nptdc title

Language »  English | Myanmar

နေပြည်တော်အုတ်စက်ရုံ
တည်နေရာ - နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီး၊ ပျဉ်မနား-တောင်ညိုကားလမ်းဘေးမိုင်တိုင် (၁၆/၆)ဖာလုံ၌
တည်ရှိပါသည်။
အကျယ်အဝန်း - (၈၁၇.၄၈၃)ဧက
ထုတ်လုပ်ပစ္စည်း - အဆင့်မြင့် (၁၀)ပေါက် စက်အုတ် (၁.၅'' Ø အရွယ် (၁၀) ပေါက်)
အရွယ်အစား - (8½''x 4''x 2¾'')
အလေးချိန် - 2.2kg
ဖိနှိပ်ခံနိုင်အား - 1500 psi ~ 2250 psi
အုတ်တစ်ချပ်စျေးနှုန်း - စက်ရုံအထိုင်စျေး(၈၀ ကျပ်)
နေ့စဉ်ထုတ်လုပ်နိုင်မှု - အုတ်ချပ်ရေ(၁၂၀,၀၀၀)ချပ်
ဖြန့်ဖြူးရောင်းချမှု - နေပြည်တော်ရှိစီမံကိန်းလုပ်ငန်းများနှင့် ပုဂ္ဂလိက၀ယ်ယူသူများအား ရောင်းချဖြန့်ဖြူးလျက် ရှိပါသည်။
ဆက်သွယ်ရန် - နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံး (ဘိလပ်မြေနှင့်အုတ်အရောင်းဌာနခွဲ)၊ ပျဉ်းမနား-တောင်ညိုလမ်း၊ ရေပန်း ဥယျာဉ်အနီး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ ဖုန်း 067-432312
နေပြည်တော်အုတ်စက်ရုံ၊ ပျဉ်းမနား-တောင်ညိုလမ်း၊ မင်းကုန်း၊ ကျွဲရှင်းကျေးရွာအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ ဖုန်း 09 8302310၊ 09 31020206၊ 09 31020205
  • စက်ရုံသမိုင်းအကျဉ်း
  • ၁။ နေပြည်တော်အုတ်စက်ရုံအား ၁၄.၁.၂၀၀၈ ရက်၊ အစည်းအဝေးအမှတ်စဉ်(၁/၂၀၀၈) တွင် ကျင်းပပြုလုပ်သော အထူးစီမံကိန်းများ
    အကောင်အထည်ဖော်ရေး အဖွဲ့မှ တည်ဆောက် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပါသည်။
  • ၂။ တစ်ရက်လျှင်(၁၅၀၀၀၀)ချပ် ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ရန် Fair Sun Industry Co.,Ltd. ကုမ္ပဏီဖြင့် (၂၅.၁.၂၀၀၈)
    ရက်နေ့တွင် စာချုပ်တန်ဖိုး (၃၈၂၂.၂၉)ကျပ်သန်းဖြင့် စာချုပ်ချုပ်ဆိုအပ်နှံခဲ့ပါသည်။
  • ၃။ အုတ်စိမ်းထုတ်လုပ်မှုအား (၂.၁၁.၂၀၀၉)ရက်နေ့တွင် စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပြီး အုတ်ကျက်ထုတ်လုပ်မှုအား (၁.၄.၂၀၁၀) ရက်မှ
    စတင်စမ်းသပ် ထုတ်လုပ်ခဲ့ ပါသည်။
  • ၄။ (၁.၁၁.၂၀၁၀)ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး သင့်တော်သော ရက်မြတ်ရက်ကောင်း ဖြစ်သော (၁၁.၂.၂၀၁၁) ရက်နေ့တွင် နေပြည်တော်
    အုတ်စက်ရုံ (မင်းကုန်း) အား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
  • ၅။ နေပြည်တော်အုတ်စက်ရုံတည်ဆောက်မှုတွင် မြန်မာပြည်တွင်းကျပ်ငွေ (၁၇၀၄၂.၇၈၈) ကျပ်သန်း ကုန်ကျခဲ့ပါသည်။
  • ၆။ နေပြည်တော်အုတ်စက်ရုံအား အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ နေပြည်တော်စည်ပင် သာယာရေး ကော်မတီသို့ (၁၉.၅.၂၀၁၁) ရက်နေ့တွင် လွှဲပြောင်း ပေးအပ် ခဲ့ပါသည်။

  • ရည်ရွယ်ချက်
  • ၁။ နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများအတွက် အရည်အသွေးမီအုတ်များကို ဖြည့်ဆည်းပေးနိုင်ရန်။
  • ၂။ နေပြည်တော်ပတ်ဝန်းကျင်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်။
  • ၃။ နိုင်ငံတော်ဖွံ့ဖြိုးမှုနှင့်အတူနယ်မြေအတွင်း လုပ်သားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်။
  • ၄။ စက်နှင့်စက်ပစ္စည်းများထုတ်လုပ်မှုနည်းပညာနှင့်အတွေ့အကြုံရရှိပြီးကျွမ်းကျင်ပညာရှင် များ တိုးတက်များပြားလာစေရန်။
  • ၅။ စက်နှင့်စက်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်တပ်ဆင်ခြင်းဖြင့် နိုင်ငံခြားသုံးငွေ လျော့နည်းသက်သာစေရန်။