(Q.C) စစ်ဆေးရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်များတွင် အသုံးပြုမည့်ဆောက်လုပ်ရေးပစ္စည်းများသုံးစွဲမှုတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာဂုဏ်သတ္တိနှင့်စံချိန်စံညွှန်းများ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းများကို မှတ်
တမ်းထားရှိခြင်း။
၇။ ကော်မတီမှဖွဲ့စည်းပေးထားသည့်လုပ်ငန်းပြီးစီးမှု(W.D) စစ်ဆေးရေးအဖွဲ့မှခွင့်ပြုပြီးသောလုပ်ငန်းများ၏ လုပ်ငန်းကုန်ကျငွေများအပြီးသတ်
ထုတ်ယူဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးတင်ပြလာသော ဆောင်ရွက်ပြီးလုပ်ငန်းပမာဏ အပေါ် တန်ဖိုးငွေသတ်မှတ်ခြင်းများအား မှတ်တမ်း
ပြုစုထိန်းသိမ်းခြင်း။
၈။ ကော်မတီက နှစ်အလိုက်ဆောင်ရွက်ခွင့်ပြုထားသော အဆောက်အအုံ၊ လမ်း/တံတား၊ စင်္ကြန်၊ ရေမြောင်း၊ ရေပေးရေးအဆောက်အဦ၊ စက်/
ယန္တရား၊ စက်ရုံနှင့်အလုပ်ရုံမှတ်တမ်းများကို ပြုစုထိန်းသိမ်းခြင်း။
၉။ ဌာနများမှ ကော်မတီရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၏လချုပ်စာရင်းများ၊ အပတ်စဉ်၊ လစဉ် လုပ်ငန်းပြီးစီးမှုများနှင့် Vetted လချုပ်များအား စိစစ်တင်ပြခြင်း။
၁၀။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ယင်းနယ်နိမိတ်အတွင်း နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများရေးဆွဲဆောင်ရွက်ထားရှိသည့်အဆောက်
အဦ၊ လမ်း/တံတား၊ စင်္ကြန်၊ ရေမြောင်း၊ အားကစားကွင်းများသစ်လွင်လှပရေးနှင့် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြေစေရေးလုပ်ငန်းများကို မှတ်တမ်းထားရှိခြင်း။