nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ နေပြည်တော်စည်ပင်သာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနကို အရာရှိ(၁၁)ဦး၊ဝန်ထမ်း(၆၆)ဦးတို့ဖြင့်ဖွဲ့စည်းရန်လျာထားပါသည်။
၂။ သားသတ်ရုံများနှင့်မြို့နယ်အတွင်း အသားထုတ်လုပ်သည့် သားသတ်ရုံများ စနစ်တကျ ရှိစေရေး၊ အသားထုတ်လုပ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး၊ သင့်လျော်သည့် နေရာများတွင် ဌာနပိုင်သားသတ်ရုံများ တိုးချဲ့တည်ဆောက်ခြင်း။
၃။ ကော်မတီနယ်နမိတ်အတွင်းတိရစ္ဆာန်မှ တိရစ္ဆာန်သို့လည်းကောင်း၊ တိရိစ္ဆာန်မှ လူသို့လည်းကောင်း ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း၊ အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
၄။ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့တော်နယ်နိမိတ်အတွင်း လေလွင့်သွားလာနေသည့် ခွေးလေခွေးလွင့်၊ ကြွက်နှင့်ကျီးကန်းများကိုရှင်းလင်းသုတ်သင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။
၅။ ကော်မတီနယ်နိမိတ်အတွင်း စည်းကမ်းမဲ့လွှတ်ကျောင်းထားသည့် တိရစ္ဆာန်များအား ဖမ်းဆီးခြင်း။
၆။ မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သင့်လျော်သည့်နေရာများတွင် တိရစ္ဆာန်ဆေးကုခန်းများနှင့် ဓါတ်ခွဲခန်းဖွင့်လှစ်ဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်ခြင်း။
၇။ သားသတ်ရုံများ၊ တိရစ္ဆာန်လှောင်ခြံများ၊ တိရစ္ဆာန်များအား စနစ်တကျရှိစေရေး စီစဉ်ဆောင်ရွက်ခြင်း။
၈။ ခွင့်ပြုချက်မဲ့သတ်ဖြတ်သည့်နေရာများအား အချိန်မရွေးဝင်ရောက်စစ်ဆေး၍ ရှာဖွေဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
၉။ စျေးခုံလုပ်ကိုင်ခွင့်(အသားထုတ်လုပ်ရောင်းချခွင့်)၊ သားငါးရောင်းချခွင့်လိုင်စင်၊ တိရစ္ဆာန်မွေးမြူခွင့်လိုင်စင်၊ အိမ်မွေးတိရစ္ဆာန်မွေးမြူခွင့်၊ တိရစ္ဆာန်(အရှင်)နှင့်အလှမွေးတိရစ္ဆာန်(အရှင်)များရောင်းဝယ်ခွင့် လိုင်စင်ထုတ်ပေးခြင်း ပယ်ဖျက်ခြင်းနှင့်ပိတ်သိမ်းခြင်း။
၁၀။ အလှမွေးတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များအားမှတ်ပုံတင်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း။
၁၁။ သားသတ်ရုံစည်းကမ်းချက်များ၊ စျေးခုံလုပ်ကိုင်ခွင့်စည်းကမ်းချက်များ၊ သားငါးရောင်းချခွင့်၊ တိရစ္ဆာန်မွေးမြူခွင့်၊ အိမ်မွေးတိရစ္ဆာန်မွေးမြူခွင့်၊ တိရစ္ဆာန်(အရှင်)နှင့်အလှမွေးတိရစ္ဆာန်အရှင်များရောင်းဝယ်ခွင့်လိုင်စင်စည်းကမ်းများကို ဥပဒေနှင့်အညီ ရေးဆွဲပြဌာန်းထုတ်ပြန်ပေးခြင်း။
၁၂။ ကျွဲ၊နွားပွဲစျေးဖွင့်လှစ်ခြင်း။
၁၃။ အများပြည်သူစားသုံးရန် ဘာသာရေးအတွက် ဆောင်ရွက်သည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် တိရိစ္ဆာန်သတ်ဖြတ်ခွင့်ကိုသက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းကူညီဆောင်ရွက်ခြင်း။
၁၄။ မြို့တော်နယ်နိမိတ်အတွင်း သားသတ်ရုံများတည်ထောင်ဖွင့်လှစ်ခြင်း၊ လိုအပ်ပါက သားသတ်ရုံ လုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး(သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်ရပ်ကိုလေလံစနစ်ဖြင့်ဖြစ်စေ စည်းကမ်းချက်များသတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုခြင်း။
၁၅။ သားသတ်ရုံများမှထွက်ရှိသော ဘေးထွက်ပစ္စည်းရောင်းဝယ်ခွင့်၊ သယ်ဆောင်ခွင့် လိုင်စင်များအား စည်းကမ်းများနှင့်အညီ ထုတ်ပေးခြင်း၊ ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်း။
၁၆။ ကြက်၊ဘဲအရှင်များသတ်ဖြတ်မည့်နေရာအား သတ်မှတ်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း၊ ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်း။
၁၇။ ဌာနအတွက်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်တင်ပြခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စနစ်တကျထုတ်ပေးခြင်း။
၁၈။ မြို့တော်နယ်နိမိတ်အတွင်းသို့ မြို့တော်ပြင်ပမှရောက်ရှိလာသော တိရစ္ဆာန်အရှင်နှင့် အသားများကို စည်းကမ်းသတ်မှတ်၍ သယ်ဆောင်ရောင်းချခွင့်လိုင်စင်ထုတ်ပေးခြင်း၊ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်း။
၁၉။ အသားထုတ်လုပ်ရေးဌာနခွဲများအားအဆင့်မြှင့်တင်နိုင်ရေးနှင့် သားသတ်ရုံများတိုးချဲ့နိုင်ရေး စီမံဆောင်ရွက်ခြင်း။
၂၀။ အသားထုတ်လုပ်ရေးဌာနခွဲမှထွက်ရှိလာသော ဘေးထွက်ပစ္စည်းများဖြင့် လူသုံးပစ္စည်းများ၊ မြေသြဇာများထုတ်လုပ်ခြင်း။
၂၁။ အသားထုတ်ပိုးသည့်လုပ်ငန်းများ၊ အသားပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများအား စစ်ဆေးကြပ်မတ်ခြင်း။

သားသတ်လိုင်စင်လေလံစနစ်ဖျက်သိမ်း၍စျေးခုံစနစ်ဖြင့်ဆောင်ရွက်ခြင်း

၁။ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်(၈)မြို့နယ်(တပ်နယ်မပါ)တို့တွင် ၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သားသတ်လုပ်ငန်းလိုင်စင်(၇၈)ခုအား လေလံစနစ်ဖြင့်ဆောင်ရွက်ရာမှ ဝန်ထမ်းများ၊ပြည်သူလူထုများ အသားစျေးနှုန်းများကျဆင်းစေရန်အတွက် (၁.၇.၂၀၁၂)ရက်နေ့တွင် လေလံစနစ်ဖျက်သိမ်းပြီး စျေးခုံစနစ်ဖြင့် ရောင်းချစေခဲ့ပါသည်။
၂။ စျေးခုံစနစ်ဆိုသည်မှာ- အသားထုတ်လုပ်ရောင်းချမှုများအတွက် လေလံ(လိုင်စင်)စနစ်ကဲ့သို့ တစ်ဦးတစ်ယောက်တည်းမှလုပ်ငန်းအား ချုပ်ကိုင်ထားသောစနစ်မျိုးမဟုတ်ဘဲ အသားထုတ်လုပ်ရောင်းချလိုသူတိုင်း မိမိရောင်းချလိုသောစျေး၊နယ်မြေအလိုက် လျှောက်လွှာတင်သွင်းစေပြီး ကျသင့်သောတန်ဖိုးအား ရောင်းချလိုသူအရေအတွက်ကို ပျမ်းမျှနှုန်းဖြင့်သတ်မှတ်ပြီး လစဉ်အရစ်ကျကြေးပေးဆောင်စေ၍ စျေးနှုန်းကန့်သတ်မှုမရှိပဲ လွတ်လပ်စွာအပြိုင်အဆိုင် ရောင်းချနိုင်သောစနစ်ဖြစ်ပါသည်။

စျေးခုံစနစ်၏ရည်ရွယ်ချက်

၃။ (က) သားသတ်လိုင်စင်လေလံစနစ်အားဖျက်သိမ်း၍ စျေးခုံစနစ်ဖြင့်ဆောင်ရွက်ရာတွင် ယခင်သားသတ်လိုင်စင်ရရှိသူ တစ်ဦးတည်းကသာ ချုပ်ကိုင်မှုမျိုး ရှိခဲ့သော်လည်း ယခုစနစ်၌ အသားရောင်းချလိုသူများ အပြိုင်အဆို င်ရောင်းဝယ်ခြင်းအားဖြင့် အသားစျေးနှုန်းများ ကျဆင်းလာစေရန်၊
(ခ) ပြည်သူလူထုသည် သန့်ရှင်းလတ်ဆတ်သောအသားများအား စျေးနှုန်းသင့်တင့်စွာဖြင့် ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန်၊
(ဂ) လေလံစနစ်ပပျောက်ပြီး အမှန်တကယ်ရောင်းချလိုသူများသည် သင့်တင့်မျှတသော အရင်းအနှီးဖြင့် လုပ်ငန်းလုပ်ကိုင် နိုင်စေရန်နှင့် ရေရှည်လုပ်ကိုင် ဆောင်ရွက်နိုင်သော စနစ်ဖြစ်စေရန်။

