nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
ဗဟိုပစ္စည်းထိန်းဌာန

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

ဗဟိုပစ္စည်းထိန်းဌာန၏ အဓိကလုပ်ငန်း တာ၀န်များမှာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဌာနအသီးသီးမှ တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများ၊ သန့်ရှင်းရေး လုပ်ငန်းသုံး ပစ္စည်းများကို ပြည်တွင်းနှင့် ပြည်ပမှ ဝယ်ယူ သိုလှောင်ခြင်း၊ ကော်မတီပိုင် ပစ္စည်းများ လေလွင့်ဆုံရှုံးမှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ခွင့်ပြုမိန့်အရ စနစ်တကျ ပြန်လည်ထုတ်ပေးခြင်း၊ သိုလှောင်ရုံအလိုက် ထားရှိသည့် ပစ္စည်းများ အ၀င်အထွက်နှင့် လက်ကျန် အရေအတွက်တို့ကို လယ်ဂျာများ၊ မှတ်တမ်းများဖြင့် ပြုစုထားခြင်း၊ ပစ္စည်းပေးသွင်းသူများ၏ ငွေတောင်းခံလွှာများကို ဖွင့်၊ ဖောက်၊ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးနောက် စိစစ်ထောက်ခံခွင့်ပြုခြင်း၊ ပစ္စည်းလက်ခံပြေစာ (CRV)ဖွင့်ခြင်း၊ ပစ္စည်း ထုတ်ပေးပြေစာ(IV)ဖွင့်ခြင်းနှင့် သိုလှောင် ထိန်းသိမ်းထားသော ပစ္စည်းစာရင်းများ အတိုး၊ အလျော့နှင့် လက်ကျန်အမှန်အား ပစ္စည်းစာရင်းကတ်(KARDEX CARD) များဖြင့် ကော်မတီ၏ တစ်နေရာတည်းသော ပစ္စည်းမှတ်တမ်းများ ထိန်းသိမ်းဆောင်ရွက် ပေးသည့် ဌာနတစ်ခု ဖြစ်ပါသည်။


တည်နေရာ၊ အကျယ်အ၀န်း

ဗဟိုပစ္စည်းထိန်းဌာနရုံး တည်နေရာပင်မဝင်းသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၏ မြောက်ဘက် စက်ရုံနှင့်မော်တော်ယာဉ် ဌာနဝင်းနှင့် ကပ်လျှက်တည်ရှိပါသည်။ (၇၂' * ၃၀') အတိုင်းအ တာရှိ သံကူကွန်ကရစ် သိုလှောင်ရုံ (၁၀)လုံး ပါဝင်ပါသည်။

ဌာနစုဖွဲ့ပုံ

ဗဟိုပစ္စည်းထိန်းဌာန၏ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အားမှာ အရာထမ်း(၁၃)ဦး၊ အမှုထမ်း(၄၂)ဦး၊ စုစုပေါင်း(၅၅)ဦး ရှိပြီး အောက်ဖော်ပြပါဌာနခွဲ(၂)ခုဖြင့် ဖွဲ့စည်း ထားပါသည်-

(က)အုပ်ချုပ်မှု/ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲ၊
(ခ )ဖြည့်တင်းရေးနှင့် သိုလှောင်ရေးဌာနခွဲ၊

ဗဟိုပစ္စည်းထိန်းဌာနရှိ ဌာနခွဲ(၂)ခု အနေဖြင့် အောက်ပါလုပ်ငန်းတာ၀န်များ ဆောင်ရွက်ရပါသည်-

