နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနက ကြီးကြပ်ကွပ်ကဲလျက်ရှိသော ဘောဂသီရိ အဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်း အငှားချထားပေးသည့် ဆိုင်ခန်းများ၏ လစဉ် ဆိုင်ခန်းလခများမှာ အောက်ပါ အတိုင်းဖြစ်ပြီး လစဉ်လဆန်း(၁ဝ)ရက်နေ့ နောက်ဆုံးထား၍ ယာဉ်ရပ်နားစခန်း အတွင်းရှိ ကွပ်ကဲရေးရုံးသို့ ပေးသွင်းရပါသည်။ သတ်မှတ်ရက် ကျော်လွန်မှပေးသွင်း ပါက ရက်လွန်ဒဏ်ကြေးအဖြစ် ၁ ရက်လျှင် ဆိုင်ခန်းလခ၏ (၁ %)ကိုပါ လခနှင့်အတူ ပေးဆောင်ရပါသည်-
စဉ် | ဆိုင်ခန်းအမျိုးအမည် | ဆိုင်ခန်းလခ(ကျပ်) |
---|---|---|
(က) | ပွဲရုံဆိုင်ခန်း | ၃ဝ,ဝဝဝ |
(ခ) | ကားဂိတ်ဆိုင်ခန်း | ၂ဝ,ဝဝဝ |
(ဂ) | စားသောက်ဆိုင်ခန်း | ၁၅,ဝဝဝ |
(ဃ) | ယာဉ်ပြင်အလုပ်ရုံဆိုင်ခန်း | ၂ဝ,ဝဝဝ |
(င) | ရေဆေးခုံနှင့်အလုပ်ရုံဆိုင်ခန်း | ၁၂,ဝဝဝ |