စျေးခုံစနစ်ဆောင်ရွက်မှုအခြေအနေ

၄။ (က) သားသတ်လိုင်စင်လေလံစနစ်အား ဖျက်သိမ်း၍ အသားရောင်းချလိုသူအားလုံးကို စျေးခုံစနစ်ဖြင့် စနစ်တကျရောင်းချစေခြင်း၊
(ခ) ယခင်လေလံကြေး(၃)နှစ် (၂၀၁၀-၂၀၁၁ ခုနှစ်မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ)အတွင်း အနည်းဆုံး လေလံကြေးအားအခြေခံ၍ရောင်းချလိုသောမြို့နယ်၊စျေးများတွင် ရောင်းချလိုသူအရေအတွက်ဖြင့်တစ်ဦးစီကျသင့်ငွေအား သတ်မှတ်ခြင်း၊
(ဂ) တစ်နှစ်စာအတွက်ပေးသွင်းရမည့် စျေးခုံကြေးအား လစဉ်အရစ်ကျပေးသွင်းစေခြင်း၊
(ဃ) အသားထုတ်လုပ်သည့်ကောင်ရေအား ယခင်လေလံကဲ့သို့ လစဉ်ပုံသေ(တစ်နှစ်စာ) သတ်မှတ်မထားပဲ မိမိရောင်းဝယ်မှုအခြေအနေအရ အတိုး/အလျော့ပြုစေခြင်း၊
(င) မိမိရောင်းဝယ်မှုအင်အားအရ လုပ်ငန်းလုပ်ကိုင်နိုင်သလောက်သာ စျေးခုံရယူရောင်းဝယ်စေခြင်း
(စ) အသားထုတ်လုပ်မှုအတွက် ကော်မတီပိုင်သားသတ်ရုံမရှိမီ ယာယီသားသတ်ရုံ မြေနေရာ အဆောက်အအုံအား အောက်ပါအချက်အလက်များနှင့်အတူဌာနသို့ တင်ပြရမည်ဖြစ်ပါသည်-
(၁) ရပ်ကွက်/ကျေးရွာအတွင်းနှင့် ဘာသာရေးအဆောက်အဦများနှင့် လွတ်ကင်းသောနေရာဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံ
ချက်၊
(၂) ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊
(၃) အသားထုတ်လုပ်ရေးရုံပတ်ဝန်းကျင်အနား(၄)ရပ်ရှိပြည်သူများမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊
(၄)သက်ဆိုင်ရာမြေစာရင်းဦးစီးဌာန လယ်မြေ/ယာမြေမဟုတ်ခြင်း၊ဆည်မြောင်း တာတမံနှင့်လွတ်ကင်းကြောင်း ထောက်ခံချက်(လိုအပ်ပါကမြေပုံပါတင်ပြရပါမည်)၊
(၅) သားသတ်ရုံလုပ်သားများ၏ ကူးစက်ရောဂါမရှိကြောင်း နီးစပ်ရာ ကျန်းမာရေးမှူး/ဆရာဝန်များ၏ ဆေးစစ်ဆေးချက်/ထောက်ခံချက်၊
(၆) သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ်မီးသတ်ဦးစီးဌာန၏ မီးဘေးအန္တရာယ်လုံခြုံရေး ဆောင်ရွက်ထားမှုထောက်ခံချက်။

စျေးခုံစနစ်အားသုံးသပ်ချက်

၅။ (က) ပေးသွင်းရမည့်စျေးခုံကြေးငွေအား (၁)လချင်းခွဲ၍ ပေးသွင်းရသောကြောင့် အရင်းအနှီးနည်းသူများမှ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊
(ခ) သားသတ်လိုင်စင်စနစ်တွင် လေလံကြေးအများဆုံးပေးသူအား လိုင်စင်ချထားပေးခြင်းဖြစ်သော်လည်း ယခုစနစ်အရ အသားရောင်းချခွင့်လျှောက်ထားသူ
အားလုံးသို့ စနစ်တကျမှတ်ပုံတင်ပြီး ရောင်းချနိုင်ခြင်း၊
(ဂ) ယခုစနစ်အရ အသားစျေးနှုန်းအား သတ်မှတ်မှုမရှိဘဲ လွတ်လပ်စွာ အပြိုင်အဆိုင်ရောင်းချနိုင်ခြင်း၊
(ဃ) အသားထုတ်လုပ်ရောင်းချသူ များလာသဖြင့် ရောင်းချသူများမှ အပြိုင်အဆိုင် ပျူငှာစွာဆက်ဆံ၍ စျေးနှုန်းလျှော့ချရောင်းချသဖြင့် ပြည်သူများစိတ်ကျေနပ်မှုရရှိစေခြင်း၊
(င) အသားရောင်းချသူများမှ အသားအမျိုးအစားအလိုက် အလေးချိန်ပြည့်ပြည့်ဝဝရောင်းချလာသဖြင့် ပြည်သူများလိုအပ်အသား၊လိုအပ်အလေးချိန် ပြည့်ဝစွာဝယ်ယူရရှိစေခြင်း
(စ) ကိုယ်တိုင်မွေးမြူခြင်း၊ အသားထုတ်လုပ်ခြင်းဖြင့် သန့်ရှင်းလတ်ဆတ်သော အသားများရောင်းချနိုင်ခြင်း၊
(ဆ) အသားထုတ်လုပ်မည့် သားသတ်ရုံနေရာ သတ်မှတ်ဆောင်ရွက်ခြင်းဖြင့် ပိုမိုစနစ်တကျဆောင်ရွက်နိုင်ခြင်း၊
(ဇ) ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ကျယ်ပြန့်လာနိုင်ခြင်း။

စျေးခုံများအတွက် ဆောင်ရွက်နေသည့်အခြေအနေများ

၆။ (က) နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းနေထိုင်သူ ပြည်ထောင်စုမြန်မာနိုင်ငံသား အသက်(၁၈)နှစ်ပြည့်ပြီး စျေးခုံလျှောက်ထားလိုသူအားစိစစ်၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်၊
(ခ) နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်(၈)မြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် စျေးခုံလုပ်ကိုင်လိုသူများအားလျှောက်လွှာခေါ်ယူ၍ စျေးနှုန်းများညှိနှိုင်းတွက်ချက်အတည်ပြုချက်ရယူ၍ လုပ်ကိုင်ခွင့်ချပေးခဲ့ပါသည်၊
(ဂ) တရားမဝင်အသားထုတ်လုပ်ရောင်းချသူများ၊ သာရေးနာရေးအကြောင်းပြု၍ အသားပိုမိုထုတ်လုပ်ပြီး ရောင်းချမှုများရှိလာသဖြင့် ကော်မတီမှဖွဲ့စည်းပေးသောအဖွဲ့များဖြင့်ရပ်ကွက်/ကျေးရွာအရောက် စိစစ်ခြင်း၊ပညာပေးခြင်းနှင့်ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(ဃ) ဘဏ္ဍာရေးနှစ်အလိုက် အသားထုတ်လုပ်ရောင်းချခွင့်ပြုသည့် စျေးခုံများအတွက် အထွေထွေစည်းကမ်းချက်များနှင့် အသားထုတ်လုပ်ရောင်းချသူများအတွက် စည်းကမ်းချက်များပါအတိုင်း ဆက်လက်ဆောင်ရွက်နေပါသည်။

၇။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် စျေးခုံစနစ်အား စည်းကမ်းချက်များ၊ စျေးခုံစနစ်ရည်ရွယ်ချက်များနှင့်အညီလုပ်သားပြည်သူများ သန့်ရှင်းလတ်ဆတ်သောအသားများအား သင့်တင့်သောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အသားထုတ်လုပ်ရောင်းချခွင့်ပြုသည့်စျေးခုံများအတွက် အထွေထွေစည်းကမ်းချက်များ