၁။ အုပ်ချုပ်မှု/ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲ။ အုပ်ချုပ်မှုဌာနစု၊ ပစ္စည်းစာရင်း ထိန်းသိမ်းရေးဌာနစု(၂)ခုဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပါသည်-
(က) ၀န်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို အချိန်နှင့်တပြေးညီစိစစ်ဆောင်ရွက်ခြင်း၊
(ခ ) ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဦးစီးတာဝန်နှင့်အညီ ဆောင်ရွက်ခြင်း၊
(ဂ ) ဝန်ထမ်းသက်သာကိစ္စရပ်များနှင့် သာရေး၊ နာရေး၊ ကိစ္စများ နှိုးဆော်ဆောင်ရွက်ခြင်း၊
(ဃ) ဌာန၏လုံခြုံရေးနှင့်သန့်ရှင်းရေး၊ လျှပ်စစ်ဓါတ်အားခြိုးခြံချွေတာရေးကိစ္စရပ်များစိစစ်ကြပ်မက်ဆောင်ရွက်ခြင်း၊
(င ) လစာနှင့်စရိတ်ကိစ္စရပ်များ ဌာနမှူး၏ဆောင်ငွေ၊ ကြိုတင်ငွေကိစ္စရပ်များအချိန်မီတောင်းခံထုတ်ပေးခြင်း၊
(စ ) ရသုံးခန့်မှန်းခြေငွေစာရင်းပြုစုခြင်း၊
(ဆ) ဝင်ငွေလျာထားချက်များရေးဆွဲ၍ ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့ အချိန်မီပေးပို့ခြင်း၊
(ဇ ) ငွေတောင်းခံလွှာများအား စိစစ်၍ဘဏ္ဍာရေးခွင့်ပြုမိန့်တောင်းခံခြင်း၊
(စျ) ငွေတောင်းခံလွှာများ ရေးဆွဲပေးပို့ခြင်းနှင့် ချက်လက်မှတ်ကျလာပါက ဌာနမှူး၏ ခွင့်ပြုချက်ရယူ၍ ငွေထုတ်ပေးခြင်း၊
(ည) ဌာနအသီးသီးမှ ပစ္စည်းတောင်းခံလွှာများ၊ ပစ္စည်းထုတ်ပေးမိန့်(DO)များကို စိစစ်မှတ်ပုံတင်၍ ဌာနမှူး၏ခွင့်ပြုချက်တောင်းခံခြင်း၊ ထုတ်ပေးခြင်းနှင့် စာရင်းပြုစုထိန်းသိမ်းခြင်း၊
(ဋ) ဌာနမှူးက ခွင့်ပြုလိုက်သောပစ္စည်တောင်းခံလွှာများကို ပစ္စည်းထုတ်ပေးပြေစာ (IV)ဖြတ်ပြီး ပစ္စည်းစာရင်းကတ်(KARDEX CARD)မှစာရင်းလျော့မှတ်တမ်းတင်ခြင်း၊
(ဌ) တောင်းခံလွှာအရ ခွင့်ပြုအရေအတွက်အတိုင်း ပစ္စည်းထုတ်ပေးပြေစာ(IV)ဖြင့် ထုတ်ယူခြင်းအား စာရင်းပြုစုထိန်းသိမ်းခြင်း၊
(ဍ) ပစ္စည်းထုတ်ယူရရှိရေးအတွက် ပစ္စည်းထုတ်ပေးပြေစာအပါအဝင် လိုအပ်သောစာရွက်စာတမ်းများ ရေးသွင်းခြင်း၊ သက်ဆိုင်ရာဌာနခွဲအရာရှိထံ အတည်ပြုချက်ရယူပြီး သိုလှောင်ရေးဌာနခွဲသို့ပေးပို့ခြင်း၊
(ဎ) ဖြည့်တင်းရေးနှင့် သိုလှောင်ရေးဌာနခွဲမှ တင်ပြလာသောပစ္စည်းအဝင်လက်ခံ စစ်ဆေးခြင်း၊ မှတ်တမ်းနှင့်သက်ဆိုင်သော အထောက်အထားများပြည့်စုံမှု ရှိ/မရှိ စိစစ်မှတ်ပုံတင်ခြင်း၊
(ဏ) စာချုပ်၊ ကုန်ပို့လွှာပါပစ္စည်းအမျိုးအစား၊ အတိုင်းအတာ၊ အရေအတွက်၊ စျေးနှုန်းနှင့် တန်ဘိုးသင့်ထားခြင်းတို့ အချက်အလက် မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊
(တ) ပစ္စည်းလက်ခံပြေစာ(CRV)ဖွင့်ခြင်း၊ တိုက်ရိုက်ပေးပို့သောပစ္စည်းများအတွက် ပစ္စည်းအဝင်လက်ခံစစ်ဆေးခြင်း၊ မှတ်တမ်းအရ ပစ္စည်းလက်ခံပြေစာ(CRV)နှင့် ပစ္စည်းထုတ်ပေးပြေစာ(IV)တို့ကို တပြိုင်နက်ဖွင့်ခြင်း၊
(ထ) ဖွင့်ပြီးပစ္စည်းလက်ခံပြေစာ(CRV)နှင့် ပစ္စည်းထုတ်ပေးပြေစာ(IV)တို့ကို သိုလှောင်ရေးဌာနခွဲမှ အတည်ပြုချက်ရရှိပါက ပစ္စည်းစာရင်းကတ်(KARDEX CARD)နှင့် မှတ်ပုံတင်စာအုပ်တွင် စာရင်းရေးသွင်းပြီး ဌာနမှူးထံခွင့်ပြုမိန့်ရယူခြင်း၊
