nptdc title

Language »  English | Myanmar

စက်ရုံနှင့်မော်တော်ယာဉ်ဌာန
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပစေရန်နှင့် မြို့နေပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်စေရန် အတွက် သီရိ(၅)မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်များမှ နေအိမ်များ၊ ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စီးပွားရေးအဆောက်အအုံများနှင့် စားသောက်ဆိုင်များမှ ထွက်ရှိလာသော ရေဆိုး(Sewage Water)များအား သိမ်းဆည်းခြင်း၊ သန့်စင်ခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရေပုပ်စုပ်ယာဉ်ငှားရမ်းခြင်းအတွက် ဆက်သွယ်ရန်ဌာနနှင့် ဖုန်းနံပါတ်များ

ရေပုပ်စုပ်ယာဉ်ငှားရမ်းခြင်းအတွက် အောက်ပါဌာနများတွင် လျှောက်လွှာပုံစံများ (အခမဲ့)ထုတ်ယူလျှောက်ထားနိုင်ပါသည်-

စဉ် ၀န်ဆောင်မှုပြုသည့်မြို့နယ် လျှောက်လွှာထုတ်ယူရန်ဌာန တယ်လီဖုန်းအမှတ်
၁။ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာန ၀၆၇-၄၃၂၀၈၃
ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ် ၀၆၇-၄၃၂၀၃၈
၂။ တပ်ကုန်းမြို့နယ် တပ်ကုန်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ၀၆၇-၈၀၇၀၀၀၄
၃။ လယ်ဝေးမြို့နယ် လယ်ဝေးမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ၀၆၇-၈၀၃၀၀၀၇
၄။ ပျဉ်းမနားမြို့နယ် ပျဉ်းမနားမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ၀၆၇-၈၀၂၂၀၄၄

ရေပုပ်စုပ်ယာဉ်နှင့် ပတ်သတ်သောကိစ္စများ သိရှိလိုပါက အထက်ဖော်ပြပါသက်ဆိုင်ရာ မြို့နယ်အလိုက်ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။
၂။ သီရိ(၅)မြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များတွင် နေထိုင်သည့် ပြည်သူလူထုထံသို့ ရေပုပ်စုပ်ယာဉ် (၅)စီးဖြင့် အခပေးစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်မှု-
စဉ် မြို့နယ် ခေါက်ရေ ဘဏ်သွင်းငွေ
(က) ပျဉ်းမနားမြို့နယ် ၂၃ ၅၄၅၁၀ဝိ/-
(ခ) တပ်ကုန်းမြို့နယ် ၉၄၈၀ဝိ/-
(ဂ) လယ်ဝေးမြို့နယ် ၉၄၈၀ဝိ/-
(ဃ) ဇမ္ဗူသီရိမြို့နယ် ၂၀ ၄၇၄၀၀ဝိ/-
စုစုပေါင်း ၅၁ ၁၂၀၈၇၀ဝိ/-
ပြည်သူလူထုသို့ ရေပုပ်စုပ်ယာဉ်လုပ်ငန်းဆောင်ရွက်ပေးနေပုံ


ဧည့်ရိပ်သာနှင့်ဟိုတယ်ဇုံ၌ ရေပုပ်စုပ်ယာဉ်လုပ်ငန်းဆောင်ရွက်ပေးနေပုံ