၁။ အသားထုတ်လုပ်ရောင်းချခွင့်(စျေးခုံ) လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသား(သို့) နိုင်ငံသားအဖြစ် လက်မှတ် ရရှိထားသူ၊ အသက်(၁၈)နှစ်ပြည့်၍ အမျိုးသားမှတ်ပုံတင် (သို့) နိုင်ငံသားစိစစ်ရေး ကဒ်ပြားကို အထောက်အထား အဖြစ် တင်ပြနိုင်သူဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း နေထိုင်သူဖြစ်ရမည်။
၂။ အသားထုတ်လုပ်ရောင်းချခွင့်ရရှိသူသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီအတွက် ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းနှင့် ညွှန်ကြားချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် သက်ဆိုင်ရာစျေးခုံကို လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားသဖြင့်သာ လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရှိခံယူရမည်။
၃။ ယခင်အခွင့်အရေးလိုင်စင်များနှင့်ပက်သက်၍ နာမည်ပျက်ရှိသူများ၊ လိုင်စင်ကြေး/ စျေးခုံကြေး၊ ဒဏ်ကြေးနှင့် အခြား ပေးသွင်းရမည့်ငွေ ကြွေးကျန်ရှိသူများ၊ နာမည်ပျက်စာရင်းဝင် ဖြစ်ခဲ့ဖူးသူများနှင့် ၎င်းတို့၏ဆွေမျိုးရင်းချာ (သားသမီး/ဇနီး)ကို လုပ်ကိုင်ခွင့်ချထားပေးမည်မဟုတ်ပါ။ လုပ်ကိုင်ခွင့်ချထားပေးပြီးမှ ယင်းအချက်အလက်များ စစ်ဆေးတွေ့ရှိပါက လုပ်ကိုင်ခွင့်ချထားခြင်းကို ပယ်ဖျက်မည် ဖြစ်ပါသည်။
၄။ စျေးခုံတစ်ခုချင်းအလိုက် သက်ဆိုင်သည့် အသေးစိတ် စည်းကမ်းချက်များအား စာချုပ်ချုပ်ဆိုသည့် အခါတွင် ထည့်သွင်းရေးဆွဲ ချုပ်ဆိုရမည်။
၅။ စျေးခုံရရှိသူများသည် မိမိအမည်ပေါက်ပိုင်သည်အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု (မူရင်း)အား ဌာနသို့ပေးအပ်ထားရမည်။ ကာလပေါက်စျေး မှန်ကန်ကြောင်း ရာပြတ်အဖွဲ့၏ စစ်ဆေးထောက်ခံချက်၊ ပိုင်ဆိုင်မှုတည်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ သက်ဆိုင်ရာ အဆောက်အဦ ဓါတ်ပုံနှင့် မြေကွက်ပိုင်ဆိုင်မှု အတွက် မြေစာရင်းပုံစံ(၁၀၅)နှင့် (၁၀၆)တို့ကို တင်ပြရမည်။
၆။ စျေးခုံရရှိသူများသည် အာမခံငွေ(စျေးခုံအလိုက် တစ်နှစ်အတွက်သတ်မှတ်သည့် စျေးခုံကြေး၏ (၅ပုံ ၁ပုံ)အား နေပြည်တော် စည်ပင်ဘဏ်လိမိတက်သို့ ချက်ချင်းပေးသွင်းရမည်ဖြစ်သည်။ ၎င်းအာမခံငွေကို လုပ်ငန်းဆောင်ရွက် ပြီးစီးသည့်အခါ လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှုရှိမှသာ ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ခွင့် ကုန်ဆုံးသည့်နေ့မှ (၃)နှစ်အတွင်း ထုတ်ယူခြင်းမပြုပါက ထိုအာမခံငွေအား ကော်မတီပိုင်အဖြစ် သိမ်းယူမည်။
၇။ စျေးခုံရရှိသူများသည် စျေးခုံအလိုက်သတ်မှတ်သည့် အခကြေးငွေမှာ ကျပ်(၂၀၀၀၀၀ဝိ/-) (ကျပ်နှစ်ဆယ်သိန်းတိတိ)ထက် မကျော်လွန်ပါက ငွေကိုချက်ချင်း ပေးဆောင်ရမည်။ စျေးခုံအလိုက်သတ်မှတ်သည့် အခကြေးငွေသည် (၂၀၀၀၀၀ဝိ/-) (ကျပ်နှစ်ဆယ်သိန်း တိတိ)ထက် ကျော်လွန်ပါက (၁၀)ရစ်ခွဲ၍ လစဉ်ပေးသွင်းရမည်။ ၂၀၁၅ခုနှစ် ဧပြီလအတွက် စျေးခုံကြေးအား စျေးခုံအာမခံကြေးနှင့်အတူ တပြိုင်တည်းပေးသွင်း ရမည်ဖြစ်ပြီး ကျန်လများအတွက် ၂၀၁၅ခုနှစ် ဧပြီလမှ စတင်၍ ၂၀၁၅ခုနှစ် ဒီဇင်ဘာလအထိ လစဉ်လဆန်း(၁၀)ရက်နေ့ နောက်ဆုံးထားကာ (၁)လကြိုတင်ပေးသွင်းရမည်။ လစဉ်(၁၀)ရက်ထက် နောက်ကျပေးသွင်းပါက ငွေကျပ်(၁၀၀)အတွက် (၅၀ ပြား)နှုန်း ရက်လွန်ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်။ လစဉ်ပေးသွင်းရမည့်နေ့ရက်သည် ရုံးပိတ်ရက်နှင့်တိုက်ဆိုင် ပါက ကြိုတင်၍ ပေးဆောင်ရမည်။ လစဉ်ပေးသွင်းငွေကို ပေးသွင်းရမည့်လထက် ပို၍နောက်ကျလျှင် စျေးခုံလုပ်ကိုင်ခွင့် ပြုလုပ်ထားခြင်းမှ ပြန်လည်ရုတ်သိမ်းမည်ဖြစ်ပြီး ပေးသွင်းထားသော အာမခံငွေနှင့် အခွန်များကို ကော်မတီပိုင် အဖြစ်သိမ်းယူမည်။ လစဉ်ပေးသွင်းရမည့် ငွေကို လုပ်ငန်း အာမခံငွေနှင့် ခုနှိမ်ပေးသွင်းခွင့် မပြုပါ။ အခွန်ငွေကို နေပြည်တော်စည်ပင်ဘဏ် လီမိတက်မှအပ အခြားမည်သည့်နေရာတွင်မှ ပေးသွင်းခြင်းမပြုရ။ ငွေပေးသွင်းပြီးတိုင်း ငွေသွင်းချလံကို တောင်းခံရယူပြီး မူရင်းကိုဌာနသို့ ပေးအပ်၍ မိတ္တူကိုမိမိထံတွင် သိမ်းဆည်းထားရမည်။
၈။ စျေးခုံရရှိသူသည် လုပ်ကိုင်ခွင့်ရသည်နှင့် တပြိုင်နက် လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်ချုပ်ဆိုရမည်။ စာချုပ်ချုပ်ဆို၍ ကျသင့်သောအခွန်တော်ငွေ တံဆိပ်ခေါင်းခ၊ မှတ်ပုံတင်ခများအား လုပ်ကိုင်ခွင့်ရရှိသူမှကျခံရမည်။
၉။ စျေးခုံလုပ်ကိုင်ခွင့်ပြုထားခြင်းနှင့် ပက်သက်၍ (၁-၄-၂၀၁၅)ရက်နေ့မှ (၃၁-၃-၂၀၁၆)ရက်နေ့အထိ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုမည် ဖြစ်သည်။
၁၀။ လုပ်ငန်းဆောင်ရွက်စဉ်ကာလအတွင်း လုပ်ငန်းပြန်လည်အပ်နှံခြင်း၊ အကြောင်းတစုံတရာကြောင့် ပျက်ဆီးဆုံးရှုံးခြင်းများအတွက် အခွန်ငွေလျှော့ပေါ့ရန်အတွက် လျှောက်ထားလာပါက လက်ခံစဉ်းစားမည် မဟုတ်ပါ။
၁၁။ စျေးခုံရရှိသူသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အသားထုတ်လုပ်ရောင်းချသည့် လုပ်ငန်းကို ကိုယ်စားလှယ်လွှဲအပ်ခြင်း၊ ထပ်ဆင့်ငှားရမ်းခြင်း၊ ထပ်ဆင့်ရောင်းချခြင်း၊ အခြားနည်း လွှဲပြောင်းခြင်းများ မပြုလုပ်ရ။
၁၂။ စျေးခုံရရှိသူသည် သတ်မှတ်ထားသောစည်းကမ်းချက်များနှင့် စာချုပ်ပါ အချက်အလက်များကို လည်းကောင်း၊ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက် တစ်ရပ်ရပ်ကိုလည်းကောင်း ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိပါက လုပ်ကိုင်ခွင့်အား ချက်ချင်း ပြန်လည်သိမ်းယူပြီး ၄င်းမှတင်သွင်းထားသော အာမခံငွေများကို အဖွဲ့ပိုင်အဖြစ်သိမ်းယူ၍ နာမည်ပျက်စာရင်း ကြေငြာမည်ဖြစ်ပါသည်။ ပေးသွင်းရန်ကျန်ရှိငွေများ ကိုလည်း တရားစွဲဆို တောင်းခံမည်ဖြစ်ပါသည်။
၁၃။ လုပ်ငန်းဆောင်ရွက်ခွင့်ကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်ခွင့်ပြုသည်။ ညှိနှိုင်းသဘောတူထားသော စည်းကမ်းချက်များအား မိမိလုပ်ငန်း လုပ်ကိုင်စဉ် ပြင်ဆင်ပေးရန် တင်ပြခြင်းကိုခွင့်မပြု။
၁၄။ သားသတ်ရုံအဆောက်အအုံ၊ ဆိုင်ခန်းအတွင်း/ အပြင်သန့်ရှင်းရေး၊ အသေးအဖွဲပြင်ဆင်ရေးကို မိမိပိုင်ပစ္စည်းကဲ့သို့ စျေးခုံရရှိသူက ဆောင်ရွက်ရမည်။
၁၅။ ကော်မတီသည် အကျိုးအကြောင်းတစ်စုံ တစ်ရာဖော်ပြခြင်းမပြုဘဲ လုပ်ကိုင်ခွင့်ချထားပေးသော လုပ်ငန်းကို အချိန်မရွေး ရုပ်သိမ်းနိုင်သည်။
၁၆။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ပေးအပ်သူ(သို့) ဌာနမှတာဝန်ပေးအပ်သူတို့က အသားထုတ်လုပ်ရောင်းချမှု လုပ်ငန်းအား အခါအားလျော်စွာ စစ်ဆေးမည် ဖြစ်၍ စစ်ဆေးခြင်းကို ခံယူရမည်။
၁၇။ အဆောက်အအုံများ၏ လုံခြုံရေးနှင့်မီးဘေးလုံခြုံရေး ကိစ္စများကို တာဝန်ယူဆောင်ရွက်ရမည့် အပြင် သက်ဆိုင်ရာနယ်မြေ အာဏာပိုင်များ၊ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ စသည့်လုံခြုံရေး အဖွဲ့အစည်းများမှ အကူအညီတောင်းခံလာ ပါက လုံခြုံရေးအတွက် အပြည့်အဝပူးပေါင်း ကူညီရမည်။ လုပ်ကိုင်ခွင့်ရရှိသူ၏ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားပါက နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ သတ်မှတ်တန်ဖိုးအား ပေးလျော်ရမည်။
၁၈။ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။
၁၉။ အသားထုတ်လုပ်ရောင်းချခွင့် ရရှိသူသည် လုပ်ကိုင်ခွင့်ချထားပေးသည့် ကာလအတွင်း အသုံးပြုခွင့် ပေးထားသည့် အဆောက်အအုံတွင် နိုင်ငံတော်မှတားမြစ်ပိတ်ပင်ထားသည့် ဥပဒေနှင့် မလွတ်ကင်းသောကိစ္စရပ်များ ဖြစ်ပွား ပေါ်ပေါက်မှုမရှိအောင် ဆောင်ရွက်ရမည်။ အကယ်၍ ပြဿနာပေါ်ပေါက် လာပါက စျေးခုံရရှိသူ၏ တာဝန်သာဖြစ်သည်။
၂၀။ လျှပ်စစ်ဓါတ်အားခ၊ တယ်လီဖုန်းအသုံးပြုခ၊ ရေဖိုးရေခ၊ သန့်ရှင်းရေးစရိတ်နှင့် အခြား အထွေထွေအသုံး စရိတ်များအား စျေးခုံရရှိသူမှသာ ကျခံရမည်။
၂၁။ အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်ခွင့်ရပ်ဆိုင်းသည်ဖြစ်စေ၊ ဘဏ္ဍာရေးနှစ်တစ်နှစ် ကုန်ဆုံးပြီး နောက်တစ်နှစ်အတွက် ဆက်လက် မလုပ်ကိုင်လိုပါကဖြစ်စေ လက်ရှိလုပ်ကိုင်ခွင့် ရရှိသူသည် နောက်ထပ် လက်ခံမည့်သူသို့ မိမိလက်ခံစဉ်က အနေအထားအတိုင်း အသားထုတ်လုပ်ရေးရုံနှင့် စျေးခုံကို စနစ်တကျ လွှဲပြောင်းပေးရမည်။
၂၂။ စျေးခုံလုပ်ကိုင်ခွင့် လျှောက်ထားသော အခွန်ထမ်း ပြည်သူများသည် မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံး၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း (သို့မဟုတ်)ပေးဆောင်ရမည့် အခွန်ငွေများအတွက် လုံလောက်သော အစီအစဉ်များချမှတ် ပြီးကြောင်း အခွန်ရုံး၏အထောက်အထား ပါရှိတင်ပြနိုင်မှသာ အသားထုတ်လုပ်ရောင်းချခွင့် ပြုခြင်းသည် အတည်ဖြစ်မည်။
၂၃။ အခြားသိရှိလိုသော အချက်အလက်များ ရှိပါက ရုံးချိန်အတွင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများ ဌာနသို့ လာရောက်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ စုံစမ်းမေးမြန်းခြင်း မရှိခဲ့သော် စျေးခုံရရှိသူသည် ဤစည်းကမ်းချက်များကို သိရှိနားလည်ပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။

