nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
မြို့တော်ဂေါက်ကွင်း

မြို့တော်ဂေါက်ကွင်း၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ ကော်မတီမှချမှက်ပေးထားသော လုပ်ငန်းတာဝန်များကို ကွင်းတာဝန်ခံမှတာဝန်ခံ၍ အောင်မြင်အောင်ဆောင်ရွက်ရန်၊
၂။ မြို့တော်ဂေါက်ကွင်းလုပ်ငန်းကိစ္စအဝဝ အကောင်အထည်ဖော်အောင်မြင်ရန်အတွက် ကြပ်မတ် လမ်းညွှန် ဆောင်ရွက်ရန်၊
၃။ ဝန်ထမ်းများဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စည်းကမ်းတကျရှိစေရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ရန်၊
၄။ မြို့တော်ဂေါက်ကွင်းအသင်းသားများ ဂေါက်ကွင်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အကျင့်သိက္ခာ ရှိစေရေး နှင့် အဆင့်အတန်းမြင့်မားစေရေးအတွက် ကွပ်ကဲထိန်းသိမ်းဆောင်ရွက်ရန်၊
၅။ မြို့တော်ဂေါက်ကွင်း အဆင့်မြှင့်တင် မွမ်းမံပြင်ဆင်မှုအား သက်ဆိုင်ရာကော်မတီဝင်မှတဆင့် ဥက္ကဌ(မြို့တော်ဝန်)ထံ တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရန်၊
၆။ပြည်တွင်း၊ ပြည်ပ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဂေါက်သီးရိုက်ပြိုင်ပွဲ ပြုလုပ်လိုပါက အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်၊
၇။မြို့တော်ဂေါက်ကွင်း၏ ဝင်ငွေနှင့်ဌာနပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊
၈။မြို့တော်ဂေါက်ကွင်း၏ အဆင့်အတန်းတိုးတက်သည်ထက် တိုးတက်အောင် အမြဲကြံဆ ဆောင်ရွက်ရန်၊
၉။ကော်မတီမှ လိုအပ်၍ ပေးအပ်လာသည့် အခြားတာဝန်ဝတ္တရားများအား ထမ်းဆောင်ရန်။

ရည်ရွယ်ချက်

နေပြည်တော်ရှိ နိုင်ငံတော်ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ စျေးနှုန်းသက်သာစွာဖြင့် ဂေါက်သီးရိုက် ကစားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ချမ်းသာ ပျော်ရွင်စေရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးစေရေး၊ နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရေး၊ ထူးချွန်ထက်မြက်သော ဂေါက်သီးရိုက် ကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်တွင်းပြည်ပမှ ဂေါက်သီးရိုက် ကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် မြို့တော်ဂေါက်ကွင်းအား တည်ထောင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

တည်နေရာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဂေါက်ကွင်း၏

အရှေ့ဘက်၌ချောင်းမကြီးဆည်
အရှေ့တောင်ဘက်၌လျှပ်စစ်စွမ်းအား၀န်ကြီးဌာန၊ ပြည်သူ့လွှတ်တော်အဆောက်အအုံ
တောင်ဘက်၌ပညာသိဒ္ဓိရပ်ကွက်
အနောက်တောင်ဘက်နှင့်အနောက်ဘက်၌ နန်ချွန်ကျေးရွာနှင့် ငလိုက်ချောင်း
မြောက်ဘက်၌ချောင်းမကြီးဆည်

မြို့တော်ဂေါက်ကွင်းသမိုင်း

မြို့တော်ဂေါက်ကွင်း ဧရိယာသည် သစ်တောပိုင် မြေနေရာ ဖြစ်သော်လည်း ၂၀၀၆ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲမှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနကို ဂေါက်ကွင်းဖောက်လုပ်ရန် ညွှန်ကြားခဲ့သည့်အတွက် (၁၄-၂-၂၀၀၆)ရက်နေ့မှ စတင်၍ အထူးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဥက္ကဌ၊ ဝန်ကြီးဦးသိန်းညွန့်နှင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်တို့ဦးစီး၍ စည်ပင်သာယာရေး ဦးစီးဌာန အင်ဂျင်နီယာအဖွဲ့များ ပူးပေါင်းပြီး ဖောက်လုပ်ခဲ့ပါသည်။ မြေအကျယ်အဝန်း (၄၃၉)ဧကတွင် ရှိသောမြို့တော်ဂေါက်ကွင်း ဂေါက်သီးရိုက် လေ့ကျင့်ရေး ကွင်းအား (၄-၁-၂၀၀၇)ရက်နေ့တွင် လည်းကောင်း၊ ဂေါက်ကွင်းပထမ(၉)ကျင်းအား (၂၅-၃-၂၀၀၇)ရက်နေ့တွင် လည်းကောင်း၊ ဒုတိယ(၉)ကျင်းနှင့် ကလပ်(၁)အဆောက်အအုံတို့အား (၂-၁၂-၂၀၀၇)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ပါသည်။