nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • Registering Property Indicator
လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန

နေပြည်တော်စည်ပင်သာယာရေးကော်မတီကို (၁.၆.၂၀၀၆) ရက်နေ့တွင် ကော်မတီရုံးအပါအဝင်ဌာနပေါင်း(၂၁)ခုဖြင့်စတင်ဖွင့်လှစ်ခဲ့ရာ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန လည်းပါဝင်ခဲ့ပါသည်။လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနအနေဖြင့် လက်ရှိတွင်ဖွဲ့စည်းပုံအင်အား၏ ထက်ဝက်ခန့်အင်အားဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်ဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျှက်ရှိပါသည်။

လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ နေပြည်တော်မြို့တော် ရေပေးဝေရေးလုပ်ငန်းတွင် အသုံးပြုလျက်ရှိသည့် ရေလှောင်ကန်ကြီးများ၊ ရေကန်များ၏ကန့်သတ်နယ်မြေများအတွက် အဆောက်အဦများဆောက်လုပ်ခြင်း၊ ဝင်းအကာအရံများကို ဖယ်ရှားခြင်း၊ အခြားနည်းလမ်းများဖြင့် အနှောင့်အယှက်ပြုခြင်းများကို ဖယ်ရှားတားဆီးခြင်း။
၂။ နေပြည်တော်မြို့တော် ရေပေးဝေရေးလုပ်ငန်းတွင် အသုံးပြုလျက်ရှိသည့်ရေလှောင်ကန်ကြီးများ၊ လျိုပိတ်တမံများ၊ ရေကန်များအတွင်းရေညစ်ညမ်းအောင် ပြုလုပ်ခြင်း၊ ရေလှောင် ကန်ကြီးများ၊ ရေကန်များ၏ဝင်းနှင့် ဆက်စပ်လျက်ရှိသည့် မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြေမျက်နှာပြင်ကို ပြောင်းလဲစေအောင်မြေတူးယူခြင်း၊ ပစ္စည်းများစုပုံထားရှိခြင်း၊ ရေကန်၊ ရေလှောင်ကန်များအတွင်း တိရိစ္ဆာန်များထိန်းကျောင်းခြင်း၊ ငါးမျှားခြင်း၊ ပစ္စည်းတစ်စုံတစ်ရာစွန့်ပစ်ခြင်း၊ ရေချိုးခြင်း၊ ယာဉ်နှင့်တိရိစ္ဆာန်များဆေးကြောခြင်းကို တားဆီးခြင်း။
၃။ နေပြည်တော်စည်ပင်သာယာရေးကော်မတီခန်းမနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းထားရှိသော အဆောက်အအုံများ၊ စျေးများ၏ လုံခြုံရေးဆောင်ရွက်ပေးခြင်း။
၄။ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲဆောက်လုပ်သည့် အဆောက်အဦ(သို့မဟုတ်) ပြန်လည်ဆောက်လုပ်မည့်အဆောက်အဦတွင်နေထိုင်သူများအား(သို့မဟုတ်)အသုံးပြုသူများအားဖယ်ရှားပေးခြင်း၊ ရုံး၏အကြီးအကဲကညွှန်ကြားလျှင် နေထိုင်အသုံးပြုသူများအား ဖယ်ရှားပေးခြင်း၊ ဖယ်ရှားပြီး အဆောက်အဦသို့ ပြန်လည် မဝင်ရောက်နိုင်ရေးအတွက် အရေးယူဆောင်ရွက်ခြင်း၊ နေထိုင်အသုံးပြုသူများသည်အိမ်ငှားဖြစ်ပါက ရက်သတ္တပတ်(၁၀)ပတ် ကြိုတင်နို့တစ်စာပေးပြီးနောက် ဖယ်ရှားခြင်းစသည့်များကို ဆောင်ရွက်ခြင်း။
၅။ နေပြည်တော်မြို့တော်စည်ပင်သာယာရေးကော်မတီ အက်ဥပဒေအရ ပြဌာန်းထားသည့် ပြစ်မှုအရပ်ရပ်ကို ကျူးလွန်သူများအနက် အမည်နှင့်နေရပ်လိပ်စာ မသိရှိနိုင်သောပြစ်မှုကျူးလွန်သူများ၊ အမည်နှင့်နေရပ်လိပ်စာ ပေးသော်လည်းဖြေရှင်းရန်ငြင်းကွယ်သော ပြစ်မှုကျူးလွန်သူများ၊ အမည်နှင့်နေရပ်လိပ်စာမပေးသော ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရန် အမည်နှင့်နေရပ်လိပ်စာ အမှန်ရှိပြီးပါကဆက်လက်ချုပ်နှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာတရားသူကြီးအမိန့်မပါရှိဘဲ (၂၄)နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်းမပြုရန်ကြပ်မတ်ခြင်း။
၆။ နေပြည်တော်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အများပြည်သူဆိုင်ရာ လမ်းများတွင် လမ်းအသွားအလာပိတ်ဆို့စေမည့် အရာဝတ္တုများ၊ လမ်းဘေးရှိရေမြောင်းများပေါ်တွင် ကျူးကျော်ထားရှိသော အရာ ဝတ္ထုများအား ကော်မတီမှညွှန်ကြားလျှင်ဖယ်ရှားပစ်ခြင်း။
