nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန

ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနတွင် အရာထမ်း(၁၅)ဦး၊ အမှုထမ်း(၁၀၅)ဦး၊ စုစုပေါင်း(၁၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။ဌာန၏တာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ နေပြည်တော် မြို့တော်အတွင်းရှိ စည်ပင်သာယာပိုင် ပန်းခြံများ၊ ပန်းဥယျာဉ်များ၊ ကလေးကစားကွင်းများကို ပြုစုထိန်းသိမ်း မွမ်းမံ ပြုပြင်ပေးခြင်း၊ အသစ်တိုးချဲ့ တည်ဆောက် ပေးခြင်း၊
၂။ ရေပန်းဥယျာဉ်နှင့် ပန်းမြိုင်လယ်ဥယျာဉ်၊ ဘိုးလင်း၊ ဘိလိယက် အားကစားကွင်းနှင့် အပန်းဖြေ ဥယျာဉ်များအား ထိန်းသိမ်းခြင်း၊
၃။ စည်ပင်သာယာပိုင်ပန်းခြံ၊ ပန်းဥယျာဉ် အသီးသီးတွင် ရှုချင်စဖွယ် ပန်းအလှပင်များ၊ ရာသီပန်းများ စိုက်ပျိုးပေးခြင်း၊ ထိန်းသိမ်းခြင်း၊
၄။ အန္တရာယ်ဖြစ်စေနိုင်သည့် သစ်ပင်အိုများနှင့် သစ်ကိုင်း၊ သစ်ခက်များကို ခုတ်လှဲ ဖယ်ရှားပေးခြင်း၊ လိုအပ်သည့်နေရာများကို ဖြည့်စွက်စိုက်ပျိုးခြင်း၊
၅။ လမ်းဆုံအဝိုင်းကြီးများ၊ တြိဂံကျွန်းများ၊ လမ်းလယ်ကျွန်းတို့တွင် စိမ်းလန်း စိုပြည်သော သစ်ပင်များ၊ မြက်ခင်းများ၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပြုစု ထိန်းသိမ်းခြင်း၊
၆။ ရာသီအလိုက်သစ်ပင်၊ ပန်းပင်များနှင့် ရာသီပန်းများ ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ မျိုးပွားခြင်း၊
၇။ မြို့တော်အတွင်း ရှုခင်းသာနေရာများဖန်တီးပေးခြင်းနှင့် လိုအပ်သောနေရာများတွင် စိမ်းလန်းစိုပြည်သော မြက်ခင်းများ၊ ပန်းခုံများ၊ ပန်းအလှပင်များနှင့် ရာသီပန်းများ ပြုစုပျိုးထောင်ပေးခြင်း၊ မွမ်းမံ ထိန်းသိမ်းခြင်း၊
၈။ ပန်းဥယျာဉ်နှင့်ပန်းခြံများတွင် လိုအပ်သောအဆောက်အဦများတည်ဆောက်ပေးခြင်း၊
၉။ မိမိဌာနအတွက် လိုအပ်သော စက်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများကို ဝယ်ယူခြင်း၊ မှာယူဖြည့်တင်းခြင်း၊ ပန်းခြံ အသီးသီးသို့ စနစ်တကျ သုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်း၊
၁၀။ စိမ်းလန်းစိုပြည်ရေးဆိုင်ရာ ယာဉ်၊ ယန္တရားများဝယ်ယူဖြည့်တင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စက်သုံးဆီသုံးစွဲမှုတို့အား စီမံခန့်ခွဲခြင်း၊
၁၁။ မြို့တော်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေရန် စိုက်ပျိုးနိုင်သည့်မြေကွက်နေရာများ၌ အရိပ်ရအပင်များ၊ သစ်တောပင်များ၊ တအုပ်တမ စိုက်ပျိုးထိန်းသိမ်းခြင်း၊
၁၂။ ပန်းခြံ၊ ဥယျာဉ်ကြီးများမှ ဝင်ငွေရရှိသောလုပ်ငန်းများကို ဖော်ထုတ်ခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်း၊
၁၃။ ဌာနရှိအရာထမ်း၊ အမှုထမ်းများကို စနစ်တကျကြီးကြပ်ကွပ်ကဲခြင်း၊ လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ပေးခြင်း၊
၁၄။ မြို့တော်နယ်နိမိတ်အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
၁၅။ နိုင်ငံတော်အခမ်းအနားများတွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
၁၆။ အရိပ်ရပန်းပင်များ ပျိုးထောင်ထုတ်လုပ်မှုလုပ်ငန်းများအားဆောင်ရွက်ခြင်း၊
၁၇။ ကော်မတီနယ်နိမိတ်အတွင်း မလိုအပ်သော အပင်များ၊ အမြင်မတင့်တယ်သောအပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခြင်း။