စျေးခုံများနေရာချထားမှုကြီးကြပ်ရေးကော်မတီ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ရောင်းချသူများအတွက် စည်းကမ်းချက်များ

၁။ အသားထုတ်လုပ်ရောင်းချခွင့်(စျေးခုံ)ရသူများသည် မိမိလစဉ်ထုတ်လုပ်သော တိရိစ္ဆာန် (အမဲ၊သိုး၊ဆိတ်၊ဝက်) ကောင်ရေစာရင်းအရ ထုတ်လုပ်ကောင်ရေကြေးများကို ထုတ်လုပ်မည့်လ၏ လဆန်း(၁)ရက်နေ့မတိုင်မီ မပျက်မကွက်ပေးသွင်းရမည်။ သတ်မှတ်ရက်ထက် နောက်ကျပေးသွင်းပါက (၁)ရက်လျှင်ငွေ(၁၀၀/-) အတွက် (၅၀)ပြားနှုန်း ရက်လွန်ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်။ ထုတ်လုပ် ကောင်ရေကြေးများကို အောက်ပါ နှုန်းထားများအတိုင်း ပေးသွင်းရမည်-
စဉ် တိရိစ္ဆာန် ကောင်ရေ သားသတ်ရုံခ ကျန်းမာရေးစစ်ဆေးခ ပေါင်း
(က) ကျွဲ/နွား ၁ ကောင် ၁၇၀၀ ၃၀၀ ၂၀၀၀
(ခ) သိုး/ဆိတ် ၁ ကောင် ၂၅၀ ၁၂၅ ၃၇၅
(ဂ) ဝက် ၁ ကောင် ၄၀၀ ၂၀၀ ၆၀၀
၂။အသားထုတ်လုပ်ရန်ဖြစ်သော တိရိစ္ဆာန်သည် အောက်ပါစည်းကမ်းချက်များနှင့်အညီ ဖြစ်ရမည်-
(က) ကျန်းမာသန်စွမ်း၍ ရောဂါမရှိသောတိရိစ္ဆာန်ဖြစ်ရမည်။ ကူးစက်ရောဂါ ဖြစ်ပွားနေသော တိရိစ္ဆာန်များနှင့် အသေကောင်များ မဖြစ်စေရ၊ ဇီးရှိသောအမများ မဖြစ်စေရ၊
(ခ) ကာကွယ်ဆေးနှင့် အခြားဆေးများထိုးနှံပြီး ရက်သတ္တ(၂)ပါတ်ကျော်သော တိရစ္ဆာန်ဖြစ်ရမည်၊
(ဂ) သတ်ဖြတ်မည့် တိရိစ္ဆာန်များအား သားသတ်ရုံသို့ ရောက်ရှိပြီး အနည်းဆုံး(၂၄)နာရီ အနားပေးပြီးမှသာ သတ်ဖြတ်ရမည်။
၃။အသားထုတ်လုပ်ရန်ဖြစ်သော ကျွဲ၊နွားများသည် အောက်ပါစည်းကမ်းချက်များနှင့် အညီဖြစ်ရမည်-
(က) အသက်(၁၆)နှစ်နှင့် ၄င်းအထက်အရွယ်ရှိ ကျွဲ၊နွားအထီးများနှင့် သားဖောက်ခြင်းမပြုနိုင်သော အမများ၊
(ခ) ဒဏ်ရာကြောင့်ဖြစ်စေ ၊ကိုယ်ခန္ဓာချို့တဲ့၍ဖြစ်စေ အစဉ်သဖြင့် အလုပ်မလုပ်နိုင်သော ကျွဲ၊နွား အထီး/အမများ။
၄။ အသားထုတ်လုပ်ခြင်းမှရရှိသော (ဘေးထွက်ပစ္စည်း) ကျွဲ၊နွား၊သိုး၊ဆိတ်သားရေများအား လိုအပ်ချက်ရှိလာပါက တပ်မတော်သားရေစက်ရုံသို့ အသားထုတ်လုပ်ရောင်းချခွင့် ရရှိသူသည် ဘေးထွက်ပစ္စည်း ရောင်းဝယ်ခွင့် လိုင်စင်ရရှိသူမှတဆင့် သတ်မှတ်သည့် အရေအတွက်အတိုင်း ရောင်းချရမည်။
၅။ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ(ဖြုတ်ခွဲမှအပ) ဥတ္တရသီရိ(တောင်ညိုမှအပ)၊ ဇေယျာသီရိ (ရေဆင်းမှအပ) ပျဉ်းမနားမြို့နယ်များအတွင်း စျေးခုံရရှိသူများသည် ကော်မတီပိုင် အသားထုတ်လုပ်ရေးနယ်မြေတွင် နေ့စဉ်အသားထုတ်လိုသော သားကောင်အရေအတွက်ကိုသာ တင်ပြ၍ထုတ်လုပ်ရမည်။
၆။ ကော်မတီပိုင်သားသတ်ရုံမြေနေရာ သတ်မှတ်ခြင်းမရှိသေးသည့် လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များအတွင်း အသားထုတ်လုပ်ရောင်းချခွင့် ရရှိသူများသည် သင့်လျော်သောနေရာများတွင် တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနသို့ လျှောက်ထားခွင့်ပြုချက်ရယူပြီး မိမိစရိတ်ဖြင့် ယာယီသားသတ်ရုံ ဆောက်လုပ်ရမည်။ ယင်းသားသတ်ရုံသည် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ကျေးရွာ/ရပ်ကွက်အတွင်း လူနေအိမ်များ အနီးဝန်းကျင်တွင်မဖြစ်စေရ။ ကော်မတီပိုင်သားသတ်ရုံမြေနေရာ သတ်မှတ်ရွေးချယ်ပြီးပါက လယ်ဝေးမြို့နယ် (အေလာ၊ သစ်ပုတ်ပင်၊ ကန်သာမှအပ)နှင့် တပ်ကုန်းမြို့နယ် (ရွှေမြို့မှအပ)အတွင်း အသားထုတ်လုပ်ရောင်းချခွင့် ရှိသူများသည် ကော်မတီပိုင် သားသတ်ရုံ မြေနေရာသစ်တွင်သာ အသားထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းအား ဆောင်ရွက်ရမည်။
၇။ စျေးခုံရရှိသူများသည် မိမိနေ့စဉ်(သို့မဟုတ်) လစဉ် ထုတ်လုပ်လိုသော သားသတ်ကောင်ရေကို တင်ပြလျှောက်ထားရမည်။ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်လုပ်ကောင်ရေ လျော့ချခွင့်ပြုရန် တင်ပြလာခြင်းအား ခွင့်ပြုမည်မဟုတ်ဘဲ ပိုမိုထုတ်လုပ်လိုပါက အကျိုးအကြောင်းဖော်ပြ၍ လျှောက်ထားရမည်။ တာဝန်ရှိသူများမှ သားသတ်ရုံစစ်ဆေးချိန်တွင် တင်ပြထားသည့်ကောင်ရေထက် ပိုမိုထုတ်လုပ်သည်ကို စစ်ဆေးတွေ့ရှိပါက ကျွဲ၊ နွား (၁)ကောင်လျှင် (၅၀၀၀ဝိ/-)၊ ဝက်(၁)ကောင်လျှင် (၃၀၀၀ဝိ/-)၊ သိုး၊ ဆိတ် (၁)ကောင်လျှင် (၂၀၀၀ဝိ/-)နှုန်းဖြင့် ပိုမိုထုတ်လုပ်ကောင်ရေ ဒဏ်ကြေးပေးဆောင်ရမည်။
၈။ စျေးခုံရရှိသူများသည် မိမိထုတ်လုပ်သောအသားများကို စျေးများဌာနမှ ပြုလုပ်ပေးသော (သို့) မိမိအစီအစဉ်ဖြင့် ပြုလုပ်ထားသော ယင်လုံဇကာဖြင့် ဖုံးအုပ်ရောင်းချရမည်။ ထိုသို့ရောင်းချရာတွင် အများပြည်သူစားသုံးရန် သင့်လျော်သည့် သန့်ရှင်းလတ်ဆတ်သော အသားများသာဖြစ်ရမည်။ စျေး၌မရောင်းချမီ အသားများအား တာဝန်ရှိသူ၏ စစ်ဆေးခြင်းကို ခံယူရမည်။
၉။ မြို့ပေါ်စျေးခုံရရှိသူများသည် သားသတ်ရုံ(သို့) ဌာနမှအတည်ပြုသတ်မှတ် ပေးထားသော စျေးခုံ/အသား ဆိုင်များတွင်သာ ရောင်းချရမည်။ ကျေးလက်ဒေသ အသားဆိုင်များသည် သက်ဆိုင်ရာ စျေးခုံနယ်မြေရှိ ကျေးလက်စျေးခုံ (သို့) ကျေးလက်အသားခုံများ(သို့) သတ်မှတ်ခွင့်ပြုထားသော နေရာတွင်သာ ရောင်းချရမည်။ ဥပဒေမဲ့ အသားသတ်ဖြတ်ခြင်းနှင့် အသားမှောင်ခို ရောင်းချခြင်းကို တားဆီးရန်အတွက်သော် လည်းကောင်း၊ စျေးခုံရရှိသူမှ အသားရောင်းချနိုင်စေရေးအတွက် သော်လည်းကောင်း ရည်ရွယ်၍ သက်ဆိုင်ရာ စျေးခုံ (အသားထုတ်လုပ်ရောင်းချခွင့်)နယ်မြေ သတ်မှတ်ပေးခြင်းသည် ဌာန၏ အသားထုတ်လုပ်ရောင်းချခွင့် (စျေးခုံ)အတွက်သာ သတ်မှတ်ပေးခြင်းဖြစ်၍ အခြားကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိစေရ။