၇။ ကော်မတီနယ်နိမိတ်အတွင်း စည်းကမ်းမဲ့စျေးသည်များ၊ လိုင်စင်စည်းကမ်းဖောက်ဖျက်စျေးသည်များ စျေးမရောင်းရနယ်မြေ၌ ရောင်းချသည့်စျေးသည်များ၊ စျေးရောင်းရန်သတ်မှတ်ပေးသောနေရာ၌ သတ်မှတ်ချိန်အတိုင်း လိုက်နာမှုမရှိသော စျေးသည်များကို ဖမ်းဆီး အရေးယူခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း။
၈။ ကော်မတီနယ်နိမိတ်အတွင်း စည်းကမ်းမဲ့သွားလာသည့်ယာဉ်များအား ဖမ်းဆီးအရေးယူခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း။
၉။ နေပြည်တော်စည်ပင်သာယာရေးဥပဒေအရ ပြဌာန်းထားသောဥပဒေ၊ နည်းဥပဒေနှင့်စည်းကမ်းအမိန့်များအပေါ် ဖောက်ဖျက်သူများရှိပါက သက်ဆိုင်ရာဌာနများမှ ညှိနှိုင်း၍ ပူးပေါင်းအရေးယူဆောင်ရွက်ခြင်း။
၁၀။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာပေးအပ်သည့် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးများဆောင်ရွက်ခြင်း။

လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ နေပြည်တော်မြို့တော်ခန်းမ၊ နေပြည်တော်စည်ပင်ဝန်ထမ်းအိမ်ရာ၊ ချောင်းမကြီးဆည်၊ MICC-I ၊ MICC-II တို့တွင် ဖြန့်ခွဲ၍ နေ့/ညလုံခြုံရေးတာဝန်များချထားဆောင်ရွက်ခြင်း။
၂။ နေပြည်တော်ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၁၁)နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ်(၇၁/၂၀၁၁)နှင့် အမိန့်ကြော်ငြာစာ (၁၀၅/၂၀၁၂)ဖြင့်ထုတ်ပြန်ထားရှိသောမော်တော်ယာဉ်ပိုင်ရှင်များ၊ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် လမ်းအသုံးပြုသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ မော်တော်ဆိုင်ကယ်(ကယ်ရီ)မောင်းနှင်သူများလိုက်နာရမည့်စည်းကမ်းချက်များအားသက်ဆိုင်ရာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖြင့် ပူးပေါင်းအရေးယူဆောင်ရွက်ခြင်း။
၃။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်အမှတ်၊ (၁-က/၂၀၁၂)ဖြင့်ထုတ်ပြန်ကြေငြာထား ရှိသော နေပြည်တော်နယ်နိမိတ်အတွင်း သဘာဝအလျောက်ပေါက်ရောက်နေသည့် သစ်ပင်များ၊ လူတို့စိုက်ပျိုးထားရှိသော နှစ်ရှည်ပင်၊ သီးပင်စားပင်များ၊ကော်မတီပိုင်အပင်များမှ အသီး၊ အပွင့်၊ အရွက်၊ အကိုင်း၊ အခက်များအား ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ခြင်း၊ ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းခြင်း၊ ခုတ်လှဲခြင်း၊ ခူးယူခြင်း၊ ပျက်စီးစေခြင်းများ၊ စီးပွားရေးအလို့ငှာပျိုးခြံတည်ထောင်ခြင်း၊ ပျိုးပင်အရောင်းဆိုင်ဖွင့်လှစ်ခြင်းများ၊ ကော်မတီမှ ထိန်းသိမ်းထားသောပန်းဥယျာဉ်များ၊ ရှုခင်းများ၊ ပျိုးခြံများ၊ ကွက်လပ်မြေများ၊ အားကစားကွင်းများနှင့် တပ်ဆင်ထားသော မည်သည့်ပစ္စည်းများကိုမဆိုတစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း၊ တူးဆွခြင်း၊ ထိခိုက်စေခြင်း၊ပျက်ဆီးချို့ယွင်းအောင်ပြုလုပ်ခြင်းများအား သက်ဆိုင်ရာပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနနှင့် ပူးပေါင်း၍အရေးယူဆောင်ရွက်ခြင်း။
၄။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်အမှတ်(၄၈၅/၂၀၁၂)ဖြင့်ထုတ်ပြန် ထားရှိသော ကျွဲ၊ နွား၊ တိရစ္ဆာန်များမွေးမြူသူတို့ လိုက်နာဆောင်ရွက်ရမည့်အချက်များအပေါ် လိုက်နာရန်ပျက်ကွက်ပါကတိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနနှင့်ပူးပေါင်းအရေးယူဆောင်ရွက်ခြင်း။