(ဒ) ဌာနမှူး၏ ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းအဝင်လက်ခံစစ်ဆေးချက်၊ ပစ္စည်းလက်ခံပြေစာ(CRV)နှင့် ပစ္စည်းထုတ်ပေးပြေစာ(IV)တို့ကို ဆက်လက်ဆောင်ရွက်ရမည့် ဌာနခွဲများသို့ ဖြန့်ဝေပေးပို့ခြင်းနှင့် ရုံးလက်ခံအားဌာနစုတွင် မှတ်ပုံတင်ဖိုင်တွဲခြင်း၊
(ဓ) တာ၀န်ယူသိုလှောင်ထိန်းသိမ်းရမည့်ပစ္စည်းများအတွက် သိုလှောင်ရုံထိန်းသိမ်းစရိတ် (Depot Maint)တွက်ချက်တင်ပြတောင်းခံခြင်း၊
(န) သိုလှောင်ရုံးသုံးပစ္စည်းကိရိယာ(Depot Equipment)များ လိုအပ်သည့်အချိန်တွင် ဝယ်ယူခွင့်တင်ပြခြင်း၊
(ပ ) သိုလှောင်ရုံးသုံးပစ္စည်းကိရိယာ(Depot Equipment)များ လိုအပ်သည့်အချိန်တွင် ဝယ်ယူခွင့်တင်ပြခြင်း၊
(ဖ) ဒေသန္တရဝယ်ယူခွင့်(Local Purchase)ပြုစုတင်ပြခြင်း၊
(ဗ) ပစ္စည်းသိုလှောင်ရုံများ၏ လုံခြုံရေးကိုတာဝန်ယူဆောင်ရွက်ခြင်း၊
(ဘ) ပစ္စည်းသိုလှောင်ရုံများ မီးဘေးလုံခြုံရေးအတွက် စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၂။ ဖြည့်တင်းရေးနှင့်သိုလှောင်ရေးဌာနခွဲ။ရုံးအဖွဲ့၊ ပြည်ပပစ္စည်းဌာနစု၊ ပြည်တွင်းပစ္စည်းဌာနစု၊ လမ်း/အုံ/ယာဉ်ပစ္စည်းဌာနစု၊ ရေနှင့်သန့်ရှင်းမှု
(က) အုပ်ချုပ်မှုဌာနခွဲမှ နှိုးဆော်လာသောရုံးလုပ်ငန်းနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ဦးစီးတာဝန်နှင့်အညီဆောင်ရွက်ခြင်း၊
(ခ ) ဌာနတွင်မရှိသောတည်ဆောက်ရေးနှင့် လမ်းလုပ်ငန်းသုံးပစ္စည်းများအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အမှာစာထုတ်ပေးခြင်း၊
(ဂ ) ဌာနအသီးသီးမှအရေးပေါ်လုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းကိရိယာများကို ဒေသန္တရ ဝယ်ယူရေးအဖွဲ့ဖြင့် တာဝန်ယူရှာဖွေဝယ်ယူဖြည့်တင်းပေးခြင်း၊
(ဃ) ဌာနအသီးသီးအတွက် လိုအပ်သောပြည်တွင်းပြည်ပပစ္စည်းများကို ပစ္စည်းလက်ကျန်အခြေအနေအရ ဝယ်ယူဖြည့်တင်းပေးရန် ပစ္စည်းဝယ်ယူရေးအဖွဲ့သို့ တင်ပြနှိုးဆော်ခြင်း၊
(င ) ပြည်တွင်းပြည်ပမှရောက်ရှိလာသော ပစ္စည်းများအားစာချုပ်နှင့်အမှာစာပါသတ်မှတ်အရည်အသွေးနှင့်အရေအတွက် ပစ္စည်းအမျိုးအမည် မှန်/မမှန်အဖွဲ့ဖြင့် စစ်ဆေး၍ ငွေပေးချေနိုင်ရန် လက်ခံစစ်ဆေးချက်ပုံစံမှတ်တမ်းရေးသွင်းပြီး ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲသို့ အချိန်နှင့်တပြေးညီပေးပို့ခြင်း၊
(စ ) ဝယ်ယူသိုလှောင်ရန် လိုအပ်သောပစ္စည်းစာရင်းများကို ဌာနအသီးသီးမှတောင်းခံ၍ (၁)နှစ်အတွက် လိုအပ်ချက်ကိုစာရင်းပြုစု၍ ခန့်မှန်းချက်များရေးဆွဲတင်ပြခြင်း၊
(ဆ) ဝန်ကြီးဌာနများလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လုပ်ဖြန့်ချိသော ဘိလပ်မြေ၊ အုတ်၊ သစ်၊ သံချောင်းလုံး အစရှိသောပစ္စည်းများအား လုပ်ငန်းလိုအပ်ချက်နှင့်အညီလျှောက်ထားခြင်း၊ ငွေပေးချေ၍ ဝယ်ယူစုဆောင်းခြင်း၊