၁၀။စျေးခုံရရှိသူသည် ထုတ်လုပ်ပြီးသော အသားနှင့် ဆက်စပ်ပစ္စည်းများအား အလေးချိန်မှန်ကန်စွာ ချိန်တွယ် ရောင်းချရမည်။ အသားများကိုရေထိုး၍ ရောင်းချခြင်း၊ အခြားအသားများနှင့် မလတ်ဆတ်သောအသားများ ရောနှော၍ ရောင်းချခြင်း၊ ခွင့်မပြုဆိုးဆေးများ အသုံးပြု၍ ရောင်းချခြင်းမပြုရ။
၁၁။ စျေးခုံရရှိသူသည် မိမိထံမှအသားကို ဝယ်ယူ၍ ပျံကျရောင်းလိုသူများ၊ ခေါင်းရွက်ရောင်းလိုသူများ ရှိပါက ထိုသူများအား အသားရောင်းချခွင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ရောင်းချလိုသူများ၏ အမည်စာရင်း၊ ဓါတ်ပုံနှင့် သားငါး ရောင်းချခွင့်လျှောက်လွှာတို့အား စုစည်း၍ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနသို့ ထောက်ခံတင်ပြရမည်။ သားငါးရောင်းချခွင့် ကတ်ပြားရှိသူများသို့သာ အသားများကို ဖြန့်ဝေရောင်းချခွင့်ရှိသည်။ ထိုအရောင်းစျေးသည် များသည် သတ်မှတ်ထားသောစျေး(သို့)နေရာ၊ သတ်မှတ်ထားသော စျေးခုံနယ်မြေများ၌သာ ရောင်းချစေရေး၊ အခြားစျေးခုံနယ်မြေများ၌ သွားရောက်မရောင်းချစေရေး တာဝန်ယူ ဆောင်ရွက်ပေးရမည်။
၁၂။ အရောင်းစျေးသည် များသည် အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသားဝယ်ယူသူများနှင့် ပြေပြစ်စွာ ပြောဆို ဆက်ဆံရမည်။
၁၃။ အသားထုတ်လုပ်ရန် တိရစ္ဆာန်(သို့) ထုတ်လုပ်ပြီး အသားများကို သားသတ်ရုံ(သို့) စျေးသို့ သယ်ယူရာတွင် အများပြည်သူ မမြင်စေရန် အကာအကွယ် ပြုလုပ်ထားသော အလုံပိတ်ယာဉ်ဖြင့် သတ်မှတ်ထားသော လမ်းကြောင်းမှသာ သယ်ဆောင်ရမည်။ အသားသယ်ယာဉ်များ၏ ယာဉ်အမှတ်၊ ယာဉ်မောင်းအမည်များကို ဌာနတွင် မှတ်ပုံတင်ထားရမည်။
၁၄။ အသားထုတ်လုပ်ရောင်းချခြင်း မပြုလုပ်ရန် သတ်မှတ်ထားသော အောက်ဖော်ပြပါနေ့ရက်များနှင့် အခါအားလျော်စွာ ထုတ်ပြန်ထားသည့် နေ့ရက်များတွင် အသားထုတ်လုပ်ခြင်း၊ အသားရောင်းချခြင်းနှင့် ကြိုတင်အသား ထုတ်လုပ်ခြင်း မပြုရသည့်အပြင် ယင်းနေ့များ၌ အသားထုတ်လုပ်ရေးရုံ (သားသတ်ရုံ)၊ စျေးခုံများ၊ အသားအရောင်းဆိုင် များကို ပိတ်ထားရမည်-
(က) တပေါင်းလပြည့်နေ့ (၁) ရက်၊
(ခ) မြန်မာနှစ်သစ်ကူးနေ့(နှစ်ဆန်းတစ်ရက်နေ့) (၁) ရက်၊
(ဂ) ကဆုန်လပြည့်နေ့ (၁) ရက်၊
(ဃ) ဝါဆိုလပြည့်နေ့ (၁) ရက်၊
(င) သီတင်းကျွတ်လပြည့်နေ့ (၁) ရက်၊
(စ) တန်ဆောင်မုန်းလပြည့်နေ့ (၁) ရက်၊
(ဆ) ကမ္ဘာ့တိရစ္ဆာန်များနေ့(အောက်တိုဘာ၄ရက်) (၁) ရက်၊
၁၅။ အသားစျေးနှုန်းများကို ကော်မတီမှ မသတ်မှတ်ပဲ စျေးခုံရသူများမှ မိမိထုတ်လုပ်သော အသား (အမဲ၊သိုး၊ဆိတ် ၊ဝက်)များကို စျေးပြိုင်စနစ်ဖြင့် အပြိုင်အဆိုင် လွတ်လပ်စွာ ရောင်းချနိုင်သည်။
၁၆။ မြို့ပေါ်/ကျေးလက် (အမဲ၊သိုး၊ ဆိတ်၊ဝက်)သားများကို သက်ဆိုင်ရာစျေးတွင် ရောင်းချခွင့် ရရှိသူများသည် မိမိရောင်းချသည့် အသားရောင်းဆိုင်ခန်း အလိုက် ချိန်ခွင်ခွန်အဖြစ် မြို့ပေါ်တစ်ဆိုင်လျှင် (၂၄,၀၀ဝိ/-) ၊ ကျေးလက်တစ်ဆိုင် (၁၂,၀ဝ၀ိ/-) နှုန်းထားများ အတိုင်း စျေးခုံလုပ်ကိုင်ခွင့် ရသည်နှင့်တပြိုင်တည်း ပေးသွင်းရမည်။
၁၇။ စျေးခုံရရှိသူများသည် သတ်မှတ်ပေးထားသော နေရာ၊ အဆောက်အဦများမှသာ အသား လက်ကားဖြန့်ချိရမည် (ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ စျေးခုံများအတွက် ပျဉ်းမနားမြို့နယ်၊ ယုဇနစျေး အသားလက်ကား ဖြန့်ချိရေးရုံများမှသာ အသားများ လက်လီလက်ကား ဖြန့်ဖြူးရမည်။) ရပ်ကွက်/ကျေးရွာ အိမ်ဝိုင်းများအတွင်း အသားထွင်ခြင်း၊ အသားဖြန့်ဖြူးခြင်း လုပ်ငန်းများ မဆောင်ရွက်ရ။
၁၈။ အသားထုတ်လုပ် ရောင်းချသူသည် မိမိထုတ်လုပ်ရန် တင်ပြထားသော အကောင်ရေထက် ကောင်ရေပိုမို ထုတ်လုပ်ခြင်း၊ အသားများကို အခြားစျေးခုံ နယ်မြေများ၌ သွားရောက် ရောင်းချခြင်းနှင့် အသားများကို အစိုအတိုင်းသော် လည်းကောင်း၊အသားခြောက် ပြုလုပ်၍ သော်လည်းကောင်း၊ ဘေးထွက်ပစ္စည်းများကို သော်လည်းကောင်း အခြားမြို့နယ်များသို့ တင်ပို့ရောင်းချခြင်း မပြုလုပ်ရ။
၁၉။ အမဲနှင့်ဆိတ်စျေးခုံရရှိသူများသည် အသားထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်း(သားရေ) များကို မိမိကိုယ်တိုင်ပြုပြင် ရောင်းဝယ်လိုပါက တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတွင် ဘေးထွက်ပစ္စည်း ရောင်းဝယ်ခွင့်လိုင်စင် လျှောက်ထားရမည်။ လိုင်စင်မပြုလုပ်ပါက နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဘေးထွက်ပစ္စည်းရောင်းဝယ်ခွင့်လိုင်စင် ပြုလုပ်ထားသူများထံသို့သာ ရောင်းချရမည်ဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပဒေသများသို့ သားရေစိမ်းအတိုင်း သော်လည်းကောင်း၊ ပြုပြင်ပြီးလည်းကောင်း တင်ပို့ရောင်းချခြင်း မပြုလုပ်ရ။ (ဇမ္ဗူသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့ပေါ်(အမဲ) စျေးခုံလုပ်ကိုင်ခွင့်ရသူများသည် ဘေးထွက်ပစ္စည်း ရောင်း၀ယ်ခွင့်လိုင်စင်ကို စျေးခုံလုပ်ကိုင်ခွင့်ရသည်နှင့် တပြိုင်တည်း ပြုလုပ်ရမည်။)
၂၀။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှလည်းကောင်း၊ စျေးခုံများနေရာချထားမှု ကြီးကြပ်ရေးအဖွဲ့မှ လည်းကောင်း၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှလည်းကောင်း အခါအားလျော်စွာထုတ်ပြန်သော စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်။