၅။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာ (၁၈/၂၀၁၁)ဖြင့် ထုတ်ပြန်ထားရှိသော သတ်မှတ်ခွင့်ပြုထားခြင်းမရှိသည့် နေရာများတွင် တရားမဝင်ဖွင့်လှစ် ထားသောဆိုင်များ၊ လမ်းဘေးစျေးဆိုင်များအား သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးရုံးများနှင့် ပူးပေါင်းအရေးယူဆောင်ရွက်ခြင်း။
၆။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၃၀-၃-၂၀၀၆)ရက်စွဲပါစာအမှတ်၊၀၀၇/၀၈-နပတ (မတဝ)၊ (၂၇-၁၀-၂၀၀၆) ရက်စွဲပါစာအမှတ်၊ ၀၂၉/၁-၁/ နပတ (ကော်မတီ)၊ (၁၄-၇-၂၀၀၈)ရက်စွဲပါစာအမှတ်၊၀၀၈/၀၈-နပတ(မတဝ) တို့ဖြင့်ထုတ်ပြန်ထားရှိသည့် အမိန့်များတွင်ပါရှိသော နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်မြေရှိ အစိုးရအိမ်၊ အိမ်ခန်းတွင်နေထိုင်ခွင့်ရရှိသူများနှင့် လူပျို၊ အပျိုဆောင်များတွင်နေထိုင်ခွင့်ရရှိသူများလိုက်နာရန်ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအပေါ် မလိုက်နာသည့်ဝန်ထမ်းများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
၇။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်အမှတ်(၄၃/၂၀၁၂)နှင့် အမိန့်ကြော်ငြာစာ အမှတ်(၈၂/၂၀၁၃)တို့ဖြင့် ထုတ်ပြန်ထားသော ကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ လမ်းမြေ၊ အရန်မြေနှင့်စီမံကိန်းမြေများပေါ်တွင်၊ ကော်မတီ၏ခွင့်ပြုချက်မရဘဲအဆောက်အအုံများ၊ နေအိမ်များ၊ တဲများနှင့်ပစ္စည်းများကိုကျူးကျော် ဆောက်လုပ်ထားခြင်း၊ စုပုံထားရှိခြင်းများတွေ့ရှိပါက နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနှင့်ပူးပေါင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဥပဒေအရ ရှင်းလင်းခြင်း၊
၈။ နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း တောင်းရမ်းစားသောက်သူ၊ စိတ်ဝေဒနာခံစား၍ လျှောက်သွားနေသူများအား သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် ပူးပေါင်းခြင်းရှင်းလင်းခြင်း၊
၉။ နိုင်ငံတော်အကြီးအကဲနှင့် နေပြည်တော်သို့လာရောက်သည့် ဧည့်သည်တော်များ လမ်းကြောင်းတစ်လျှောက်နှင့် နိုင်ငံတော်အဆင့်အခမ်းအနားလမ်းကြောင်းများ တစ်လျှောက်စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ကျူးကျော်ဆိုင်များ၊ အနှေးယာဉ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းရှင်းလင်းဆောင်ရွက်ခြင်း၊
၁၀။ ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
၁၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ အခြားဌာနများမှ ညှိနှိုင်းတောင်းခံလာမှုအပေါ် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
၁၂။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာပေးအပ်သည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း၊၊

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန၏ လုပ်ငန်းတာဝန်များအား ဌာနမှူးဦးသက်နှင်းဦးမှ တာဝန်ခံဆောင်ရွက်သူဖြစ်ပါသည်။ ရုံးဖုန်းနံပါတ်မှာ ၀၆၇-၄၁၄၅၉၁ ဖြစ်ပြီး လက်ကိုင်ဖုန်းနံပါတ်မှာ ၀၉-၈၃၀၂၇၁၉ ဖြစ်ပါသည်။အထက်တွင်တင်ပြထားသည့်အချက်အလက်များမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန၏လုပ်ငန်းတာဝန်များအနက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီစတင်ဖွဲ့စည်းသည့် ၂၀၀၆ခုနှစ်မှ ယနေ့အချိန်အထိကာလအတွင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အခြေအနေများဖြစ်ပါသည်။နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ဌာနအပေါ်သတ်မှတ်ပေးထားသည့်လုပ်ငန်းတာဝန်များအား အရှိန်အဟုန်ဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။