(ဇ ) သမနှင့်ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများမှ ဝယ်ယူသော ဂဝံ၊ မြေကြီး၊ မြစ်သဲ၊ ကျောက်စရစ်၊ ထုံး၊ လက်အုတ်နှင့် သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများအား အမှာစာထုတ်၍လည်းကောင်း၊ ဒေသန္တရဝယ်ယူရေးအဖွဲ့ဖြင့်လည်းကောင်း၊ အရည်အသွေးပြည့်မီ၍ စျေးနှုန်းသင့်တော်စွာဖြင့် ဝယ်ယူဖြည့်တင်းပေးခြင်း၊
(စျ) ဌာန၏ လိပ်သဲကျောက်များ ထုတ်လုပ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စာချုပ်ချုပ်ဆို၍ အကျိုးတူဆောင်ရွက်ခြင်း၊
(ည) အကျဉ်းဦးစီးဌာနက ရောင်းချပေးသည့် လိပ်သဲကျောက်များကို သက်ဆိုင်ရာကျောက်ထုတ်စခန်းအသီးသီးမှ နေပြည်တော်နယ်နိမိတ်ရှိ လုပ်ငန်းခွင်အသီးသီးသို့ သယ်ယူစုဆောင်းခြင်း၊
(ဋ) သိုလှောင်ရုံတာဝန်ခံများမှ သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများစနစ်တကျထားသိုခြင်း၊ ကြံ့ခိုင်ရေးနှင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ လျော့နည်းပျက်စီး၊ ပျောက်ဆုံး၊ လေလွင့်ခြင်းနှင့် မသမာမှုမပြုလုပ်စေရေး စိစစ်ကြပ်မတ်ထိန်းသိမ်းပေးခြင်း၊ ပစ္စည်းစာရင်း/ ဘင်းကတ်ပြား တို့တွင် စာရင်းရေးသွင်းထားရှိခြင်း၊
(ဌ) သိုလှောင်ရုံတာဝန်ခံများမှ သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများစနစ်တကျထားသိုခြင်း၊ ကြံ့ခိုင်ရေးနှင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ လျော့နည်းပျက်စီး၊ ပျောက်ဆုံး၊ လေလွင့်ခြင်းနှင့် မသမာမှုမပြုလုပ်စေရေး စိစစ်ကြပ်မတ်ထိန်းသိမ်းပေးခြင်း၊ ပစ္စည်းစာရင်း/ ဘင်းကတ်ပြား တို့တွင် စာရင်းရေးသွင်းထားရှိခြင်း၊
(ဍ) ပစ္စည်းတောင်းခံလွှာအပေါ် ဌာနမှူး၏ အတည်ပြုချက်ရရှိသော ပစ္စည်းထုတ်ယူခွင့် စာရွက်စာတမ်းများ စိစစ်မှတ်ပုံတင်ခြင်းနှင့် ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့ မိတ္တူပေးပို့ခြင်း၊
(ဎ) သိုလှောင်ရုံများတွင် ထုတ်ပေးရန် လက်ကျန်လုံလောက်မှုမရှိသော ပစ္စည်းများအား လိုအပ်သလို ဖြည့်တင်းနိုင်ရေး စိစစ်တင်ပြပေးခြင်း၊
(ဏ) ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပစ္စည်းလက်ကျန်စစ်ဆေးခြင်းအား ဆောင်ရွက်ခြင်း၊
(တ) အထုတ်နှေးပစ္စည်းများအတွက် သက်ဆိုင်ရာဌာနများအား ဖိတ်ကြားအစည်းအဝေးပြုလုပ်၍ အသုံးလို/မလို အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်ခြင်း၊
(ထ) ရက်လွန်၊ အသုံးမလို၊ ပြန်ပို့ပစ္စည်းဟောင်းများ လေလံတင်ရောင်းချနိုင်ရေး စာရင်းပြုစု မှတ်တမ်းတင်ထားရှိခြင်း၊
(ဒ) သိုလှောင်ရုံများသို့ရောက်ရှိလာသော ပစ္စည်းများအား အမှာစာပါပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အရည်အသွေး မှန်ကန်မှုရှိစေရေး ပစ္စည်းလက်ခံစစ်ဆေးရေးအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးလက်ခံခြင်း၊
(ဓ) ပစ္စည်းထုတ်ပေးပြေစာနှင့်တကွ ခွင့်ပြုချက်ရရှိပြီး ပစ္စည်များကို စနစ်တကျ စိစစ်ထုတ်ပေးခြင်း။