စျေးခုံများနေရာချထားမှုကြီးကြပ်ရေးအဖွဲ့
နေပြည်တော်စည်ပင်သာယာရေးကော်မတီ


လိုင်စင်ရရှိသူများလိုက်နာရမည့်စည်းကမ်းများ


နွားပွဲစျေး(တိရစ္ဆာန်စျေး) အခွန်၊အခ၊အကောက်လိုင်စင်အတွက်စည်းကမ်းချက်များ

၁။ နွားပွဲစျေးအတွင်းဝင်ရောက်သော ကျွဲ၊ နွားတစ်ကောင်လျှင်(၅၀ဝိ/-)၊ ဝက်တစ်ကောင်နှင့်သိုး၊ ဆိတ်တစ်ကောင်လျှင် (၂၀ဝိ/-) နှုန်း ကောက်ခံရမည်။
၂။ နွားပွဲစျေး(စနေဒိုင်)အတွင်း တိရစ္ဆာန်အရောင်းအဝယ်ပြုလုပ်မှတ်ပုံတင်သော ကျွဲ၊ နွားတစ်ကောင်လျှင် ရောင်းသူမှ (၁၅၀ဝိ/-)၊ ဝယ်သူမှ (၁၅၀ဝိ/-)၊ ဝက်၊သိုး၊ ဆိတ် တစ်ကောင်လျှင်ဝယ်သူမှ (၅၀ဝိ/-)နှုန်း မှတ်ပုံတင်ခကောက်ခံရမည်။ တိရစ္ဆာန်အခ ကောက်ခံပြီးပါက သတ်မှတ်နှုန်းထားအတိုင်း ငွေရပြေစာဖြတ်ပိုင်းကို သက်ဆိုင်သူသို့ပေးအပ်ရမည်။
၃။ နွားပွဲစျေးအတွင်း တိရစ္ဆာန်အခကောက်ခံရာတွင် သက်ဆိုင်သူများမှပေးဆောင်ခြင်းမရှိပါက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားနိုင်သည်။
၄။ တိရစ္ဆာန်အခကောက်ခံရာတွင် သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံခြင်းမပြုရ။
၅။ နွားပွဲစျေးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ၊ နွားအရောင်းအဝယ်လက်မှတ်ဖြတ်ခ စျေးနှုန်းများဆိုင်းဘုတ်ပြုလုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ကျွဲ၊ နွား၊ ဝက်များထားရှိရန် ခြံများထိန်းသိမ်းပြုပြင်ခြင်းတို့ကိုလိုင်စင်ဆွဲဝယ်ရရှိသူမှ တာဝန်ယူဆောင်ရွက်ရမည်။
၆။ လိုင်စင်ရရှိသူများသည် မည်သည့်လိုင်စင်ကိုရရှိသည်ဖြစ်စေ လေလံကြေးကျပ် (၁,၀၀၀,၀၀ဝိ/-) (ကျပ်တစ်ဆယ် သိန်းတိတိ)ကို မကျော်လွန်ပါကလေလံကြေးငွေကို ချက်ချင်းပေးဆောင်ရမည်။ လေလံကြေးငွေ(၁,၀၀၀,၀၀ဝိ/-) (ကျပ်တစ်ဆယ်သိန်းတိတိ)ထက်ကျော်လွန်ခဲ့သော် အာမခံငွေ(လေလံကြေး၏၁၀ပုံ၁ပုံ)နှင့်အတူလေလံကြေး၏ (၅ပုံ ၁ပုံ)ကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည်။ ကျန်ရှိသည့်ငွေကို (၈)ရစ်ခွဲ၍ ၂၀၁၄ခုနှစ် ဧပြီလမှစ၍ နိုဝင်ဘာလအထိ လစဉ်လဆန်း (၁၀)ရက်နေ့ နောက်ဆုံးထားကာ ပြေကြေသည်အထိ သွင်းဆောင်ရမည်။ လဆန်း(၁၀)ရက်ထက်နောက်ကျပေးသွင်းပါကတစ်ရက်လျှင်ငွေ(၁၀ဝိ/-)အတွက် (၅ဝါး)နှုန်းရက်လွန်ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်။လစဉ်အရစ်ကျပေးသွင်းရမည့်နေ့ရက်သည်ရုံးပိတ်ရက်ဖြင့်တိုက်ဆိုင်ပါက ကြိုတင်၍ ပေးသွင်းရမည်။ အရစ်ကျငွေကို တစ်လထက်ပို၍ နောက်ကျလျှင် လေလံချထားခြင်းမှ ပြန်လည်ရုတ်သိမ်းမည်ဖြစ်ပြီး ပေးသွင်းထားသောအာမခံငွေနှင့် အခွန်ငွေများကို ကော်မတီပိုင်အဖြစ် သိမ်းယူမည်။ အရစ်ကျပေးသွင်းရမည့်ငွေကို လုပ်ငန်းအာမခံငွေမှ ခုနှိမ်ပေးသွင်းခွင့်မပြုပါ။ ပေးသွင်းရမည့်အာမခံငွေနှင့် အခွန်ငွေများကို နေပြည်တော်စည်ပင်သာယာရေးဘဏ်မှအပ အခြားမည်သည့်နေရာတွင်မှ ပေးသွင်းခြင်းမပြုရ။ ငွေပေးသွင်းပြီးတိုင်း ငွေရပြေစာမူရင်း(၁)နှင့် မိတ္တူ(၂) စောင်ကို ဌာနသို့ပေးပို့ရမည်။
၇။ လိုင်စင်အာမခံငွေကို လုပ်ငန်းဆောင်ရွက်မှုပြီးစီးသည့်အခါ လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှုရှိမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ခွင့် ကုန်ဆုံးသည့်နေ့မှ (၃)နှစ်အတွင်း ထုတ်ယူခြင်းမပြုပါက ထိုလိုင်စင်အာမခံငွေအား ကော်မတီပိုင်အဖြစ်သိမ်းယူမည်။
၈။ လိုင်စင်ရရှိသူသည် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာရမည့်အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာ ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များကိုပါ လိုက်နာဆောင်ရွက်ရမည်။

လေလံတင်ရောင်းချရေးအဖွဲ့
နေပြည်တော်စည်ပင်သာယာရေးကော်မတီ


နွားပွဲစျေးစက်ဘီးအပ်နှံခွင့်လိုင်စင်ရရှိသူများ လိုက်နာရန်စည်းကမ်းချက်များ

၁။ လိုင်စင်ရရှိသူသည် နွားပွဲစျေးမှ စက်ဘီးအပ်နှံခြင်းဆိုင်ရာ အဆောက်အဦကို မိမိစရိတ်ဖြင့် ဌာနမှခွင့်ပြုသည့်နေရာတွင် ခွင့်ပြုသည့်ပုံစံအတိုင်း ဆောက်လုပ်ရမည်။
၂။ လိုင်စင်ရရှိသူသည် တစ်ကြိမ်လျှင် စက်ဘီး(၁)စီး (၁၀ဝိ/-)၊ ဆိုင်ကယ်(၁)စီး (၂၀ဝိ/-)နှုန်း ကောက်ခံရမည်။ သတ်မှတ်နှုန်းထက်ပိုမိုကောက်ခံခြင်းမပြုရ။
၃။ စက်ဘီးအပ်နှံသူများအား စက်ဘီးလက်ခံရရှိကြောင်းပြေစာပေးအပ်ရမည်။ စက်ဘီးနှင့်အပိုပစ္စည်းများ ပျောက်ဆုံးပါက လိုင်စင်စီမှအပ်နှံသူများအား တန်ဖိုးပေးလျော်ရမည်။
၄။ စက်ဘီးအပ်နှံခွင့်ကောက်ခံရန်အတွက် သတ်မှတ်ထားသောနေရာသို့ လာရောက်အပ်နှံသော စက်ဘီးများကိုသာ ကောက်ခံရမည်ဖြစ်ပြီး၊ အခြားနေရာများမှစက်ဘီးများအား သွားရောက်သယ်ယူခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်းများမပြုရ။
၅။ လိုင်စင်ရရှိသူများသည် မည်သည့်လိုင်စင်ကိုရရှိသည်ဖြစ်စေ လေလံကြေးကျပ် (၁,၀၀၀,၀၀ဝိ/-) (ကျပ်တစ်ဆယ်သိန်းတိတိ)ကို မကျော်လွန်ပါက လေလံကြေးငွေကိုချက်ချင်း ပေးဆောင်ရမည်။လေလံကြေးငွေ(၁,၀၀၀,၀၀ဝိ/-) (ကျပ်တစ်ဆယ်သိန်းတိတိ) ထက်ကျော်လွန်ခဲ့သော် အာမခံငွေ (လေလံကြေး၏ ၁၀ပုံ ၁ပုံ) နှင့်အတူ လေလံကြေး၏ (၅ပုံ ၁ပုံ)ကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည်။ ကျန်ရှိသည့်ငွေကို (၈)ရစ်ခွဲ၍ ၂၀၁၄ခုနှစ် ဧပြီလမှစ၍ နိုဝင်ဘာလအထိ လစဉ်လဆန်း (၁၀)ရက်နေ့ နောက်ဆုံးထားကာ ပြေကြေသည်အထိ သွင်းဆောင်ရမည်။လဆန်း(၁၀)ရက်ထက် နောက်ကျပေးသွင်းပါက တစ်ရက်လျှင် ငွေ(၁၀ဝိ/-) အတွက် (၅ဝါး)နှုန်း ရက်လွန်ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်။ လစဉ်အရစ်ကျပေးသွင်းရမည့်နေ့ရက်သည် ရုံးပိတ်ရက်နှင့်တိုက်ဆိုင်ပါက ကြိုတင်၍ ပေးသွင်းရမည်။ အရစ်ကျငွေကို တစ်လထက်ပို၍ နောက်ကျလျှင် လေလံချထားခြင်းမှ ပြန်လည်ရုတ်သိမ်းမည်ဖြစ်ပြီး ပေးသွင်းထားသောအာမခံငွေနှင့် အခွန်ငွေများကို ကော်မတီပိုင်အဖြစ် သိမ်းယူမည်။ အရစ်ကျပေးသွင်းရမည့်ငွေကို လုပ်ငန်းအာမခံငွေမှ ခုနှိမ်ပေးသွင်းခွင့်မပြုပါ။ အာမခံငွေနှင့် အခွန်ငွေများကို နေပြည်တော်စည်ပင်သာယာရေးဘဏ်မှအပ အခြားမည်သည့်နေရာတွင်မှ ပေးသွင်းခြင်းမပြုရ။ ငွေပေးသွင်းပြီးတိုင်း ငွေရပြေစာမူရင်း(၁)နှင့် မိတ္တူ(၂) စောင်ကို ဌာနသို့ပေးပို့ရမည်။
၆။ လိုင်စင်အာမခံငွေကို လုပ်ငန်းဆောင်ရွက်မှုပြီးစီးသည့်အခါ လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှုရှိမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ခွင့် ကုန်ဆုံးသည့်နေ့မှ (၃)နှစ်အတွင်း ထုတ်ယူခြင်းမပြုပါက ထိုလိုင်စင်အာမခံငွေအား ကော်မတီပိုင်အဖြစ်သိမ်းယူမည်။
၇။ လိုင်စင်ရရှိသူသည် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာရမည့်အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာ ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များကိုပါ လိုက်နာဆောင်ရွက်ရမည်။

