(က)
နေပြည်တော်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ချမှတ်ထားသော မူဝါဒများ နှင့်အညီ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ဆက်သွယ်၍ မြို့တော် စည်ပင်သာယာရေးလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊
( ခ )
ကော်မတီနယ်နိမိတ်အတွင်း မြို့တော်စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းရပ်များ၊ နိုင်ငံခြားငွေဖြင့် ဆောင်ရွက်လိုသော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ် များနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊
( ဂ )
ကော်မတီဥက္ကဌ(မြို့တော်ဝန်)နှင့် ကော်မတီအကြီးအကဲများထံ နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ဧည့်သည်တော်များ လာရောက်တွေ့ဆုံဆွေးနွေး ညှိနှိုင်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် မြို့တော်အချင်းချင်း ချစ်ကြည်မှုဆိုင်ရာလုပ်ငန်းများနှင့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊
(ဃ)
နိုင်ငံတော်နှင့်ကော်မတီ၏ ဦးတည်ချက်များ၊ စည်ပင်သာယာဆိုင်ရာပညာပေး နှိုးဆော်ချက်များ၊ အမိန့်ကြော်ငြာချက်များ၊ လိုက်နာရမည့်ပြည်သူ့နီတိတရားများကို ပြည်သူအများသိရှိနိုင်ရန် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ခြင်း၊
( င )
မြို့တော်သူ၊ မြို့တော်သားများ အနားယူအပန်းဖြေနိုင်စေရန် ဥယျာဉ်ပန်းခြံ များတွင် အငြိမ့်၊ ဇာတ်သဘင်၊ အက၊ ဂီတများဖြင့်ဖျော်ဖြေပွဲများ စီစဉ်ပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊
( စ )
နိုင်ငံတော်မှ ကြီးမှူးကျင်းပသော အခမ်းအနားများနှင့် ကော်မတီက တာဝန်ယူ ကျင်းပပေးသော အခမ်းအနားများ၌ လုပ်သားပြည်သူများအား ဖျော်ဖြေပွဲများ ဆောင်ရွက်ရာတွင် ကော်မတီကိုယ်စားတာဝန်ယူ၍ ဦးစီးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
(ဆ)
ကော်မတီအကြီးအကဲများ၊ ကော်မတီလက်အောက်ရှိဌာနများမှ နိုင်ငံတော်၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စည်ပင်သာယာရေး ကိစ္စရပ်များ ဆောင်ရွက်မှုများကို ပြည်သူများ စိတ်ဝင်စားလာစေရန် သတင်းများ စုစည်း၍ မြို့တော်သတင်းစာအဖြစ် ရိုက်နှိပ်ဖြန့်ချိထုတ်ဝေခြင်း၊
( ဇ )
မြို့တော်စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များအား ပြည်သူများ ဗဟုသုတတိုးပွား စေရန် ရည်ရွယ်၍ ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါးနှင့် လက်ကမ်းစာစောင်များ ရိုက်နှိပ်ထုတ်ဝေဖြန့်ချိခြင်း၊
( စျ )
မြို့တော်အတွင်း စီမံကိန်းလုပ်ငန်းကြီးများ ဆောင်ရွက်မှုများကို ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း နှင့်ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းဖြင့် ထိန်းသိမ်းထားရှိခြင်း၊
( ည)
ကော်မတီဌာနများနှင့် ပြင်ပပုဂ္ဂလိက ပုံနှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ပုံနှိပ်စက်များတည်ထောင်ခြင်း၊ ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်ခြင်း၊
( ဋ )
ဝန်ထမ်းများ စာပေနှင့်အသိပညာ ဖွံ့ဖြိုးတိုးတက်လာစေရန် ကော်မတီစာကြည့်တိုက် တည်ထောင်ခြင်း၊ ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်ခြင်း၊
( ဌ )
မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် CITY RADIO နှင့် TV Channel တည်ထောင်၍ မြို့တော်သူမြို့တော်သားများသို့ နှိုးဆော်ခြင်း၊ ဖျော်ဖြေ တင်ဆက်ခြင်း၊ သတင်းများထုတ်လွှင့်ခြင်း၊
( ဍ )
နေပြည်တော်မြို့တော် စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သော Web Site များ ထူထောင်၍ Nay Pyi Taw City Net Work လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊
( ဎ )
ကော်မတီတစ်ရပ်လုံးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ပြုစု၍ Internet Web Site များ ထူထောင်ထည့်သွင်းပြီး ကော်မတီအကြီးအကဲများ၊ ဌာနများ၊ ကော်မတီလုပ်ငန်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအဆင့်အထိ သတင်းကွန်ချာစနစ် (Information Network) ချိတ်ဆက်ဆောင်ရွက်ခြင်း၊
( ဏ)
နိုင်ငံတကာမြို့ပြအုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ဆက်သွယ်၍ မြို့တော်စည်ပင် သာယာရေး လုပ်ငန်းများ အဆင့်မြှင့်တိုးချဲ့နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
( တ)
ကော်မတီ၏ကိုယ်စား မြို့တော်သူ/မြို့တော်သားများ အပန်းဖြေနိုင်ရန် ဖျော်ဖြေပွဲများ တင်ဆက်ခြင်း၊ နိုင်ငံတော်၏ နေ့ကြီးရက်ကြီးပွဲလမ်းသဘင်များ အောင်မြင်စေရန် ပံ့ပိုးညှိနှိုင်းဆောင်ရွက်ခြင်း၊
( ထ)
နိုင်ငံတကာပြန်ကြားရေးဆိုင်ရာ နည်းပညာရပ်များနှင့် ကော်မတီ၏ ပြန်ကြားရေး ဆိုင်ရာ နည်းပညာရပ်များ တိုးမြှင့်စေရန် စီမံဆောင်ရွက်ခြင်း၊
( ဒ )
မြို့တော်သူ/မြို့တော်သားများအား စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများ ပိုမို သိရှိပူးပေါင်းလိုက်နာလာစေရန် အသံလွှင့်ရုံ၊ သတင်းစာတိုက်၊ မဂ္ဂဇင်းတိုက်များ ထူထောင်၍ ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
( ဓ )
ဆက်သွယ်ရေးစက်များထုတ်ပေးခြင်း၊ ဖြန့်ခွဲထားမှုအား ထိန်းသိမ်းခြင်း၊