nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
ရာပြတ်ဌာန

ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်မြေယာနှင့် အဆောက်အအုံများကို ဥပဒေပြဌာန်းချက်နှင့်အညီ ပစ္စည်းခွန်စည်းကြပ်နိုင်ရေး တွက်ချက် ဆောင်ရွက်ခြင်း၊
၂။စက်ရုံ၊အလုပ်ရုံများ စီးပွားရေးအဆောက်အအုံများအပေါ် ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊
၃။ဟိုတယ်၊ မိုတယ်၊ အင်းများ ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊
၄။ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သော အဆောက်အအုံ၊ စက်မှုလုပ်ငန်းများအပေါ် ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း၊
၅။အထပ်မြင့်အဆောက်အအုံများအား ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊
၆။ငှားရမ်းထားသော အဆောက်အအုံများအား ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊
၇။နိုင်ငံခြားငွေဖြင့် လုံးချင်းငှားအဆောက်အအုံများအား နိုင်ငံခြားငွေဖြင့် ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊
၈။အတည်ပြုပြီးသော ခွဲပုံစာရင်းအရ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများပေါ်တွင် စည်းကြပ်သည့်ပစ္စည်းခွန်များအတွက် နှိုးဆော်စာရေးသားထုတ်ဝေ ခြင်း၊
၉။အဆောက်အအုံသစ်များအား အခွန်စည်းကြပ်ခြင်း၊ ဖျက်သိမ်းသောအဆောက်အအုံများအတွက် အခွန်ပယ်ဖျက်ခြင်း၊ အဆောက်အအုံများကို တိုးချဲ့ပြင်ဆင်ခြင်းများအား အခွန်ငွေတိုးရရှိရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်း၊
၁၀။အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံမရရှိသောပြေစာများအား စိစစ်ဆောင်ရွက်ခြင်း၊
၁၁။ဌာန၏ရသုံးမှန်းခြေငွေစာရင်းများကို ရေးဆွဲတင်ပြခြင်း၊
၁၂။နှစ်စဉ်ပစ္စည်းခွန်စည်းကြပ်ရရှိမည့် ခန့်မှန်းခြေနှင့် ပစ္စည်းခွန်ဝင်ငွေစာရင်းခန့်မှန်း ပြုစုတင်ပြခြင်း၊
၁၃။စာရင်းအင်းနှင့် ခွဲဝေပုံစာရင်းချုပ်များ စိစစ်ခြင်း၊
၁၄။အခွန်ထမ်းအမည်များ ပြောင်းလဲပေးရခြင်း၊
၁၅။အဆောက်အအုံများ နံပါတ်သတ်မှတ်ခြင်း၊

ပစ္စည်းခွန်(property Tax)၏ အဓိပ္ပါယ်

ပစ္စည်းခွန်ဆိုသည်မှာ မရွှေ့မပြောင်းနိုင်သော မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ မြေနှင့်အဆောက်အအုံဖြစ်စေ၊ ၄င်းတို့၏ နှစ်စဉ်စံငှားရမ်းခ တန်ဖိုးအပေါ် သတ်မှတ် သော ရာခိုင်နှုန်းဖြင့် ကောက်ခံသော အခွန်ကိုဆိုသည်။ ယင်းစကားရပ်တွင် အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် (သန့်ရှင်းရေးခွန်)တို့ ပါ၀င်သည်။

ပစ္စည်းခွန်(property Tax)စည်းကြပ်ရသည့် ရည်ရွယ်ချက်

နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အများပြည်သူလူထုကျန်းမာပျော်ရွင်ရေး၊ မြို့ပြဆိုင်ရာဖွံ့ဖြိုး တိုးတက်စည်ပင်ရေး၊ မွေးသည်မှသေဆုံး သည်အထိ အဆင်ပြေပြေ နေထိုင်သွားလာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ သောက်သုံးရေရရှိရေး၊ ပန်းခြံများတည်ဆောက်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များကို အထိုက်အလျှောက်ကာမိစေရန် ပစ္စည်းခွန်စည်းကြပ် ကောက်ခံရခြင်း ဖြစ်ပါသည်။

နှစ်စဉ်တန်ဖိုး

နှစ်စဉ်တန်ဖိုးဆိုသည်မှာ ပစ္စည်းခွန်စည်းကြပ်မည့်မြေနှင့် အဆောက်အအုံများကို မည်သည့်အသုံးအဆောင်ပရိဘောဂမျှမပါ၀င်ဘဲ ငှားရမ်းပါက တစ်နှစ်အတွက် ရရှိနိုင် မည်ဟု မျှော်မှန်းထားသော တန်ဖိုးငွေကိုဆိုသည်။ ယင်းစကားရပ်တွင် ပစ္စည်းခွန်စည်းကြပ်မည့်မြေနှင့် အဆောက်အအုံ၏တန်ဖိုးအပေါ် ကော်မတီကအခါအားလျော်စွာ သတ်မှတ်ပေးသည့် ရာခိုင်နှုန်းအရ ရရှိလာမည့်တန်ဖိုးငွေလည်းပါ၀င်သည်။