လေလံတင်ရောင်းချရေးအဖွဲ့
နေပြည်တော်စည်ပင်သာယာရေးကော်မတီ


နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနနှင့်ပက်သတ်သည့်အချက်အလက်များအားသိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

(က) ရုံးဖုန်း ၀၆၇-၄၃၂၄၉၃

နိုင်ငံတော်သမ္မတအိမ်တော် အဝင်လမ်းဘဲခြံနှင့် မြို့တော်ဂေါက်ကွင်းဘဲခြံရှိ ဘဲမွေးမြူရေးလုပ်ငန်းအခြေအနေ

၁။ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရှိဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်သမ္မတအိမ်တော်အဝင်လမ်း လက်ယာဘက်ရှိ ဘဲမွေးမြူရေးခြံနှင့် မြို့တော်ဂေါက်ကွင်း ဘဲမွေးမြူရေးခြံများတွင် ဥစားဘဲများ မွေးမြူ၍ ဘဲဥတစ်လုံးလျှင် (၇၅/-)နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
၂။ နိုင်ငံတော်သမ္မတအိမ်တော်အဝင်လမ်းဘဲခြံ
(က) ပထမအကြိမ်မွေးမြူခြင်း
(၁) စတင်မွေးမြူရက် - (၁၁-၉-၂၀၁၁)
(၂) မွေးမြူသည့်ကောင်ရေ - ဘဲမ (၂၀၀)ကောင်၊ ဘဲထီး (၅)ကောင်
(၃) ဝယ်ယူသည့်နှုန်း - ဘဲမ(၁)ကောင် (၅၀၀၀/-)၊ ဘဲထီး(၁)ကောင် (၄၀၀၀/-)
(၄) ဥစတင်ဥသည့်ရက် - (၁၂-၁၁-၂၀၁၁)
(၅) ရောင်းချပေးသည့်ဌာန - နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
(၆) ရောင်းချသည့်စျေးနှုန်း - ဘဲဥ(၁)လုံး (၇၅)ကျပ်နှုန်း
(၇) ပြင်ပပေါက်စျေး - ဘဲဥ(၁)လုံး (၁၀၀/-)မှ (၁၃၀/-)
(၈) ရောင်းချသည့်ဘဲဥလုံးရေ - (၃၁၁၅၆)လုံး
(၉) အနည်းဆုံးသက်သာသည့်ငွေ - (၁၇၁၃၅၀၀/-)
(ခ) ဒုတိယအကြိမ်မွေးမြူခြင်း
(၁) စတင်မွေးမြူရက် - (၁၁-၁-၂၀၁၃)
(၂) မွေးမြူသည့်ကောင်ရေ - ဘဲမ (၂၀၀)ကောင်၊
(၃) ဝယ်ယူသည့်နှုန်း - ဘဲမ(၁)ကောင် (၄၀၀၀/-)၊
(၄) ဥစတင်ဥသည့်ရက် - (၃၁-၁-၂၀၁၃)
(၅) ရောင်းချပေးသည့်ဌာန - နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
(၆) ရောင်းချသည့်စျေးနှုန်း - ဘဲဥ(၁)လုံး (၇၅)ကျပ်နှုန်း
(၇) ပြင်ပပေါက်စျေး - ဘဲဥ(၁)လုံး (၁၃၀/-)မှ (၁၄၀/-)
(၈) ရောင်းချသည့်ဘဲဥလုံးရေ - (၃၁၁၅၆)လုံး
(၉) အနည်းဆုံးသက်သာသည့်ငွေ - (၉၅၀၁၈၀/-)
(ဂ) တတိယအကြိမ်မွေးမြူခြင်း
(၁) စတင်မွေးမြူရက် - (၂၁-၁-၂၀၁၄)
(၂) မွေးမြူသည့်ကောင်ရေ - ဘဲမ (၂၀၀)ကောင်၊ ဘဲထီး(၅)ကောင်
(၃) ဝယ်ယူသည့်နှုန်း - ဘဲမ(၁)ကောင် (၅၀၀၀/-)၊ ဘဲထီး(၁)ကောင် (၄၀၀၀/-)
(၄) ဥစတင်ဥသည့်ရက် - (၂၅-၂-၂၀၁၄)
(၅) ရောင်းချပေးသည့်ဌာန - နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
(၆) ရောင်းချသည့်စျေးနှုန်း - ဘဲဥ(၁)လုံး (၇၅)ကျပ်နှုန်း
(၇) ပြင်ပပေါက်စျေး - ဘဲဥ(၁)လုံး (၁၄၀/-)မှ (၁၅၀/-)
(၈) ရောင်းချသည့်ဘဲဥလုံးရေ - (၂၈၂၈၈)လုံး
(၉) အနည်းဆုံးသက်သာသည့်ငွေ - (၁၉၈၀၁၆၀/-)
၃။ မြို့တော်ဂေါက်ကွင်းဘဲခြံ
(က) ပထမအကြိမ်မွေးမြူခြင်း
(၁) စတင်မွေးမြူရက် - (၂၂-၂-၂၀၁၃)
(၂) မွေးမြူသည့်ကောင်ရေ - ဘဲမ (၂၀၀)ကောင်၊
(၃) ဝယ်ယူသည့်နှုန်း - ဘဲမ(၁)ကောင် (၄၀၀၀/-)၊
(၄) ဥစတင်ဥသည့်ရက် - (၅-၃-၂၀၁၃)
(၅) ရောင်းချပေးသည့်ဌာန - နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
(၆) ရောင်းချသည့်စျေးနှုန်း - ဘဲဥ(၁)လုံး (၇၅)ကျပ်နှုန်း
(၇) ပြင်ပပေါက်စျေး - ဘဲဥ(၁)လုံး (၁၃၀/-)မှ (၁၄၀/-)
(၈) ရောင်းချသည့်ဘဲဥလုံးရေ - (၁၆၁၁၃)လုံး
(၉) အနည်းဆုံးသက်သာသည့်ငွေ - (၉၆၆၇၈၀/-)
(ခ) ဒုတိယအကြိမ်မွေးမြူခြင်း
(၁) စတင်မွေးမြူရက် - (၂၁-၁-၂၀၁၄)
(၂) မွေးမြူသည့်ကောင်ရေ - ဘဲမ (၂၀၀)ကောင်၊ ဘဲထီး(၅)ကောင်
(၃) ဝယ်ယူသည့်နှုန်း - ဘဲမ(၁)ကောင် (၅၀၀၀/-)၊ ဘဲထီး(၁)ကောင် (၄၀၀၀/-)
(၄) ဥစတင်ဥသည့်ရက် - (၂၀-၂-၂၀၁၄)
(၅) ရောင်းချပေးသည့်ဌာန - နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
(၆) ရောင်းချသည့်စျေးနှုန်း - ဘဲဥ(၁)လုံး (၇၅)ကျပ်နှုန်း
(၇) ပြင်ပပေါက်စျေး - ဘဲဥ(၁)လုံး (၁၃၀/-)မှ (၁၄၀/-)
(၈) ရောင်းချသည့်ဘဲဥလုံးရေ - (၂၈၉၅၈)လုံး
(၉) အနည်းဆုံးသက်သာသည့်ငွေ - (၂၀၂၇၀၆၀/-)
၄။ ဘဲများစတင်မွေးမြူသည့်အချိန်မှ ယနေ့အချိန်ထိ ဘဲဥအလုံးပေါင်း (၁၂၀၃၅၃)လုံးအား ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး၀န်ထမ်းများအတွက် အနည်းဆုံးသက်သာ
သည့်ငွေမှာ ကျပ် (၇၆၃၇၇၈၀/-)ဖြစ်ပါသည်။
၅။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနရှိ တိရစ္ဆာန်ဆေးကုဆရာ၀န်များမှ ဘဲမွေးမြူရေးလုပ်ငန်းများအား အနီး
ကပ်ကြီးကြပ်၍ ရောဂါမဖြစ်ပွားစေရန်ကာကွယ်ခြင်း၊ ကုသခြင်းလုပ်ငန်းနှင့် ဘဲဥထုတ်လုပ်မှုတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဘဲဥများ ဆက်လက်
ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ညောင်ပင်ကြီးစုငါးမွေးမြူရေးလုပ်ငန်း

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် နေပြည်တော်စည်
ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းများသက်သာချောင်ချိရေး အတွက် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာနှင့် စည်ပင်ဧည့်ရိပ်သာ(၂)အတွင်းရှိ ငါးမွေးမြူ
ရေးကန်များတွင် ငါးများမွေးမြူ၍ ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
၂။ ညောင်ပင်ကြီးစုရွာ ငါးမွေးမြူရေးလုပ်ငန်း
(က) ပထမအကြိမ်
(၁) ငါးကန်အရေအတွက် - (၄)ကန်
(၂) စုစုပေါင်းအကျယ်အဝန်း - (၁.၇၃) ဧက
(၃) စတင်မွေးမြူရက် - (၁၈-၁-၂၀၁၂)
(၄) မွေးမြူသည့်ကောင်ရေ - ငါးမြစ်ချင်း(၁၁၀၀)ကောင်၊
ငါးကြင်းဖြူ(၅၅၀၀)ကောင်၊
တီးလားဗီးယား(၄၉၀)ကောင်
(၅) ငါးကန်(၄)ကန်မှ ငါးများဖော်ယူရောင်းချချိန် - (၁၇-၃-၂၀၁၃)
(၆) ရောင်းချပေးသည့်ငါးစျေးနှုန်း - ငါးမြစ်ချင်း(၁)ပိဿာ (၂၀၀၀/-)၊
ငါးကြင်းဖြူ(၁)ပိဿာ (၂၅၀၀/-)၊
တီးလားဗီးယား(၁)ပိဿာ (၁၅၀၀/-)
(၇) ရောင်းချပြီးငါးအလေးချိန် - (၂၀၅၀.၅၀)ပိဿာ
(၈) အနည်းဆုံးသက်သာသည့်ငွေ - (၂၄၄၂၈၇၅/-)
(ခ) ဒုတိယအကြိမ်
(၁) စတင်မွေးမြူရက် - (၂၃-၆-၂၀၁၃)
(၂) မွေးမြူသည့်ကောင်ရေ - ငါးမြစ်ချင်း(၈၀၀၀)ကောင်၊
ငါးကြင်းဖြူ(၁၀၀၀)ကောင်၊
တီးလားဗီးယား(၅၀၀)ကောင်၊ထိုင်းငါးခုံးမ(၅၀၀)ကောင်
(၃) ငါးကန်(၄)ကန်မှ ငါးများဖော်ယူရောင်းချချိန် - (၂၃-၁-၂၀၁၄)
(၄) ရောင်းချပေးသည့်ငါးစျေးနှုန်း - ငါးမြစ်ချင်း(၁)ပိဿာ (၂၀၀၀/-)၊
ငါးကြင်းဖြူ(၁)ပိဿာ (၂၀၀၀/-)၊
တီးလားဗီးယား(၁)ပိဿာ (၂၀၀၀/-)၊
ထိုင်းငါးခုံးမ(၁)ပိဿာ(၂၀၀၀/-)
(၅) ရောင်းချပြီးငါးအလေးချိန် - (၃၁၀၀.၅၀)ပိဿာ
(၆) အနည်းဆုံးသက်သာသည့်ငွေ - (၅၅၈၀၉၀၀/-)
၃။ စည်ပင်ဧည့်ရိပ်သာ(၂) ငါးမွေးမြူရေးလုပ်ငန်း
(က) ပထမအကြိမ်
(၁) ငါးကန်အရေအတွက - (၅)ကန်)
(၂) စုစုပေါင်းအကျယ်အဝန်း - (၃.၁၉) ဧက
(၃) စတင်မွေးမြူရက် - (၂၄-၈-၂၀၁၃)
(၄) မွေးမြူသည့်ကောင်ရေ - ငါးမြစ်ချင်း(၁၀၀၀၀)ကောင်၊
(၅) ငါးများစတင်ဖော်ယူရောင်းချရက် - (၂၀-၂-၂၀၁၅)
(၆) ရောင်းချပေးသည့်ငါးစျေးနှုန်း - ငါးမြစ်ချင်း(၁)ပိဿာ (၂၀၀၀/-)၊
(၇) ရောင်းချပြီးငါးအလေးချိန် - (၆၆၁)ပိဿာ
(၈) အနည်းဆုံးသက်သာသည့်ငွေ - (၁၁၈၉၈၀၀/-)
၄။ ယခုအချိန်ထိ ငါးမွေးမြူရေး လုပ်ငန်းများမှ ငါးပိဿာချိန် (၅၈၁၂)ပိဿာအား ဝန်ထမ်းများသို့ သက်သာချောင်ချိသော နှုန်းဖြင့် ရောင်းချနိုင်ခဲ့ပြီး အနည်းဆုံး
သက်သာသည့်ငွေမှာ ကျပ်(၉၂၁၃၅၇၅/-)ဖြစ်ပါသည်။
၅။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များမှ ငါးများကြီးထွားရေး၊ ကျန်းမာရေး
နှင့်ငါးကန်အရည်အသွေးများ ထိန်းသိမ်းရေးတို့အတွက် ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။

တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ

အသားစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ

၁။
အသားထုတ်လုပ်ရောင်းချခွင့်ကို ဈေးခုံစနစ်ဖြင့်ခွင့်ပြုပြီး ဈေးခုံရရှိသူများမှ ဌာနမှသတ်မှတ်သည့် စည်းကမ်းများနှင့် ကိုက်ညီသည့် နေရာများတွင် ယာယီသားသတ်ရုံများဖွင့်လှစ်စေ၍ အသားထုတ်လုပ် ရောင်းချစေပါသည်။ အသားလက္ကားဖြန့်ဖြူးရောင်းချရန်အတွက်လည်း ပျဉ်းမနားမြို့နယ်၊ ယုဇနဈေးတွင် အသား လက္ကား ဆိုင်ခန်းများတည်ဆောက်ပြီး ၂ဝ၁၄-၂ဝ၁၅ခုနှစ်မှစ၍ ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ ပါသည်။ ယာယီ သားသတ်ရုံများသို့ ကွင်းဆင်း၍ထုတ်လုပ်မည့် တိရစ္ဆာန်အရှင်အား စစ်ဆေးခြင်း၊ ထုတ်လုပ်နေသည့် အသား များအား စစ်ဆေးခြင်းများအား ပုံမှန်ဆောင်ရွက် လျက်ရှိပါသည်။

ကာကွယ်ကုသခြင်းဆိုင်ရာလုပ်ငန်းများ

၂။
ဌာနအနေဖြင့်ကာကွယ်ကုသခြင်းဆိုင်ရာလုပ်ငန်းများကို အောက်ပါအတိုင်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည် -
(က) ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
( ခ) ဈေးများရှိ သား/ငါးအရောင်းဆိုင်များအား ပုံမှန်စစ်ဆေးခြင်း၊ ဈေးများဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနတို့နှင့်
ပူးပေါင်း၍ ဈေးဆိုင်ခန်းများပိုးသတ်ဆေးဖျန်းခြင်း၊ ခြင်/ယင် ကာကွယ်ဆေးများဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
( ဂ) လေလွင့်တိရစ္ဆာန်ထိန်းသိမ်းခြင်းလုပ်ငန်းများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း
ခွေးရူးရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ခွေးလေခွေးလွင့်များ သုတ်သင်ရှင်းလင်းရေးလုပ်ငန်းများအား
ဆောင်ရွက်ခြင်း။

ကျွဲ၊ နွားပွဲဈေးဖွင့်လှစ်ခြင်းဆိုင်ရာလုပ်ငန်းများ

၃။
နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း တောင်သူလယ်သမားများ၊ အသားထုတ်လုပ် ရောင်းချသူများမှ ကျွဲ၊ နွားတိရစ္ဆာန်များလွယ်ကူစွာ ဝယ်ယူရောင်းချနိုင်ရေးအတွက် လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ကျွဲ၊ နွားပွဲဈေး (၃)ခုဖွင့်လှစ်၍ ရောင်းဝယ်စေလျက်ရှိပါသည်။ နွားပွဲဈေး ဝင်ကြေး ကောက်ယူခွင့်ကို လေလံစနစ်ဖြင့်ခွင့်ပြုပြီး လိုင်စင်ရရှိသူမှ စည်းကမ်းနှင့် ညီညွတ်၍ ဆက်လက်လုပ်ကိုင်လိုပါက သက်တမ်းတိုးခွင့် လျှောက်လွှာတင်စေပြီး လုပ်ကိုင်ခွင့်ပြုလျက်ရှိပါသည်။ ပေးသွင်းရမည့်လိုင်စင်ကြေးများကိုလည်း အရစ်ကျစနစ်ဖြင့် ပေးသွင်းစေလျက်ရှိပါသည်။

အခြားလုပ်ငန်းများဆောင်ရွက်မှု

၄။
တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနအနေဖြင့် နိုင်ငံတော်အခမ်းအနားများဖြစ်သည့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ အခမ်းအနားများတွင် တက်ရောက်ပါဝင် သူများအား ကျွေးမွေးသည့် သား/ငါးများကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ဌာနမှ တိရစ္ဆာန်ဆေးကု ဆရာဝန်များသည် သက်ဆိုင်ရာကျွေးမွေးရေးအဖွဲ့များနှင့်ပူးပေါင်း၍ သား/ငါးများစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။